#Local_News
Published -11 Jan 2025
▪️ အကြမ်းဖက်သမားများဖျက်ဆီးမှု၊ အချို့စက်ရုံများ စွမ်းအားပြည့် မလည်ပတ်နိုင်မှု၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးမှုတွင် အခက်အခဲရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
▪️ ဇန်နဝါရီလ ၁၀ ရက်တွင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးစဉ် ယင်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ နစကအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာသည် မိုးရွာရက်နည်းသည့်ဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း ယင်းကဆိုသည်။
▪️ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်၍ရသည့်ဆိုလာစနစ်ကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီးလုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင်ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ၎င်းကပြောကြားခဲ့သည်။
#Yangon -Times/ PP
#Local_News
Published_11 Jan 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်Aliance ငွေစုငွေချေးရုံးမှငွေများကို ဧည့်စာရင်းလာစစ်သည့်အဖွဲ့များ ကတံခါးဖျက်ယူ ဆောင်သွားခဲ့ကြောင်း လီဆယ်သတင်းပို့ခဲ့သူများအား ဖမ်းဆီးခဲ့ကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ ဇန်နဝါရီလ ၉ ရက် တွင်ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဦးဇော်ဇော်အောင်က ရပ်ကွက်ကြီး (၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေ ချေး ရုံးသို့ ရောက်ရှိစဉ် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)၊ သာယာကုန်း ကျေးရွာနေ အသက် ၅၉ နှစ်အ ရွယ် ရုံးညစောင့်ဦးခင်မောင်ကြည်ပြောပြ ချက် အရ ဇန်နဝါရီလ ၈ ရက် ည ၁၂ နာရီခွဲ(ဇန်နဝါရီလ ၉ ရက်နံနက်)တွင် အနက်ရောင်ဘောင်းဘီ ရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူအမည်မသိအမျိုးသား ၂ ဦးက ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစားအဖြူရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေးမည်ဟု ပြောဆို၍ ရုံးခြံဝင်းအတွင်းသို့ဝင်လာကာ ရုံးပြူတင်းပေါက်ကို သံပန်းတံခါးသံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာ ငွေ(၁၀၀,၃၀၂,၄၀၀)ကျပ်ထည့် ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံးနှင့် ရုံးအတွင်း တပ်ဆင်ထားသည့် CCTV ကြိုးများကို ဖြတ်တောက်၍ CCTV မှတ်တမ်းအထိုင်စက်တို့ကို ယူဆောင်သွားခဲ့ကြောင်းသိရှိရ၍ ပြင်ဦးလွင်မြို့ မရဲစခန်းသို့ လာရောက်သတင်းပို့တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ကျူးလွန်သူများအား ဖမ်းဆီး ရမိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ ဖြင့် အမှုဖွင့်၍ ညစောင့် ဖြစ်သူ ဦးခင်မောင်ကြည်အား စစ် ဆေးရာ ဇန်နဝါရီလ ၈ ရက်ည ၉ နာရီခွဲတွင် Aliance ငွေစုငွေချေးရုံးရှေ့သို့ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၉)၊ ငါးရံ့ချောင်းကျေးရွာနေ အောင်ကိုကို(၃၃)နှစ်နှင့် ချေးငွေတာဝန်ခံဖြစ်သူ ရပ်ကွက်ကြီး (၂၁)နေ ငြိမ်းချမ်းဖြိုး(ခ)အိုက်ပီး(၂၈)နှစ်တို့နှစ်ဦးက မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးခန်းအ တွင်းရှိ မီးခံသေတ္တာကို ခိုးယူမည်ဖြစ် ကြောင်း၊ အောင်မြင်ပါက ငွေကျပ်သိန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း၊ တာ ဝန်ရှိသူများမေးမြန်းပါက ဧည့်စာရင်းလာရောက်စစ်ဆေးသည့်အဖွဲ့များက ခြိမ်းခြောက်ယူဆောင်သွားခဲ့သည်ဟု လီဆယ်ထွက်ဆိုပေးရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကြောင်း၊ ယုတ္တိရှိစေရန် ၎င်းအား လက်နှင့် ခြေ ထောက် တို့ကို တိပ်အပြာဖြင့် ပတ်ထားခဲ့ပြီး ရုံးအတွင်းရှိ မီးခံသေတ္တာ ၁ လုံးနှင့် CCTV အထိုင်စက်တို့ကို ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
▪️ လုပ်ငန်းအောင်မြင်ပါက ၎င်းအား ငွေကျပ်သိန်း ၁၅၀ ပေးမည်ဟု အောင်ကို ကိုတို့ ၂ ဦးက မက်လုံးပေးစည်းရုံး ထား သဖြင့် မန်နေဂျာ ဖြစ်သူ ဦးဇော်ဇော်အောင်ထံ ဖြစ်စဉ်ကို အမှန်အတိုင်း တင်ပြခြင်းမရှိဘဲ ၎င်းကိုယ်တိုင် ပါဝင်ပူးပေါင်းကျူးလွန်၍ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ကာ လုံခြုံရေးအဖွဲ့ အစည်း များအပေါ်အများပြည်သူလူထုထင်ယောင်ထင်မှားဖြစ်စေရန်လီဆယ်ထိန်ချန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ခင်မောင်ကြည်၏ထွက်ဆိုချက်အရ ဇန်နဝါရီလ ၉ ရက်ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦး လွင်မြို့၊ စံပယ်လမ်း နှင့် နဝရတ်လမ်းထောင့်၌ အဆိုပါငွေစု ငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ အောင်ကိုကို၊ ငွေချေးတာဝန်ခံဖြစ်သူ ငြိမ်းချမ်းဖြိုး(ခ) အိုက်ပီးနှင့် မီးခံသေတ္တာအတွင်းမှ ငွေများထုတ်ယူရရှိနိုင်ရေး သော့တု ဖြင့် ဖွင့်လှစ်ပေးသူ ရပ် ကွက်ကြီး (၇)နေ ဆန်းအေး(ခ)ကာဒရ်ဘိုင်(၅၂)နှစ် တို့ ၃ ဦးအား ငွေ (၉၉,၇၀၂,၄၀၀) ကျပ်၊ LECCO တံဆိပ် ပါ မီးခံသေတ္တာ ၁ လုံး၊ ရုံးသုံးလက်တော့ ၂ လုံး၊ ရုံးသုံးကြိုးဖုန်း ၁ လုံး၊ ရုံးသုံး CCTV ၃ လုံး၊ အစိမ်းရောင်တိပ် ခွေ ၁ ခု၊ ကတ်ကြေး ၁ လက်၊ ရုံးသုံး Tablet ၁ လုံး၊ ကျောပိုးအိတ် ၂ လုံး နှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုမောင်းနှင်ခဲ့သည့် ယာဉ်အမှတ် 1E/2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ အောင်ကိုကိုပါ ၃ ဦးနှင့် ပူးပေါင်းကျူးလွန်သူ ဆန်းအေး(ခ)ကာဒရ်ဘိုင်တို့ ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 10 January 2025
၁။ စက်သုံးဆီအားလုံးစျေးပြန်တက်၊ 92တစ်လီတာကျပ် ၃,၀၀၀ကျော် ပြန်ဖြစ်လာ
၂။ ရုပ်ရှင်လောကသားများအတွက် ယခုလတတိယပတ်တွင် စားသောက်ကုန်များထောက်ပံ့မည်
၃။ ညအအေးပိုပြီး နေ့အပူချိန်များနိုင်သောကြောင့် မီးသတိပြုရန်လိုဟုဆို
၄။ ကိုယ်တွင်းအမြှေးပါး အသားပိုရှာဖွေရေး AIနည်းပညာသစ်အား တရုတ်ကုမ္ပဏီ Tencent မှထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 January 2025
▪️ မြန်မာနိုင်ငံမှ အရပ်အမြင့်ဆုံးဘောလီဘောကစားသမားကိုေကာင်းညွန့်ေဝအတွက် ဂျာမနီနိုင်ငံမှ အထူးချုပ်ဖိနပ်များကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှတဆင့်လှူဒါန်းခဲ့ကြောင်း အဆိုပါသံရုံးက ယနေ့ထုတ်ပြန်ထားသည်။
▪️ အရပ်အမြင့် ၂.၁၅ မီတာ (၇ ပေ ၁ လက်မ)ရှိသည့် ကိုကောင်းညွန့်ဝေ၏ ဖိနပ်ဆိုက်မှာလည်း ကြီးမားလှသောကြောင့် ၎င်းဝတ်ဆင်ရန်အတွက် ဖိနပ်များကိုကမ္ဘာတစ်ဝှမ်းမှ အရပ်ရှည်သူများအတွက် ဖိနပ်ဆိုက်အရွယ်အစား ၄၇ မှ ၇၀ အတွင်း အထူးကျွမ်းကျင်စွာထုတ်လုပ်သူ ဂျာမန်လူမျိုး Georg Wessels ၏အထူးချုပ်ဖိနပ်များကိုလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ Georg Wessels သည်တူရကီ၊ ဗင်နီဇွဲလားရှိ အရပ်ရှည်သူများအပြင် အာရှနှင့် အာဖရိကနိုင်ငံများရှိ အရွယ်အစားကြီးသော ဖိနပ်ဆိုက်လိုအပ်နေသူများအတွက် ချုပ်လုပ်လှူဒါန်းခဲ့ကာ မြန်မာနိုင်ငံရှိ ပုံမှန်ထက်အရပ်ရှည်နေသူများအတွက်လည်း အထူးချုပ်ဖိနပ်များကို နှစ်အတော်ကြာကပင် စတင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊၎င်းလှူဒါန်းခဲ့သူများထဲတွင် အရပ် ၂.၃၈ မီတာ (၇ ပေ ၇ လက်မ ဝန်းကျင်)ရှိသူတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ယူနစ်ခနှုန်းထားလျော့ကျရေးဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုပြောကြားခဲ့ပါတယ်။
#Local_News
Published 10 January 2025
#တနင်္သာရီတိုင်းဒေသကြီး #လျှပ်စစ်ယူနစ်ခနှုန်းထားလျော့ကျ
#YMG/SW #Yangon_Times
တိုင်းနဲ့ပြည်နယ်တွေမှာညအအေးပိုပြီး နေ့အပူချိန်များချိန်များနိုင်တာကြောင့် မီးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
#Local_News
Published 10 January 2025
#နေ့အပူချိန်များ #မီးသတိပြုရန်လို
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေအတွက် စားသောက်ကုန်တွေ ထောက်ပံ့လျှက်ရှိရာမှာ ယခုလတတိယပတ်မှာလည်း
ထောက်ပံ့ပေးအပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 10 January 2025
#ရုပ်ရှင်လောကသား #စားသောက်ကုန်များထောက်ပံ့
#YMG/SW #Yangon_Times
Page 189 of 2022