မနက်ဖြန် ဇူလိုင်(၁၉)ရက်မှာ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရုပ်သံနှင့်ရေဒီယိုများမှ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်သလို အလံတစ်ဝက်လွှင့်ထူဖို့နဲ့ မနက်(၁၀)နာရီ(၃၇)မိနစ်မှာဥဩဆွဲပြီး အလေးပြုကြဖို့ တိုက်တွန်းနှိးဆော်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 18 July 2024
#အာဇာနည်နေ့အခမ်းအနား #ရုပ်သံနှင့်ရေဒီယို
#tthl #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးရှိ အင်္ဂပူ၊ညောင်တုန်းနဲ့မအူပင်မြို့နယ်တွေမှာ မြစ်ရေတက်တာတွေရှိလာတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။
#Local_News
Published 18 July 2024
#မြို့နယ်အချို့မြစ်ရေတက် #ညောင်တုန်းနဲ့မအူပင်
#NN #Yangon_Times
#Local_News
Published 18 July 2024
▪️ မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲကို နေပြည်တော်ရှိ အမျိုးသားပြတိုက်၌အခမဲ့ဖွင့်လှစ်ပြသပေးနေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ အမျိုးသားပြတိုက်(နေပြည်တော်)၏ (၉) နှစ်ပြည့်အထိမ်းအမှတ် မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲ ဖွင့်လှစ်ပြသခြင်းအား ဇူလိုင်လ ၁၆ ရက်မှ ၂၈ ရက်အထိ ၁၀ ရက် ကြာ အခမဲ့ဖွင့်လှစ်ပြသပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပြပွဲတွင် မြန်မာ့ရိုးရာရက်ကန်းများ ရက်လုပ်ပုံအဆင့်ဆင့်နှင့် အချိပ်ဒီဇိုင်းများ၊ ပုဂံခေတ်နံရံဆေးရေးပန်းချီ ရေးဆွဲခဲ့တဲ့ အဝတ်စများ၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးရဲ့ ဝတ်စားဆင်ယင်မှုများ၊ ကြာချည်ရက်လုပ်ပုံများ၊ Eco Print နှင့် ပြုလုပ်ထားသည့် အဝတ်အထည်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တူးဖော်တွေ့ရှိမှု အထောက်အထားများအရ မြန်မာ နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ-သုံးထောင်ခန့်ကပေါ်ထွန်းခဲ့သည့် ကြေးခေတ်၊ သံခေတ်ထွန်းကားခဲ့သည့် လူမျိုးစုအဖွဲ့အစည်းများမှာ ချည်ထည်များကို ရက်လုပ်သုံးစွဲခဲ့ကြသည့် အထောက်အထားပြကွက်၊ ပျူခေတ်တွင် တွေ့ရှိရသော ဝတ်စားဆင်ယင်မှု အထောက်အထားများအရ ချည်ထည်ရက်လုပ်သုံးစွဲမှု တိုးတက်ထွန်းကားလာခဲ့သည့် အထောက်အထားများ ပြကွက်၊ ပုဂံခေတ်အဝတ်ပန်းချီများ၊ နံရံပန်းချီများမှ တွေ့ရှိရသော မြန်မာ့ရိုးရာချည်ထည် ရက်လုပ်သုံးစွဲမှု အဆင့်ဆင့်ပြကွက်များ၊ အချိပ်ဒီဇိုင်းများ၊ ကြာချည်ရက်လုပ်ပုံများ၊ စာစည်းကြိုးများ၊ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ရတနာပုံခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးရုပ်ကြွများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးတို့ရဲ့ ဝတ်စားဆင်ယင်မှု ပြသထားသည့် ပြကွက်များပြသထားကြောင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)တွင် အဆောင် ၅ ဆောင် ပါဝင်ကာ ပြခန်း ၁၃ ခန်းကို အများပြည်သူကို ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။
#NN #Yangon_Times
#Local_News
Published 18 July 2024
▪️ ဧရာဝတီမြစ်၊ ငဝန်မြစ်၊ တိုးမြစ်များ မြစ်ရေဆက်ကြီးနေ၍မြို့(၆)မြို့သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တို့တွင် ဆက်တိုးဖို့ရှိပြီး ငဝန်မြစ်သည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့၊ တိုးမြစ်သည် မအူပင်မြို့တို့တွင် မြစ်ရေများထပ်တိုးမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စိုးရိမ်ရေအမှတ်အထက်ရောက်နိုင်သည်ဟု ဆိုသည်။
▪️ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေကြီးခဲ့၍ စိုးရိမ်ရေအမှတ်အထက်ရောက်နေသောမြို့များလည်းရှိနေပြီး ရေအနည်းငယ်သာကျနိုင်၍ သတိထားနေထိုင်ကြရန်လည်းလိုသည်။
▪️ ယင်းကဲ့သို့ မြစ်ရေများတက်နေ၍ အဆိုပါမြို့များရှိ မြေနိမ့်ပိုင်းနေထိုင်သူများ၊မြစ်နားကမ်းနားနေထိုင်သူများအမြန်ဆုံးရွေ့ပြောင်းထားရန် လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လူဦးရေတစ်သောင်းခန့်ပါဝင်ဆင်နွှဲနိုင်မည့် ရွေ့လျားဈေးရောင်းပွဲတော်ကို သုံးရက်ကြာကျင်းပပြုလုပ်သွားမယ်လို့ Yangon Zoo က သိရပါတယ်။
#Local_News
Published 18 July 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #Yangon_Zoo
#tthl #Yangon_Times
နိုင်ငံကျော်တေးသံရှင် ရှမ်းတိုင်းရင်းသား အနုပညာရှင်ကြီးစိုင်းဆိုင်မောဝ်ကွယ်လွန်သွားတဲ့အတွက်ဝမ်းနည်းကြေကွဲကြောင်းကို ဂီတအစည်းအရုံးနဲ့ ရှမ်းတိုင်းရင်းသားအဆိုတော်များ ဖြစ်တဲ့စိုင်းစိုင်းခမ်းလှိုင်၊ The Sai တို့မှ ဖော်ပြထားပါတယ်။ ဇူလိုင်(၂၀)ရက်သဂြိုဟ်ရန်မှန်းထားပေမယ့် ဇူလိုင်(၁၉)ရက်မှာ သဂြိုဟ်သွားပါမယ်။
#Local_News
Published 18 July 2024
#စိုင်းဆိုင်မောဝ် #ကွယ်လွန်
#tthl #Yangon_Times
သင်္ဘောသားဖြစ်ချင်သူများအတွက် သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့ အခမဲ့ ကုန်းပတ်သင်တန်းကို ဩဂုတ်လ(၁၀)ရက်မှ (၂၄)ရက်အတွင်း အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ပေးဖို့ရှိတယ်လို့ MSF အဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 18 July 2024
#ကုန်းပတ်သင်တန်း #အခမဲ့ထပ်ဖွင့်
#tthl #Yangon_Times
Page 185 of 1835