#Myanmar_News
Published 15 April 2023
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်စွာဖြင့် မန္တလေးသို့ ပြန်လည် ကြွရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဗန်းမော်ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ကြွရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဗန်းမော်ဆရာတော်ကြီးကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နစကအဖွဲ့ဝင်ဦးမောင်ကို၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူတွေ၊ဆရာတော်ကြီးရဲ့ ဆွေတော်မျိုးတော်တွေက လာရောက်ကြိုဆိုခဲ့ကြတယ်လို့ သိရှိရပါတယ်။
-ymg/knl
#နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ
#ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး
#YMG #Yangon_Media_Group




#Local_News
Published_ 15 April 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်)တွင် မြိတ်ကျွန်းစုရှိ သဘာဝ အလှများဖြင့် သာယာသည့်ကျွန်းများသို့ ခရီးသွားဧည်သည်များနှင့် ဒေသခံများအပန်းဖြေခရီးအဖြစ် မြိတ်ဆိပ်ကမ်းမှ Speed Boat များဖြင့် သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရသည်။
သင်္ကြန်ကာလတွင် ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် မြိတ်ကျွန်းစုရှိ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥသောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ မင်းသားကျွန်း၊ သဲနက်တန်း(နှစ်ဖက်လှ)ကျွန်း၊ ဒုံးညောင်မှိုင်းရွာ၊ ဘေလီကျွန်း၊ သမီးလှကျွန်း စသည့် ကျွန်းများသို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြိတ်ဆိပ်ကမ်းမှ ယနေ့တွင် ခရီးစဉ်(၃)ခုအဖြစ် ဘေလီကျွန်း၊ စမတ်ကျွန်းနှင့် ကြယ်လိပ်ကျွန်း ခရီးစဉ်၊ လေးကျွန်း၊ သမီးလှကျွန်းနှင့် မင်းသားကျွန်း ခရီးစဉ်၊ စမတ်ကျွန်း၊ ဒုံးရေတံခွန်နှင့် ဒုံးညောင်မှိုင်းရွာ ခရီးစဉ်များ ကို သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးအဖြစ် ခရီးသွားလုပ်ငန်းများမှ Speed Boat များဖြင့် ပို့ဆောင်ပေးကြကြောင်းလည်း သိရသည်။
ခိုင်ထူး(မြိတ်)
#Local_News #သင်္ကြန်အကျနေ့ #မြိတ်ကျွန်းစု #စမတ်ကျွန်းနှင့်လေးကျွန်း #သွားရောက်လည်ပတ်ကြ
#YMG #Yangon_Media_Group




#Local_News
Published_ 14 April 2023
မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ က အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ရေသဘင်ပွဲတော်ကို သွားရောက် ကြည့်ရှုအားပေးခဲ့တယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ ၏ဇနီးနှင့် အဖွဲ့ဝင်များကစစ်တက္ကသိုလ်မိသားစု ချယ်ရီသစ္စာ ပိတောက်ဝါ အတာ ရေသဘင်မဏ္ဍပ်နှင့် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ ချယ်ရီမေ အတာ ရေသဘင်မဏ္ဍပ်၊ နွေဦးကဗျာ ပိတောက်ဝါ အတာရေသဘင်မဏ္ဍပ်နှင့် ပိတောက်ဧကရီ အတာရေသဘင်မဏ္ဍပ်တို့သို့ ရောက်ရှိကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြင်ဦးလွင်မြို့၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ် သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့တယ်လို့နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg/mt
#Local_News #ပြင်ဦးလွင် #မိသားစုရေသဘင်မဏ္ဍပ်များ #နစကဥက္ကဌ၏ဇနီးသွားရောက်
#YMG #Yangon_Media_Group




#Myanmar_News
Published_ 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန်
#မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group




#MyanmarNews
Published 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန် #မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group




#Myanmar_News
Published_ 14 April 2023
ရန်ကုန်မြို ဆင်ခြေဖုံးရပ်ကွက်တွေက မြိုနယ်များတွင် ရေကစားသူများကိုတွေ့ရပြီး ရေပက်ခံထွက်သူများနည်းပါးပေမယ့် စတုဒီသာ အလှူအတန်းပြုလုပ်သူများ များပြားလျှက်ရှိကြောင်း သိရပါတယ်။လူနေရပ်ကွက်တချိုနဲ့ ရပ်ကွက်လမ်းသွယ်များတွင် ကိုယ်ထူကိုယ်ထတည်ဆောက်ထားတဲ့အုန်းလက် ရေကစားမဏ္ဍပ်များတွက်လူငယ်များနှင့် ကလေးငယ်များ ရေကစားခဲ့ကြပါတယ်။
#Myanmar_News #ymg/ppk
#Yangon_Media_Group #YMG
#Local_News
Published_ 14 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှေ့၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးသူငယ်များ ရေကစားနေစဉ် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့၍ ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံး ကာ ၃၀ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အကြိုနေ့ ဧပြီလ ၁၃ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb ၄ လုံး လာရောက် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသား ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်၍ အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
yjmg/mt
#YMG #Yangon_Media_Group
Page 1336 of 2215