#Local_News
Published_ 23 February 2023
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေရရှိမှုတွေများနေတဲ့ ITPEC စာမေးပွဲတွေကို လာမယ့်ဧပြီလ (၃၀)ရက်မှာ ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သိရပါတယ်၊၊
#Local_News #IT #Exam
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
အခြေခံပညာကျောင်းတွေမှာ ဝိဇ္ဇာတွဲယူသူတွေနည်းပါးတဲ့အတွက် ဝိဇ္ဇာတွဲသင်ကြားပေးမယ့် ကျောင်းတွေရှားပါးလာတဲ့အတွက် ဝိဇ္ဇာတွဲယူထားတဲ့ တက္ကသိုလ်ဝင်တန်းဖြေမယ့် မျက်မမြင်ကျောင်းသားတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်၊၊
#Local_News #ဝိဇ္ဇာတွဲ #မျက်မမြင်ကျောင်းသား
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂၇ သိန်း ၉ သောင်းနဲ့ ရောင်းချပေးဖို့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေကိုမေတ္တာရပ်ခံထားပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ပြင်ပရွှေပေါက်ဈေးကတော့ ၂၈ သိန်း ၅ သောင်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
#Local_News #Gold #Market_Price #မီးလင်းအခေါက်ရွှေ
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
တက္ကသိုလ်ဝင်စာမေးပွဲအတွက် ညပိုင်းစာကြည့်ချိန် ညနေ(၅)နာရီမှ(၁၀)နာရီအတွင်း အများပြည်သူအုပ်စုအတွင်းမှ ဓာတ်အားသုံးစွဲနေသည့် လုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းတွေဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #Exam #Education #လျှပ်စစ်ဓာတ်အား
#YMG #Yangon_Media_Group
#DailyNews
Published_ 23 February 2023
၁။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကန့်သတ်ချိန်အတွင်းလျှပ်စစ်ဓာတ်အားဖြင့်လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြား
၂။ အခေါက်ရွှေ ၂၇ သိန်း ၉ သောင်းသတ်မှတ်ထားပေမယ့် ပြင်ပရွှေဈေးတွင် ၂၈ သိန်း ၅ သောင်းဝန်းကျင်ဖြစ်ပေါ်နေ
၃။ ဝိဇ္ဇာတွဲသင်ကြားပေးသည့် ကျောင်းများနည်းလာ၍ မျက်မမြင်ကျောင်းသားများ အခက်ကြုံနေ
၄။ မက္ကဆီကို စီးတီးရဲများ သုံးဖက်မြင် 3D ပုံဖော်ကွန်ပျူတာစနစ်ဖြင့် မှုခင်းဖြစ်ရပ်များလေ့ကျင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 23 February 2023
ကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ လူတစ်ယောက် လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီ လောက်ကကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေရင်း မေ့လဲကျခဲ့တာကြောင့် သျှင်ပါကူဆေးခန်းကို ယူတဲ့အခါ ဆေးခန်းကို မရောက်ခင်မှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ အဲ့ဒီအမျိုးသားကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ကိုကျော်မျိုးနိုင်က ပြောပါတယ်။
#Local_News #ကန်တော်ကြီးပန်းခြံ #Crime
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
ပြီးခဲ့ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုဟာ ၂၀၂၁ ခုနှစ် နှိုင်းယှဉ်ပါက တိုးတက်လာသည့်အတွက် ယခု ၂၀၂၃ ခုနှစ်မှာ ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်က တိုက်တွန်းပြောဆိုလိုက်သည်။ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ငွေဆောင်၊ ချောင်းသာကမ်းခြေဒေသများကို လာရောက်အပန်းဖြေကြသည့် ခရီးသည်များအဆင်ပြေစေဖို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆွေးနွေးပြောဆိုခဲ့တာလည်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ခရီးသည်များ တိုးတက်ဝင်ရောက်လာစေရန်အတွက် မူဝါဒပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတို့ကိုဟန်ချက်ညီစေဖို့နဲ့ ကမ်းခြေဒေသနဲ့ဆက်စပ်ပြီး ခရီးသွားဒေသများဖော်ထုတ်ဖို့ကိုလည်း တိုက်တွန်းထားသည်။
ကမ်းခြေဒေသများ၏ သဘာဝပတ်ဝန်းကျင်များကိုလည်း ပကတိအတိုင်းမပျက်စီးအောင် လုပ်ငန်းရှင်များအနေနှင့် ထိန်းသိမ်းဖို့လည်းတိုက်တွန်းထားသည်။ ကမ်းခြေဒေသများရှိ အမှတ်တရပစ္စည်းများ၊ကြိမ်ထည်နှင့် ဒေသထွက်ကုန်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းပြောဆိုခဲ့သည်။
#ymg/ynzw #Local_News #Travel
#Yangon_Media_Group
Page 1334 of 2130