#Local_News
Published_23 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၂၃ ရက်အထိ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၅၇ ဒသမ ၅၈ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 23 January 2023
၁။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅၅၇ သန်းကျော်ရရှိထား
၂။ ဂျိုးဖြူပိုက်ပြင်နေစဉ်ရေပြတ်နေသည့် လူနေရပ်ကွက်များကို ရေများလှူဒါန်းပေးနေ
၃။ သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေပေမယ့် ကုန်ကားများပုံမှန်အတိုင်းရန်ကုန်သို့ ဝင်ရောက်လာဟုဆို
၄။ ပင်လယ်ပြင်တွင် လမ်းပျောက်၍ ခရမ်းချဉ်ဆော့စ်နှင့်(၂၄)ရက်တိုင်အောင် အသက်ဆက်ခဲ့ရသည့် ဒိုမီနီကန်လူမျိုးကို ကိုလံဘီယာမှတွေ့ရှိကယ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 23 January 2023
အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းကို အသက်စွန့်ပြီး တက်ပိတ်ခဲ့တဲ့ မီးသတ်သမားကိုတိုးအောင်ဟာ လတ်တလောမှာ အမိုးနီးယားကြောင့်လေပြွန်ရောင်တာသက်သာလာပြီဖြစ်တဲ့အတွက် မီးသတ်ဌာနမှာ အလုပ်ပြန်ဆင်းနေပြီလို့ ကိုတိုးအောင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 23 January 2023
ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၄၄၀ ကျပ်သတ်မှတ်ပေးထားကြောင်းသိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်အထိ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်းသိရသည်။ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၆၅၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 23 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ထီးချိုင့်-ဇီးကုန်း-ကသာသွားကားလမ်း၊ ရင်ကွဲတောင်အဆင်းတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ(၁၈)ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
ဇန်နဝါရီလ၂၃ရက်မနက်ပိုင်းကတိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါ ကျား(၆)ဦး၊ မ(၁၄)ဦးအနက် ကျား(၁)ဦး၊ မ(၄)တို့မှာ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား သပိတ်ကျင်း(၇)မိုင်ဆေးရုံသို့လည်းကောင်း၊ ကျား(၃)ဦး၊ မ(၁၀)ဦး(မစိုးရိမ်ရ)တို့အား ထီးချိုင့်ပြည်သူ့ဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင်ထီးချိုင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
မိုင်း၊လက်နက်ကြီး၊ လက်နက်ငယ်၊ မီးရှို့ခြင်းများခံရသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦအရေအတွက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ၁၃ ခု ရှိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် ထိ ဖာပွန်ခရိုင် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆားလင်းကြီးမြို့နယ် ၊ ပင်လည်ဘူးမြို့ နယ်၊ပုလောမြို့နယ်၊ထီးလင်းမြို့နယ်၊မင်းတပ်မြို့နယ်၊ကန်ပက်လက်မြို့ နယ်၊ဒီးမော့ဆိုမြို့နယ်၊ဖရူဆိုမြို့နယ်၊ထန်တလန်မြို့ နယ်တမူးခရိုင်နှင့်မြို့နယ် တို့တွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင် ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် အဆောက်အဦ ၁၃ ပျက်စီးမှု ၊ ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ခန့်မှန်း ၃၆၇ ဒသမ ၅၈၃ သန်းခန့် ရှိကြောင်းလည်း နစက ၏ စာရင်းများတွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 22 January 2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားကို လက်နက်ကိုင်တစ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါတံတားမှာ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ရှိသည့် အရှည် ၁၃၀ ပေ၊ အကျယ် ၂၀ ပေရှိ တံတားဖြစ်ပြီး ဇန်နဝါရီ လ ၂၁ ရက် ည ၇ နာရီခန့်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
တံတား ဖောက်ခွဲဖျက်ဆီးခံရသောကြောင့် တံတား၏ တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေပတ်လည်ခန့် ကျွံကျ ပျက်စီးခဲ့ကြောင်း ၊ယခုအခါ အများပြည်သူများသွားလာရေး အဆင်ပြေချောမွေ့ စေရန် ဆောက်လုပ်ထားသည့် အဆိုပါ သံကူကွန်ကရစ်ချောင်းကူးတံတားကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1337 of 2071