#Local_News
Published_24 January 2023
ဇန်နဝါရီ ၂၁ ရက်မှစတင်၍ ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့် ရပ်တန့်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စင်ကာပူစက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး ရန်ကုန်တိုင်းအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေအရ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၈၅ ကျပ်ဖြစ်ပြီး ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ရည်ညွန်းလက်ကားဈေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ ၉၂ တစ်လီတာလျှင် ၂၁၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၆၇ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၃၆ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_24 January 2023
သာမန်နိုင်ငံကူးလက်မှတ် လုပ်ဆောင်ခြင်းတွေ အပါအဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို Green Channel ကနေတစ်ဆင့် MoU တွေအတွက် နိုင်ငံကူးလက်မှတ် (Passpost) လုပ်ဆောင်ခြင်းတွေကိုပါ အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းဟာ နယ်စပ်ဖြတ်ကျော် တရားမဝင်အလုပ်သမားတွေပိုများလာနိုင်တယ်လို့ အလုပ်သမားရေး အဖွဲ့အစည်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 24 Jan 2023
နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ ဇန်နဝါရီ (၂၄)ရက်မနက်က နစက ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကူဝိတ်နိုင်ငံ၏ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေ အလက်ဝါနီ Mr. Mubarak M A Aladwani ရဲ့ သံအမတ်ခန့်အပ်လွှာကို လက်ခံခဲ့ပါတယ်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်တဲ့အခမ်းအနားကို ဗိုလ်ချူပ်မှူးကြီးနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးမြှင့်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများနှင့် ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ နစက ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊
မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကူဝိတ်တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှုရေးရာ အထူးပြုဘာသာရပ်ဖြင့် နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်တွင် ကူဝိတ်နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆီရီးယားနိုင်ငံရှိ ကူဝိတ် သံရုံးတွင် သံအရာရှိအဖြစ် လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အယ်ဂျီးရီးယားနိုင်ငံရှိ ကူဝိတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် လည်း ကောင်း၊ ၂၀၀၅ ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ ဘယ်လ်ဂျီယံ နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ပထမ အတွင်းဝန်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ စီးပွားရေးဌာန တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကနေဒါနိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှစ၍ မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ သည် ပိုလန်နိုင်ငံရှိ ကူဝိတ် သံရုံးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားသမီး (၆) ဦးရှိတယ်လို့ သိရှိရပါတယ်။
-ymg/knl
#Myanmar_Kuwait
#Myanmar_Diplomacy
#Myanmar
#Local_News
Published_24 January 2023
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးဟာ ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 January 2023
ပြည်ပကနေ မျိုးပြောင်းကိုဗစ်ပိုးတွေ ထပ်မဝင်လာခင် မြန်မာနိုင်ငံမှာရှိတဲ့ အသက်(၆၀)အထက်ရှိသူတိုင်း ထပ်ဆောင်းကာကွယ်ဆေးတိုင်း Booster ထိုးထားရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 24 January 2023
၁။ ပြည်ပက မျိုးပြောင်းကိုဗစ်ပိုးမဝင်ခင် အသက်(၆၀) အထက်ရှိသူတိုင်း Booster ထိုးထားရမည်ဟုဆို
၂။ သွင်းကုန်တင်သွင်းမှု ကျဆင်းခြင်းကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးနေဟုဆို
၃။ ပတ်စ်ပို့လျှောက်ထားမှု အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းသည် တရားမဝင်အလုပ်သမားများ ပိုများလာနိုင်ဟုဆို
၄။ ဟွန်ဒူးရပ်စ်ရှိ အကြီးဆုံးဆည်ကန်မှ တံငါသည်များ၏ စားဝတ်နေရေးကိုခြိမ်းခြောက်လျက်ရှိသည့် တင်ကျီးငှက်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 January 2023
ပြည်ပနိုင်ငံတွေမှာ ကျွမ်းကျင်လုပ်သားအဖြစ်သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်လုပ်ခွင့်ပါမစ်၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်၊ စီးပွားရေးပါမစ်နေထိုင်ခွင့်ရသူများ အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အဆိုပါနိုင်ငံတွေကို ပြန်လည်ထွက်ခွာမယ့်အချိန်တွင် OWIC ကတ်ကို မဖြစ်မနေကိုင်ဆောင်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1335 of 2071