#Local_News
Published_ 12 April 2023
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြိုနယ် ပေါက်တောဝမီးပွိုင့်တွင် ဧပြီလ ၁၂ရက်နေ့မနက် ၄နာရီ ဝန်းကျင်ခန့်က ယာဉ်တိုက်မူဖြစ်ပွားခဲ့ကြောင်း တွဲလက် လူမူကူညီရေးအသင်းမှ သိရပါတယ်။
#Local_News #အင်းစိန်ပေါက်တော၀ #ရပ်ထားသည့်မော်တော်ယာဉ် #Taxiကဝင်တိုက်
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၀၅/၁ အနီးတွင် ဧပြီ ၁၂ ရက်နေ့ မနက် ၇ နာရီခန့်က ယာဉ်မတော်တဆမူတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက YMG ကို ပြောပါတယ်။
#Local_News #ရန်ကုန်-မန္တလေးအမြန်လမ်း #ယာဉ်မောင်းအိပ်ငိုက် #လမ်းလည်ကျွန်းကိုဝင်တိုက် #မောင်းသူသေဆုံး #YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
နေပြည်တော်သင်္ကြန်တွင် ဇုန် ၄ဇုန် ခွဲပြီး ကျင်းပပေးမှာဖြစ်ပြီး မြန်မာမှု မပျောက်စေဖို့နဲ့ နိုင်ငံတကာအဆင့်မှီဖို့ ရည်ရွယ်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News #နေပြည်တော် #လမ်းလျှောက်သင်္ကြန် #ဝင်ကြေးသတ်မှတ်
#YMG #Yangon_Media_Group
#Daily_News
Published_ 12 April 2023
၁။သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့တွင် ဗိုလ်တထောင်စေတီ၌ နှစ်သစ်ကူးအခမ်းအနားနှင့် စတုဒိသာအလှူများလှူဒါန်းမည်
၂။နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဝင်ကြေးသတ်မှတ်၍ ကျင်းပပေးမည်
၃။ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကိုဝင်တိုက်၊ ကားမောင်းသူ သေဆုံး
၄။အမေရိကန်သမ္မတ ဘိုင်ဒင်က အိုင်ယာလန်နိုင်ငံရှိ ဇာတိမြေ ဘော်လီနာမြို့ကို သွားရောက်လည်ပတ်မည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 12 April 2023
လတ်တလောမှာ အပူဒဏ်ကြောင့် ကလေးငယ်တွေ ဖျားနာတာနဲ့ သက်ကြီးရွယ်အိုတွေသတိလစ်တာတွေ ရှိလာပြီဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲတွေထံမှ သိရပါတယ်။
#Local_News #အပူဒဏ် #ကလေးငယ်များဖျားနာခြင်း #သက်ကြီးရွယ်အိုများသတိလစ်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁ဝ) ရက် ညနေပိုင်းက YBS ယာဉ်ကို တားနေစဉ် တိုက်မိပြီး ကားဘီးဖြင့် ကြိတ်မိမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ အေးရိပ်မွန်လူမှုကူညီရေးအသင်းမှသိရသည်။
လှိုင်မြို့နယ်၊ ဗဟိုလမ်းမ၊ မြတ်လေးရုံလမ်းထိပ်မှာ ဧပြီ၁၀ရက်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကအဆိုပါ ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
“ကားစီးမလို့တားရင်းအတိုက်ခံရတာ ၊ ဒါဏ်ရာတွေနဲ့ ပွဲချင်းပီးသေသွားတာ”လို့ အေးရိပ်မွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်မိသည့်ယာဉ်မှာ YBS 22 ခရီးသည်တင်ယာဉ်ဖြစ်ပြီးတော့ သေဆုံးအမျိုးသားကိုရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကာ မိသားစုနှင့် ဆက်သွယ်ပေးထားကြောင်း သိရသည်။
ymg/ppk
#Local_News #လှိုင်မြို့နယ် #YBS၂၂ယာဉ် #တားစီးစဉ်တိုက်မိ
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
လားရှိုးလေယာဉ်ကွင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသမှ အဓိကကျသည့် လေယာဉ်ကွင်း တစ်ခုဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧပြီလ ၁၁ ရက်က ပြောကြားလိုက်သည်။
လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ယင်းကျောင်းဆောင်တော်အထွတ်၌ တည်ထားပူဇော်အပ်သည့် စူဠာမုနိစေတီတော်မြတ်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီးနောက် အဆင့်မြှင့်နေသည့် လာရှိုးလေယာဉ်ကွင်းသို့ သွားရောက်ကြည့်ရှုစဉ် အထင်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
ယင်းကြောင့် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရှိ လေကြောင်းလိုင်းများ ပြေးဆွဲမှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ လက်ရှိအဆင့်မြှင့်တင်ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ထားသည့် ကာလများအလိုက် လျာထားလုပ်ငန်းများ ပြီးစီးရန် လုပ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #မြန်မာ-တရုတ်ကုန်သွယ်မှု #လားရှိုးလေယာဉ်ကွင်း
#YMG #Yangon_Media_Group
Page 1339 of 2215