Published_ 5 September 2023
နိုင်ငံတကာခြေစမ်းပွဲ ယှဥ်ပြိုင်ကစားမည့် နီပေါလက်ရွေးစင်အသင်း ယနေ့ စက်တင်ဘာ(၅) ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။
FIFA INTERNATIONAL "A" Friendly Matches အဖြစ် ယှဥ်ပြိုင်ကစားသွားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါ လက်ရွေးစင်အသင်းတို့၏ ပွဲစဥ်ကိုစက်တင်ဘာ (၈) ရက်နှင့် (၁၁)ရက် ညနေ (၅) နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ယင်းပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့်လည်း ပြည် တွင်း ဘောလုံးကလပ်အသင်းများဖြင့် လေ့ကျင့်ပြင်ဆင်ထားပြီးဖြစ်သည်။
ပွဲစဉ်အား လာရောက်ကြည့်ရှု့မည့်ပရိတ်သတ်အတွက် ကွင်းဝင်ကြေးအဖြစ် အထူးတန်း ကျပ်( ၅၀၀၀)၊ ရိုးရိုးတန်း ကျပ် (၂၀၀၀) သတ်မှတ်ထားကာ SKYNET SPORTS နှင့် CHANNEL 9 HD ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
Published_ 5 September 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အနေဖြင့် လာမည့်ရွေးကောက်ပွဲ၌အသုံးပြုမည့် မြန်မာအီလက်ထ ရောနစ်မဲပေးစက်အကြောင်းနှင့်အသုံးပြုပုံကို မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ(၃၆)ပါတီကိုမိတ်ဆက်ပေးခဲ့ပြီးလက်တွေ့သရုပ်ပြပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မိတ်ဆက်လက်တွေ့သရုပ်ပြသည့်အခမ်းအနားကို ရွေးကောက်ပွဲကော်မရှင်မှကြီးမှူး၍ ဩဂုတ်လ(၅) ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကိုလာရောက်တက်ရောက်သည့်ဒီမိုကရက်တစ်ပါတီဒုဥက္ကဌ ဦးတင်ရွှေက ‘‘အရင်တုန်းက အသုံးပြုခဲ့တဲ့မဲစနစ်ဟာ တံဆိပ်တုံးထုတဲ့အခါ အကွက်ကကျော်သွားရင် အငြင်းပွားဖွယ်တွေရှိခဲ့ပြီး အခုမြန်မာအီလက်ထရော်နစ်မဲပေးစက်ဟာ အငြင်းပွားဖွယ်မရှိတော့သလို အသုံးပြုရတာလွယ်ကူတဲ့အတွက် အဆင်ပြေတယ်’’ဟု ပြောသည်။
ယခုမိတ်ဆက်ပေးသည့် မြန်မာအီလက်ထရော်နစ်မဲပေးစက်သည် လျှပ်စစ်မီးမရှိသောဒေသများတွင် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ဝေးလံခေါင်ဖျားသောဒေသများမှ တိုင်းရင်းသားပြည်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးထွန်းအောင်ကလည်း ပြောသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်သည် ဘက်ထရီနှင့်အသုံးပြုနိုင်ပြီး ဆိုင်ကယ်ဘက်ထရီအပါအဝင်12Vရှိ သောဘက်ထရီတိုင်းဖြင့်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်ရွေးကောက်ပွဲ ကော်မရှင်မှဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှထည့်သွင်းပြောကြားခဲ့သည်။
မြန်မာအီလက်ထရော်နစ်မဲပေးစက်ဟာ အသုံးပြုရလွယ်ပြီး မီးစိမ်းလားအရင်ကြည့်ပြီး မီးစိမ်းပါက မိမိကြိုက်နှစ်သက်သောပါတီရှိသည့်အပြာရောင်ခလုတ်ကို တစ်ချက်နှိပ်ပေးလိုက်ရုံနဲ့မဲပေးပြီးသားဖြစ်မည် ဖြစ်သည်။
ယခုမိတ်ဆက်ပေးလိုက်သော မြန်မာအီလက်ထရောနစ်မဲပေးစက်သည် ရွေးကောက်ပွဲတစ်ခုတည်းသာမက နောက်ပိုင်းအချိန်များတွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများ၊ကြားဖြတ်ရွေးကောက်ပွဲများ၊စည်ပင်ရွေးကောက်ပွဲများတွင်လည်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်တွေကိုလည်းခြွေတာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
မျှင်ဖမ်းရာသီချိန် စောသိမ်းရတဲ့အတွက် ယခုနှစ်မျှင်ငါးပိ ကုန်ရှားပါးနေ
ပြီးခဲ့တဲ့ မျှင်ဖမ်းရာသီချိန်မှာ ဖမ်းဆီးရမယ့်ကာလထက် တစ်လကျော်စော သိမ်းခဲ့ရတာကြောင့် ဈေးကွက် အတွင်းမျှင်ငါးပိကုန်ရှားပါးမှုနဲ့ ကြုံတွေနေရတယ်လို့ ငါးပိအရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
လက်ဝှေ့ထိုးခြင်းမှ မနားမယူခင် ဒေဝနှင့်ဖြစ်စေ ပရွမ်ဆွမ်နန်နှင့်ဖြစ်စေ တစ်ပွဲထိုးသတ်ချင်သေးဟု ထွန်းထွန်းမင်းပြော
ထွန်းထွန်းမင်းက သူတို့နှစ်ယောက်ထဲက ဘယ်သူနိုင်နိုင် ကျွန်တော်လက်ဝှေ့အနားမယူခင် တစ်ပွဲလောက် ဆုံချင်သေးတယ်
#Yangon_Times/MY
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
ကြိုတင်မှာပြီး ဝယ်ထားတဲ့ EV ကားတွေ ဝယ်သူလက်ထဲမရောက်သေးတာကြောင့် တိုင်ကြားသူတွေ ရှိလာနေတယ်လို့ ရန်ကုန်မှာ ရှိတဲ့ မော်တော်ကားရောင်းဝယ်ရေးအသင်း (ဗဟို) က သိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
တရုတ်- မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ရှိတဲ့ ကျင်စန်းကျော့ ဂိတ်ပေါက်ကနေ တရုတ်နိုင်ငံကို တွဲကား အစီး ၃၀၀ ကျော်နဲ့ ကုန်ကူးသန်းရောင်းဝယ်တာတွေ နေ့တိုင်း လုပ်နေတယ်လိုသိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ပျှမ်းမျှ၂ သိန်း ခန့်ကျဆင်းလာ ဟုဆို
ပြည်တွင်းရွှေဈေးကွက်မှာ ရွှေအရောင်းအဝယ် အေးစက်နေတဲ့အပြင် အခေါက်ရွှေတစ်ကျပ်သားကို ပျှမ်းမျှ အနေနဲ့ ၂ သိန်း နီးပါး ကျဆင်းလာနေတယ်လို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက သိရပါတယ်။
#Yangon_Times/pp
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
Page 1341 of 2476