Published-8 September 2023

၂၀၂၃ ခုနှစ် အာဆီယံစီးပွားရေးဆုချီးမြှင့်ပွဲTHE ASEAN Business Awards Ceremony 2023 တွင် မြန်မာနိုင်ငံက ဆု၃ဆုရရှိခဲ့သည်။

THE ASEAN Business Awards Ceremony 2023 ကိုအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ ဟိုတယ် Ritz Carlton Pacific Place တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံက အာဆီယံစီးပွားရေးဆု သုံးဆု ဆွတ်ခူး ရရှိခဲ့ကြောင်းသိရသည်။

MSME Export Growth Award for Enterprise (Large Corporations and MSMEs) ဆုကို Bella Interiors Company Ltd မှ ရရှိခဲ့ပြီး တစ်ဦးချင်းဆုအဖြစ် ကိုကျော်သူထက်က အာဆီယံ လူငယ်လုပ်ငန်း ကဏ္ဍတွင် ဆုရရှိခဲ့ပြီး ဒေါ်ခင်ချောစုဝင်းက အာဆီယံအမျိုးသမီးလုပ်ငန်းကဏ္ဍတွင် ဆုရရှိခဲ့သည်။

လုပ်ငန်း အမျိုးအစားအလိုက် အာဆီယံစီးပွားရေးဆုချီးမြှင့်ပွဲအခမ်းအနားကို အာဆီယံစီးပွားရေး အကြံပေး ကောင်စီ (ASEAN-BAC) က ၂၀၀၇ ခုနှစ်ကစတင် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ရိုးရာ အခမ်းအနား တစ်ခုဖြစ်ကြောင်းသိရသည်။

ABA ဆုပေးပွဲသည် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပြိုင်ဆိုင်မှုနှင့် ပေါင်းစပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်းများ ဖန်တီးပေးနေပြီး အာဆီယံဒေသအနှံ့တွင် ဆုရရှိသူများ၏ အမှတ်တံဆိပ်များကို ကမ္ဘာတစ်ဝန်း မြှင့်တင်ရန် အခွင့်အလမ်းများ ပြုလုပ်ပေးကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times