#Local_News
Published 04 July 2026

■ မျိုးပွားနိုင်သည့် အသက်အရွယ်ရောက်ရှိနေသော အမျိုးသမီး (၈) ယောက်တွင် (၁) ယောက်နှုန်း ဖြစ်ပွားနေပြီး တစ်ကမ္ဘာလုံး၌ ဖြစ်ပွားသူဦးရေ စုစုပေါင်း သန်း (၁၇၀) ဝန်းကျင် ရှိနေသည့် မျိုးဥအိမ် ရေအိတ်တည်ခြင်း (Polycystic Ovary Syndrome - PCOS)  ရောဂါကို အမည်သစ် ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

■ ယခင်အမည် PCOS (မျိုးဥအိမ် ရေအိတ်တည်ခြင်း) ဆိုသည်မှာ မျိုးဥအိမ်ရေ အိတ် နှင့် သက်ဆိုင်သည့် ရောဂါသက်သက်ဟု နားလည်စေခဲ့သော်လည်း တကယ့်လက်တွေ့ တွင် PCOS ဖြစ်နေသော်လည်း မျိုးဥအိမ်ရေအိတ် လုံးဝမရှိနေနိုင်မျိုးလည်း ဖြစ်နိုင်ခြင်း ကြောင့် PCOS ကို ပိုပြီးတိကျပြည်စုံအောင် ဖော်ပြနိုင်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသိုင်းအဝိုင်းမှ အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ (Polyendocrine Metabolic Ovarian Syndrome - PMOS)ဟု အမည်ပြောင်းလဲခေါ်ဆိုရန်အတွက် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

■ ယခုကဲ့သို့အမည်ပြောင်းလဲရသည့် အကြောင်းရင်းမှာ PCOS သည် မျိုးဥအိမ်ရေ အိတ်များ သို့မဟုတ် မျိုးပွားမှုစနစ်ဖြင့်သာ သက်ဆိုင်သည့် အခြေအနေမဟုတ်ဘဲ၊ ဟော်မုန်းမညီမျှမှုများ၊ ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်နှင့် ကိုယ်အလေးချိန်အပြင် ရေရှည်ကျန်းမာ ရေး အခြေအနေများနှင့် လည်း ဆက်စပ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ အမည်သစ်ပြောင်းလဲသတ်မှတ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများအနေဖြင့် ကျန်းမာရေး အခြေအနေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေပြီး အထူးသဖြင့် အင်ဆူလင်တုံ့ပြန်မှု လျော့နည်းခြင်းကနေ အဝလွန်ခြင်း၊ ဆီးချိုရောဂါအစပျိုးအခြေအနေနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားခြင်းများအပြင်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများကဲ့သို့ မကူးစက်နိုင်သောရောဂါများ (Non-Communicable Diseases) ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ကြောင်း သတိပြုမိစေနိုင်ရန်ဖြစ်ကြောင်း သိရသည်။

■ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏အချက်အလက်များအရ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများနှင့် PMOS (ယခင် PCOS) ဖြစ်ပွားခဲ့ဖူးသည့် မျိုးရိုးရှိသူ အမျိုးသမီးများသည် PMOS ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း ဖော်ပြထားခြင်းကြောင့်PMOS သည် ရောဂါအသစ်တစ်မျိုး မဟုတ်ဘဲ၊ ရောဂါ၏ အခြေအနေကို အမှန်တကယ်ဖြစ်ပေါ်တတ်သည့် သဘောသဘာဝနှင့် ပိုမိုကိုက်ညီစွာ ဖော်ပြနိုင်စေရန်အတွက် ပြောင်းလဲသတ်မှတ်လိုက်သည့် အမည်အသစ်တစ်ခု သာဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times