Published_ 8 September 2023

ယခုနှစ်နိုဝင်ဘာလမှစတင်၍ Naypyidaw State Academyတွင်ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းကိုဖွင့်လှစ်နိုင်သွားမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးဝန်ကြီး ဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

Naypyidaw State Academyဆေးသိပ္ပံပညာဌာနတွင် ဆေးပညာအခြေခံနှစ်သင်တန်းကို ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင်ကျန်းမာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့တက်ရောက်ခဲ့ပြီးသင်ကြားမည့်ဆရာ၊ဆရာမများခန့်အပ်ရေး၊ဝန်ထမ်းရေးရာကိစ္စရပ်များ၊သင်ကြားရေးဆိုင်ရာပစ္စည်းများဖြည့်တင်းနိုင်ရေးနှင့်စပ်လျဉ်းပြီးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Naypyidaw State Academyသို့ တက်ရောက်ခွင့်ရရှိမည့်ကျောင်းသားကျောင်းသူများကိုရွေးချယ်ရာတွင် ၄◌င်းတို့အောင်မြင်သည့် စာစစ်ဌာနအပေါ်မူတည်၍ စနစ်တကျရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားနေလျက်ရှိသော Out come- based Integrated Curriculumဖြင့် တစ်ပြေးညီသင်ကြားပို့ချနိုင် ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ဆေးပညာအခြေခံနှစ် (Foundation Years Semester(I))သင်တန်းပို့ချမည့်ဆရာဆရာမများမှာ ပညာရေး ဝန်ကြီးဌာန၊ Naypyidaw State Academyမှဆရာ၊ဆရာမများဖြစ်သောကြောင့် ဆေးပညာသင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်ခြင်းပုံစံများဖြင့် အကျွမ်းဝင်မှုရှိစေရန်ဘာသာရပ်ဆိုင်ရာဝါရင့်သင်ကြားရေးဆရာ၊ ဆရာမများပါဝင်သော အဖွဲ့နှင့် အောက်တိုဘာလတွင် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ထားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ၏ပြောကြားချက်အရသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times