#Local_News
Published_ 19 February 2023
လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံနေတဲ့ ခွေးချင်းကိုက်ခိုင်းတဲ့ ခွေးတိုက်ပွဲ dog fight ပွဲကို မြန်မာနိုင်ငံက တိရစ္ဆာန်ချစ်သူတွေ၊ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေက လုံးဝကန့်ကွက်တယ်လို့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 19 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒါရိုက်တာကျော်ဟိန်းကျော်နှင့်အတူ
-"ကမ္ဘာကသိသည့်မြနန်းနွယ်ဇာတ်ကားကို ရိုက်ကူးဖို့ကြိုးစားဖြစ်ခဲ့တဲ့အကြောင်း
- ဇာတ်ကားအတွက် ရွှံ့ကိုင်ရင်ရွှေဖြစ်မယ့် မင်းသမီးတွေရှိရက်နဲ့ ပဌာန်းဆက်ရှိတဲ့ မင်းသမီးတွေကို ရွေးချယ်ဖြစ်ခဲ့တာက သမရိုးကျ ရုပ်ရှင်ကားတွေလိုမျိုးမဟုတ်ဘဲ အဘအာရုံနဲ့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
- အပိုင်း (၆၀) ရိုက်ကူးပြီးစီးခဲ့ပြီး အပိုင်း (၂၀) ကျော်လောက် ရိုက်ကူးဖို့ကျန်ရှိနေသေးတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 19 Feb 2023
နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်ကို ခေတ်စနစ်နှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ စတင်စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဒီအတွက် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကို နစက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် ဇန်နဝါရီ (၁၇)ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။
စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါဖွဲ့စည်းတဲ့ အမိန့်မှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်နှင့် သက်ဆိုင်တဲ့ တည်ဆဲဥပဒေ၊နည်းဥပဒေတွေကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေဖို့ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းရတာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
ယင်းအဖွဲ့ကို စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်ကြပါတယ်။အဖွဲ့ဝင်(၁၁)ဦးထဲမှာ နစက ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့မှ တစ်ဦး၊ နစကရုံးညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ်၊နှင့် အခြား သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဆက်စပ်တဲ့ ဌာနတွေရဲ့ညွှန်ကြားရေးမှူးချုပ်ပါဝင်ကြပါတယ်။
ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရတာဟာ ခေတ်စနစ်နှင့်လျော်ညီအောင်ဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အပြင် ပြင်ဆင်ဖြည့်စွက်မယ့် အချက်တွေဟာ နောင်မှာ ပြဋ္ဌာန်းမယ့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေနှင့်လိုက်လျောညီထွေဖြစ်ဖို့လည်းပါဝင်တယ်လို့သိရပါတယ်။
သုံးသပ်တွေ့ရှိချက်တွေကို နစကရုံးသို့တင်ပြပြီးတဲ့အခါ အတည်ပြုချက်ရရှိပါက ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း အမိန့်ကြော်ငြာစာထဲမှာ ဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၂ခုနှစ်မတ်လအထိ တပ်မတော်သား ပင်စင်စားများ အပါအဝင် ပင်စင်စားဦးရေ ၉၉၄၂၁၆ ဦးရှိပြီး ယင်းတို့အတွက် အသုံးစရိတ်မှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏စုစုပေါင်းအသုံးစရိတ်၏ ၃.၆၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရသိရှိရပါတယ်။
-ymg/knl
#Myanmar
#Myanmar_Pension_Law
#Local_News
Published_ 19 February 2023
နေပြည်တော်သို့ ရောက်ရှိနေကြသော မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံသံရုံးများမှ သံတမန် ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။
သံတမန်ကိုယ်စားလှယ်များသည် နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာ စံပြကျေးရွာသို့ သွားရောက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ကျေးရွာအတွင်း ရေ/မီး ရရှိရေးစနစ်များ၊ စာသင်ကျောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ယက္ကန်းလုပ်ငန်း တည်ထောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာ ခဲ့ကြပြီး အေးချမ်းသာစံပြကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်သို့ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
ထို့နောက် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်း သစ်တော သုတေသနဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည် ဖော်နေတဲ့ “Assessment of Toxic Organic Contaminants in Mekong River Basin of Myanmar” စီမံကိန်း၏ “ရေဓါတ်ခွဲခန်း” အား သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ခင်းကျင်းပြသ ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က အကောင်အထည်ဖော်လျက်ရှိတဲ့ စီမံကိန်း (၃) ခုအား သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။
ညနေပိုင်းတွင် သံတမန်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ M-Gallery Hotel ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group.
#Local_News
Published_ 19 February 2023
နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့် ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့အချိန်တွင် အမြင့်ဆုံးသို့ရောက်ရှိနေပြီဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီ ဖြစ်ကြောင်း ယမန်နေ့ကကျင်းပတဲ့ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားတွင် နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြားဆက်ဆံရေးသည် ခိုင်မာသထက် ခိုင်မာလျက်ရှိ ပြီး နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီးကပ်သည့်ဆက်ဆံရေးအား တန်ဖိုးထား ထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ယင်းကာလတစ်လျှောက်တွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံနှင့်နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ထောက်ခံ အားပေးခဲ့သည့်အပေါ်တွင်လည်း တန်ဖိုးထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး၏ အလယ်ကာလ ၁၉၈၀ - ၁၉၉၀ ပတ်ဝန်းကျင်မှ ယနေ့အချိန အထိ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်ပြည့်စုံစေရေးအတွက်နှင့်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေးတို့အတွက် ရုရှားနိုင်ငံတွင် ပညာတော်သင်များ စေလွှတ်သင်ယူခဲ့ကြပါတယ်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို မကြာမီကာလတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည့်အဆင့် တစ်ဆင့်သို့ ရောက်ရှိစေရေးအတွက် မိမိတို့၏ပူးတွဲကြိုးပမ်းမှုများကို သိသိသာသာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
အခမ်းအနားတွင် မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး မြန်မာ နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ရုရှား-မြန်မာ ချစ်ကြည်ရေးအတွက် ရုရှားနိုင်ငံမှေ တည်ဆောက်ပေးခဲ့တဲ့ တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ်က ဖွင့်လှစ်ခဲ့သော စဝ်စံထွန်းဆေးရုံ၊ ၁၉၆၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်အင်းယားလိတ်ဟိုတယ်နှင့် ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကြက်မောက်တောင်ဆည်တို့ဖြစ်ကြပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာ မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 18 February 2023
နောင်တစ်ချိန်မှာ YBS ယာဉ်တွေထဲမှာ လျှပ်စစ်ကားတွေပါဝင်လာအောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1286 of 2073