#LocalNews
Published 30 March 2023
၂၀၂၂-၂၀၂၃ ခုနှစ်၏ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဇန်နဝါရီလအထိ ကိုးလတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၉၄ ဘီလီယံ ပို့ကုန်ဝင်ငွေရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၅ ဒသမ ၀၃ ဘီလီယံရရှိထားကြောင်း သိရသည်။
ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၂ ဒသမ ၅၉ ဘီလီယံရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံရရှိထားခြင်းဖြစ်သည်။
ပင်လယ်ရေကြောင်းမှ ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တရုတ်၊ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ရေကြောင်းဖြင့်တင်ပို့ခြင်းတွင် ပို့လိုသည့်မည်သည့်နိုင်ငံကိုမဆိုပို့နိုင်ခြင်း၊ စရိတ်သက်သာပြီး ကုန်များများတင်ပို့နိုင်ခြင်း စသည့်အားသာချက်များကြောင့် ကုန်သည်များက ရေကြောင်းကုန်သွယ်မှုကိုပိုမိုလုပ်ဆောင်ကြခြင်းဖြစ်သည်။
ymg/ppk
#ပင်လယ်ရေကြောင်း #ကုန်သွယ်မှု
#YMG #Yangon-Media-Group
#LocalNews
Published 30 March 2023
ထိုင်းနိုင်ငံသို့ လာရောက်ရန် ဗီဇာကြိုတင်လျှောက် ထားစရာမလိုပဲ ဝင်ရောက်ခွင့်Visa Free (၄၅) ရက်ပေးထားရာမှ ယခုဧပြီလ (၁) ရက်မှစ၍ အခမဲ့ဗီဇာ (Visa Free) (၁၄) ရက်သာနေထိုင်နိုင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့အတွင်း လာရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့် ပတ်သက်၍ အခမဲ့ဗီဇာ (Visa Free) သဘောတူညီမှုရရှိထားသော နိုင်ငံသားများ (မြန်မာနိုင်ငံအပါအဝင်) သည် ၄၅ ရက်အထိ နေထိုင်နိုင်ပြီး ၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများသည် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ကြောင်း၊၊
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာနိုင်ကြောင်း အသိပေးထားသည်၊၊
ymg/tthl
#ထိုင်းနိုင်ငံ #Visa Free
#YMG #Yangon_Media_Group
#LocalNews
Published 30 March 2023
ရာသီဥတုပူ၍ ရေဆင်းကူးရာမှ ဘီလူးချောင်းအတွင်း လူငယ်တစ်ဦးရေနစ်သေဆုံးသွားကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်၊၊
မတ်လ(၂၉)ရက်က ဒေါနိုးကူးတံတား(ဘီလူးချောင်း)တွင် သူငယ်ချင်းများဖြင့်ရေဆင်းကူးရာမှ အသက်(၁၅)နှစ်အရွယ်ရှိ မောင်အောင်ဘုန်းမြင့် ရေနစ်ပျောက်ဆုံးသွားခဲ့သည်၊၊
မတ်လ(၃၀)ရက်တွင် ရုပ်အလောင်း ပြန်လည်ရှာတွေ့ခဲ့ကြောင်းကို" ဖြစ်သွားတာကမနေ့က သူငယ်ချင်းတွေနဲ့ရေလာချိုးရင်းဖြစ်သွားတာ၊ဝိုင်းရှာကြတယ်၊၊ ဖြစ်သွားတဲ့နေရာနဲ့သိပ်မဝေးတဲ့နေရာမှာပဲဒီနေ့သူ့(ရုပ်အလောင်း)ကိုပြန်ရှာတွေ့ခဲ့တယ်၊၊
ဘီလူးချောင်းမှာတော့ နှစ်စဉ်ရေနစ်သေဆုံးသူများ ရှိပါတယ်ခင်ဗျ"ဟု ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြခဲ့သည်၊၊
မောင်အောင်ဘုန်းမြင့် အသက်၁၅နှစ် ၏ အလောင်းကိုရှာဖွေတွေရှိခဲ့ပြီး လွိုင်ကော်ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှသိရသည်၊၊
ymg/tthl
#ရာသီဥတု #ဘီလူးချောင်း #ရေနစ်
#YMG #Yangon_Media_Group
#Local_News
Published 30 March 2023
ယခုနွေရာသီကာလတွင် နေ့/ညအပူချိန် မြင့်မားလာခြင်းကြောင့်လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်း ၊ မဟာဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်းများကြောင့် ဓာတ်အားထုတ်လွှတ်လျော့နည်းနေကြောင်း YESC မှထုတ်ပြန်ထားသည်။
အခုလို ဓာတ်အားထုတ်လွှတ်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော် ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှု မပြတ်စေရေးအတွက် အရေးပေါ်ဝန်အားလျော့ချခြင်းနှင့် အလှည့်ကျဝန်အားလျော့ချရခြင်းများ ပြုလုပ်၍ ဓာတ်အားဖြန့်ဖြူပေးနေရကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။
ဒါကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူအုပ်စုတွင် ရောနှောဓာတ်အားသုံးစွဲနေသည့် စီးပွားလုပ်ငန်းများအနေဖြင့် လာမည့် ဧပြီလ ၃၀ရက်နေ့အထိ ညနေ ၅ နာရီမှ ည၁၁ အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းမဆောင်ရွက်ဖို့ထုတ်ပြန်ထားကြောင်းသိရသည်။
ကန့်သတ်ချိန်အတွင်း လုပ်ငန်းဆောင်ရွက်သည်ကို တွေ့ရှိပါက အုပ်ချုပ်မှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သတိပေးထုတ်ပြန်ထားသည်။
ymg/ynzw
#အပူချိန် #လျှပ်စစ်ဓာတ်အား #ဖောက်ခွဲဖျက်ဆီး
#YMG #Yangon_Media_Group
#LocalNews
Published 30 March 2023
မတ်လ ၃၀ ရက်နေ့ မနက်၉ နာရီဝန်းကျင်ခန့်က ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၊ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းအဆင်းတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးဘရိတ်ပေါက်ကာ အခြားကုန်တင်ကားနှစ်စီးအား ဝင်တိုက်မူဖြစ်ပွားခဲ့ကြောင်း ကမ်းလင့်လက်များလူမူကူညီရေးအသင်းမှသိရသည်။
ယာဉ်တိုက်မူကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်းတစ်ဦးသာရှိကြောင်း အဆိုပါအသင်းတာဝန်ခံက YMG ကိုပြောသည်။
ယာဉ်တိုက်မူဖြစ်ပွားခဲ့သည့် ကုန်တင်ကားဟာ ကျောက်မီးသွေးများသယ်ဆောင်လာသည့် ကားဖြစ်ပြီး ဂုတ်တွင်းအဆင်း ကျော်မဲရေကန်အောက်ကွေ့တွင် ဘရိတ်ပေါက်ကာ လမ်းပေါ်ရှိအခြားကုန်တင်ကားနှစ်စီးကြားသို့ရောက်ရှိပြီး သုံးစီးတိုက်ခဲ့တာဖြစ်ကြောင်းသိရသည်။
ယာဉ်တိုက်မူကြောင့်အဆိုပါဂုတ်တွင်းအဆင်းလမ်းပေါ်တွင် မနက်၉နာရီခန့်ကတည်းက လမ်းပိတ်ဆို့နေပြီး လက်ရှိနေ့လည်၁နာရီခန့် အချိန်အထိ လမ်းမပွင့်သေးသည့်အတွက် ခရီးသွားပြည်သူများ အနေဖြင့် လမ်းရှင်းလင်းပြီးမှ သွားလာကြဖို့ အဆိုပါအသင်းမှသတိပေးထားကြောင်းသိရသည်။
ymg/ynzw
#ကျောက်မဲမြို့နယ် #ကုန်တင်ကား #တိုက်မူဖြစ်ပွား
#YMG #Yangon_Media_Group
#Local_News
Published_ 30 March 2023
ရန်ကုန်-ပုဂံ အမြန်ရထားခရီးစဉ်တွေကို မူလကပြေးဆွဲပေးနေတဲ့ နေ့ရက်နဲ့အချိန်တွေအစား ပြန်လည်ပြောင်းလဲပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားကနေသိရသည်။
မူလက ရန်ကုန်-ပုဂံ အစုန် ၊ အဆန်ရထားတွေကိုအပတ်စဉ် သောကြာနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပေးနေရာက ယခုရက်ပိုင်းများကစတင်ပြီး အပတ်စဉ်အင်္ဂါ နဲ့သောကြာနေ့တွေမှာ ပြန်လည် အချိန်ပြောင်းပြေးဆွဲပေးနေကြောင်းသိရသည်။
ရန်ကုန်ကနေ ပုဂံ ကိုပြေးဆွဲပေးနေတဲ့ အမှတ် ၆၁ အဆန်ရထားဟာ ရန်ကုန်ဘူတာမှညနေ၄နာရီ ၁၅မိနစ်မှာထွက်ခွာပြီး ပုဂံဘူတာကိုနောက်နေ့မွန်းတည့် ၁၂နာရီတွင် ရောက်ရှိမှာဖြစ်ကာ ပုဂံကနေ ရန်ကုန်ကို ပြန်ထွက်မယ့်အမှတ် ၆၂ အစုန်အမြန်ရထားက ပုဂံဘူတာကနေ ညနေ၄နာရီ၁၅မိနစ်မှာထွက်ခွာပြီး ရန်ကုန်ဘူတာကို နောက်တနေ့မွန်းတည့် ၁၂နာရီမှာရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
လမ်းခရီးမှာ ဘူတာ၂၃ဘူတာ ရပ်တန့်မှာဖြစ်ပြီး သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ရွှေတံခါး၊ အောင်လံ၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊လေးအိမ်၊သာမြှား ၊ ပင်ချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ စုတည်ဘူတာ များဖြစ်သည်။
ymg/ppk
#Yangon-Media-Group
#Local_News
Published 30 March 2023
ယခင်နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ရှိနေသောပါတီများသည် လက်ရှိ ဥပဒေအသစ်အရ မှတ်တင်ရမည့် သတ်မှတ်ကာလကျော်လွန်သွားပြီဖြစ်တာကြောင့် အလိုလျောက် ပါတီဖျက်သိမ်းပြီးဖြစ်သော်လည်း ပါတီတည်ထောင်လိုသူတွေအနေဖြင့် နိုင်ငံပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကထုတ်ပြန်ထားသည်။
လက်ရှိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခြင်းလျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိပြီး ပုဒ်မ၂၅ အရ လျှောက်ထားသည့်ပါတီ ၅၀ လျှောက်ထားသည့်အတွက် စုစုပေါင်း နိုင်ငံရေးပါတီ ၆၃ ပါတီရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။
အဆိုပါ ပါတီများတွင် ပြည်ထောင်စုတစ်၀န်းလုံတွင်စည်းရုံးမည့်ပါတီ၁၂ပါတီနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည််နယ်တစ်ခုအတွင်း၌သာစည်းရုံးမည့်ပါတီ၅၁ ပါတီဖြစ်ကြောင်းသိရသည်။
ယင်း ပါတီများအား မှတ်ပုံတင်ခွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။
ymg/ynzw
#နိုင်ငံရေးပါတီ #ရွေးကော်ထုတ်ပြန်
#YMG #Yangon_Media_Group
Page 1283 of 2130