#Daily_News
Published_ 28 July 2023
၁။ ST DENIS REUNION OPEN 2023 ပြိုင်ပွဲတွင် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ၁၆ ဦး အဆင့်သို့တက်ရောက်
၂။ ယနေ့ မွန်းတည့်မှစ၍ နောက်တစ်ရက်အတွင်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးဇလ သတိပေး
၃။ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်
၄။ နယ်သာလန်အလှမယ်ပြိုင်ပွဲတွင် လိင်ပြောင်းအမျိုးသမီးတစ်ဦး ပထမဆုံးအနေဖြင့်အနိုင်ရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 28 July 2023
ရန်ကုန်ယူနိုက်တက် အသင်းအတွက် နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည့် ဂျာမနီနိုင်ငံသား ဂတ်ဇီက အသင်းအတွက် အကောင်းဆုံး အလုပ်လုပ်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ်များကို ဂတ်ဇီက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
ဂတ်ဇီ က “ရန်ကုန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှာ နည်းပြရမယ်ဆိုတော့ ခံစားချက်လည်း ကောင်းတယ်။ အသင်းအတွက်အကောင်းဆုံးအလုပ်လုပ်ပြသွားပါမယ်။” ဟု ဆိုသည်။
အသင်းနည်းပြချုပ် ဂတ်ဇီသည် မြန်မာ နိုင်ငံသို့ လာမည့် ဩဂုတ်လ ပထမအပတ်အတွင်း ရောက်ရှိမည်ဖြစ်သည်။
၎င်းအနေဖြင့် မြန်မာ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၃ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး၊၂၀၁၅ ခုနှစ် မှစတင်၍ မြန်မာ့လက်ရွေးစင်အသင်းဖြင့် သုံးနှစ်ကြာ လက်တွဲလုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
ဂတ်ဇီ က “ဒီအသင်းမှာက ကစားသမားကောင်းတွေရှိတယ်။ လက်ရွေးစင်ကစားသမား တွေလည်း များတယ်။ လက်ရှိထက်ပိုကောင်းအောင်လို့ သေချာပြင်ဆင်သွား ပါမယ်။ အသင်းကစားခဲ့တဲ့ပွဲတွေလည်း ကြည့်ပြီးသွားပါပြီ။ ပွဲတွေကြည့်ပြီး ဘယ်လိုနည်းလမ်းနဲ့ဆိုအသင်းအတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ရှာနေပါတယ်။ ကစားသမားတွေ ဘောလုံးကစားရတာပျော်လာအောင်၊ သေချာကစားနိုင်လာအောင် ပြုပြင်ပြောင်းလဲသွားပါမယ်။” ဟု အသင်းအတွက် ရည်ညွှန်း၍ ထပ်မံပြောဆို ထားသည်။
ဂတ်ဇီသည် မြန်မာယူ-၂၀ အသင်းအား ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times
Published_ 28 July 2023
ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် မြန်မာကုန်စည်များဖြစ်သည့် ကျောက်မျက်ရတနာများ၊ ရေထွက် ကုန်များနှင့် အသီးအနှံများကို ကုန်တင်လေယာဉ်များဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရေးကိစ္စများကို မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊စီချွမ်ပြည်နယ်၊ ချန်ဒူးဒေသမှစီးပွားရေးလုပ်ငန်းအဖွဲ့တို့ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇူလိုင်(၂၇)ရက်ကနေပြည်တော်တွင် နစကအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးဒေသမှ ထောက်ပံ့ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းလုပ်ငန်များပါဝင်သော စီးပွားရေးလုပ်ငန်းအဖွဲ့အားတွေ့ဆုံစဉ်ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တွေ့ဆုံစဉ် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် နယ်စပ်ဝင်ထွက်ပေါက်များတွင် လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကျောက်မျက်ရတနာများ၊ ရေထွက်ကုန်များနှင့် အသီးအနှံများကို ကုန်တင်လေယာဉ်များဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံ၌ လေယာဉ်မောင်းသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို နှစ်ဘက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ချန်ဒူးဒေသစီးပွားရေး လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
ယခုလ အတွင်းမှာလည်း ကချင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနသာ်ရီတိုင်းတွေမှာ မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် မြစ်ရေမြင့်တက်ခဲ့
-ဧရာဝတီမြစ်ရေဟာ ရွှေကူ၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဉီး၊ ဆိပ်သာ၊ ဟသာ်တနဲ့ ဇလွန်မြိုတို့မှာ တစ်ကြိမ်ခန့်စီနဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နိုင်
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
Published_ 28 July 2023
လေးနှစ်တစ်ကြိမ်ကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (19th Asian Games 2022)ကို တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံမှ သိရသည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံမှ လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့ သွားရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ၊ ဘောလုံးမဲခွဲ ရလာဒ်အရ လက်ရွေးစင်အမျိုးသား ဘောလုံး အသင်းအနေဖြင့် အုပ်စု(က)တွင် ကစားရမည်ဖြစ်ပြီး၊ အိမ်ရှင် တရုတ်နိုင်ငံ ၊ ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံအသင်းတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အလားတူ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် မံခွဲ ရလာဒ်အရ အုပ်စု(င)တွင် ကစားရမည်ဖြစ်ကာ၊ တောင်ကိုရီးယားနိုင်ငံ၊ ဟောင်ကောင် နှင့် ဖိလစ်ပိုင်နိုင်ငံ အသင်းတို့ဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို အာရှအိုလံပစ်ကောင်စီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲကို ၁၉၅၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်၊။
အာရှ အားကစားပြိုင်ပွဲသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ၏ အသိအမှတ်ပြုခြင်းကို ရရှိထားပြီး၊ အာရှတိုက်တွင်အကြီးဆုံးအားကစားပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times



ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်
မြန်မာယူ-၂၀ အသင်းကို နယူးဇီလန်နိုင်ငံမှာကျင်းပခဲ့တဲ့၂၀၁၅ ဖီဖာ ယူ-၂၀ အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
ယနေ့ မွန်းတည့်မှစ၍ နောက်တစ်ရက်အတွင်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးဇလ သတိပေး
မိုးလေဝသ ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ဒေါ့ဆူရီ”ဟာ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်နေ
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
Page 1287 of 2351