#Local_News
Published _18 February 2023
နွေရာသီ လူငယ်ဘောလုံးသင်တန်း အမှတ်စဉ် (၁)နှင့် (၂)ကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF ) ဘောလုံးအကယ်ဒမီများနှင့် ဗဟန်းကွင်းတွင် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမှာ နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအတွက် အခြေခံဘော လုံးပညာများကို သင်ကြားပေးလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း သိရသည်။
သင်တန်း အမှတ်စဉ် (၁)ကို မတ်လ (၁) ရက်မှ ဧပြီလ (၁၀)ရက် အထိလည်းကောင်း၊ အမှတ်စဉ် (၂)ကို ဧပြီလ (၁၉)ရက် မှ မေလ (၂၉) ရက်အထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အသက် ၉ နှစ်မှ ၁၅နှစ် အတွင်း (ကျား၊မ) မည်သူမဆို တက်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အမှတ်စဉ် (၁) သင်တန်း အတွက် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)သို့ ဖေဖော်ဝါရီ လ ၂၈ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်ကြောင်း၊ သင်တန်းသား တစ်ဦးလျှင် သင်တန်းကြေး ၅၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ဝတ်စုံတစ်စုံစီနှင့် MFF အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 February 2023
ဆေးရုံဆင်းကဆင်းလာတဲ့ ဖခင်နဲ့ အတူစီးလာတဲ့ တက္ကစီကားကို ကားတစ်စီးကဝင်တိုက်ခဲ့တာကြောင့် သမီးဖြစ်သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိပြီး စိုးရိမ်ရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 17 February 2023
တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ စီးပွားရေးအရဆက်ဆံမှုဟာ ကိုဗစ် လျော့နည်းသွားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်မြှင့်တင်သွားမယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌဦးအေးဝင်းက ယူနန် မြန်မာ့စီးပွားရေးချိတ်ဆက်မှုဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 17 February 2023
ပြည်ပကနေ ကိုဗစ်ပိုးသစ်တွေဝင်ရောက်မှုမရှိအောင် ထိုင်းနိုင်ငံကပြန်ဝင်လာတဲ့သူတွေ၊ တံတားအမှတ်(၂) က ပြန်ဝင်လာသူတွေ၊ မြဝတီကပြန်လာသူတွေကို ဒေသသုံးခုမှာကွာရန်တင်းထားပြီး ကိုဗစ်စစ်ဆေးပေးနေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 17 February 2023
ပြည်တွင်းမှလက်မှုပညာပန်းတိမ်နဲ့ ပြုလုပ်ထားတဲ့ ရွှေအချောထည်တွေကို ဂျပန်နိုင်ငံကဝယ်ယူဖို့ ကမ်းလှမ်းထားပြီး ပြည်တွင်းတွင်းကငွေပေးချေမှုဘဏ်စနစ် သယ်ယူပို့ဆောင်ရေးအခြေအနေတွေ ညှိနှိုင်းနေတယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 17 February 2023
၁။ ဂျပန်နိုင်ငံက မြန်မာရွှေထည်တွေဝယ်ယူနိုင်ဖို့ ပြည်တွင်းဘဏ်စနစ်နဲ့ သယ်ယူပို့ဆောင်ရေးအခြေအနေတွေကို ဆွေးနွေးနေ
၂။ ကိုဗစ်ပိုးသစ်များဝင်ရောက်မှုမရှိအောင် ထိုင်းနိုင်ငံပြန်များကို ဒေသသုံးခုတွင် ကွာရန်တင်းထားပြီး ကိုဗစ်စစ်ဆေးပေးနေ
၃။ ကိုဗစ်ကာလလျော့နည်းသွားသည့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်မြင့်တင်သွားမည်ဟုဆို
၄။ တရုတ်နိုင်ငံပြည်တွင်း ထုတ်မော်တော်ကားများ အရှိန်အဟုန်ဖြင့်ဆက်လက်တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 17 February 2023
ရန်ကုန်တွင် ဖေဖော်ဝါရီလ(၁၇)ရက်က အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာပြီး မိုးသီးကြွေတာ၊ မိုးခြိမ်းတာတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 1289 of 2073