#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၈၃ ဒေါ်နဲ့ဈေးဖွင့်လာပြီး ဈေးပြန်ကျလာပါတယ်။ ပြည်တွင်းဈေးကွက်ပြင်ပပေါက်ဈေးကတော့ ၂၈ သိန်း ၅ သောင်းကျော်ပေါက်ဈေးရှိနေပြီး ဈေးနှုန်းအကျဘက်မှာရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 February 2023
မဟာဝိဇရစေတီတော်ရှိ အရံစေတီတော်တွေကို ရွှေပြန်ချဖို့ရှိပြီး ရေစိမ့်နေတဲ့ ရင်ပြင်တော်ကိုပြန်လည်ပြုပြင်သွားဖို့ရှိတယ်လို့ စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၆ရက်နေ့ ဒီနေ့မနက်ပိုင်း ၇နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် မိုင်းပြင်းကိုဗဟိုပြုပြီး အဲ့ဒီမြိုရဲ့အရှေမြောက်ဘက် ၁၈ မိုင်ခန့် အကွာမှာ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 16 February 2023
၁။ ဒီနေ့မနက် ရှမ်းပြည်နယ်မှာ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်
၂။ မဟာဝိဇရစေတီတော်၏ အရံစေတီ(၂၄)ဆူကို ရွှေပြန်ချမည်၊ ရေစိမ့်နေသည့်ရင်ပြင်တော်ကိုပြုပြင်မည်
၃။ ရန်ကုန်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း ၅ သောင်းကျော်ရှိနေပြီးဈေးနှုန်းအကျဘက်မှာရှိနေ
၄။ နှစ်တစ်ရာသက်တမ်းရှိ ရှေးဟောင်းသစ်ပင်အား စောင့်ကြည့်ထိန်းသိမ်းရန်အတွက် နေရာပြောင်းရွှေ့စိုက်ပျိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 February 2023
YBS ယာဉ်စီးခတွေကို စီးနင်းတဲ့မှတ်တိုင် အကွာအဝေးအပေါ် မူတည်ပြီးကျပ် ၂၀၀ မှ ၄၀၀ ကြား တောင်းခံဖို့သတ်မှတ်ထားပြီး ပိုမိုတောင်းခံပါက အရေးယူသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-16 February 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော တစ်ဦးပိုင် YBS ယာဉ်များအနေဖြင့် အများပိုင်ကုမ္ပဏီ အောက်သို့ ပြောင်းလဲခြင်းမပြုပါက ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သွားမည်ဖြစ်ကြောင်း YRTC က သိရသည်။
ယင်းကဲ့သို့ ပြောင်းလဲရန် လာမည့် မေလ ၃၁ ရက်ထိ သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်အတွင်း အများပိုင်ကုမ္ပဏီကို ဝင်ရောက် ပြောင်းလဲခြင်းမရှိပါက YBS ယာဉ်လိုင်းပြေးဆွဲခွင့် ပိတ်သွားမည်ဖြစ် ကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရခြင်းမှာ ယာဉ်စည်းကမ်းလမ်းစည်းဖောက်ဖျက်မှုများနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်းလည်း YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
"တစ်ဦးချင်းပိုင်ယာဉ်တွေက စည်းကမ်းမဲ့တဲ့နေရာမှာ အများဆုံးဖြစ်ပါတယ်။ ယာဉ်စီးခကောက်ခံတာ၊ ကျော်တက်တာ၊ ပြိုင်လုမောင်းတာတွေကအစ အဓိကစည်းကမ်းမဲ့တာဖြစ်တဲ့အတွက်ကြောင့် တစ်ဦးချင်းပိုင်ယာဉ်အားလုံး မေလ ၃၁ရက် မှာ အများပိုင် company ပိုင်ဖြစ်ဖို့ ဆောင်ရွက်သွားတာဖြစ်ပါတယ်"ဟု ယင်း ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ် စီးရေ ၃၄၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၄ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။
#mt/ymg
#Yangon Media Group
#Local_News
Published_ 16 February 2023
ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ပူမြို့နယ်တွင် နေထိုင်သော မြန်မာနိုင်ငံသား ဘိုမိုးဟိန်းကိုသတ်၍ ဆွဲကြိုးနှင့်လက်စွပ်များယူဆောင်သွားသူဟု ယူဆရသူလေးဦးကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
သံသယရှိသူများအားလယောင်မြို့တွင် (၂) ဦး၊ ဘန်ဖလီမြို့တွင် (၂) ဦး၊ စုစုပေါင်း (၄) ဦးဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန် ဘန်ပူနယ်မြေရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
ဖမ်းမိထားသော ၄ ဦးလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး အလုပ်ရှာရန် ပေးထားသည့် ထိုင်းဘတ်ငွေ ၁၀,၀၀၀ ကို ဘိုမိုးဟိန်းက လိမ်လည်သွားသည့်အတွက်ကြောင့် ဖြေရှင်းရင်းက ကျူးလွန်မိခဲ့သည်ဟု ဖမ်းမိသူများက ထွက်ဆိုထားကြကြောင်း သိရသည်။
အဆိုပါ သေဆုံးသူမှာ သူ၏ နေအိမ် တိုက်ခန်းအတွင်း ရင်ဘတ်၊နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာများရကာသေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း၊ထိုင်းနိုင်ငံအတွင်း ကာလရှည်ကြာစွာ အခြေချနေထိုင်ကာ မြန်မာ နှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် အလုပ်အကိုင်ရှာဖွေ ပေးနေသော ပွဲစားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1291 of 2073