ပြည်တွင်းကထွက်ရှိတဲ့ အုန်းသီး ၂၀ ရာခိုင်နှုန်းကို ပြည်ပကို တင်ပို့နေတာဖြစ်ပြီး၊ တရုတ် ၊ ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ဝယ်ယူနေတာဖြစ်
တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နှစ်ကို အုန်သီးအလုံးရေ ၄၀၀ ကျော်ထွက်ရှိပြီး အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းနေတာဖြစ်
Yangon Times/my
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
‘စားအုန်းဆီဈေးဟာ ရည်ညွှန်းဈေးမှာ လာမယ့်အပတ်ကျမှ ရာဂဏာန်းလောက်တက်ဖို့ရှိပေမယ့် ဈေးကွက်ထဲမှာတော့ အခုကတည်းက စားအုန်းဆီဈေးတွေ ကမာက်ကမတွေဖြစ်နေတယ်။ ပြည်သူတွေကို စားအုန်းဆီ ရည်ညွှန်းဈေးအတိုင်း ကျပ်၄၈၀၀၊၅၀၀၀နှုန်းဖြင့် လိုက်လံရောင်းချပေးသွားမယ်’
ဦးရဲသူအောင်၊ ဒုဥက္ကဌ( ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း )
Yangon Times/tthl
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Published_ 25 July 2023
ထိုင်းနိုင်ငံ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော Arsec-Asia Inline Speed Skating Challenge 2023 ပြိုင်ပွဲတွင် မြန်မာစကိတ်သမားနှစ်ဦးက ဆုလေးဆု ဆွတ်ခူး ရရှိခဲ့ကြောင်း Myanmar Skate Federation ထံမှ သိရသည်။
အဆိုပါ မြန်မာစကိတ်ကစားသမား နှစ်ဦးအနေဖြင့် တစ်ဦးလျှင် ရွှေတံဆိပ်တစ်ခုစီနှင့် ငွေတံဆိပ်တစ်ခုစီ စုစုပေါင်း လေးခု ရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်ကစားသမားများဖြစ်သည့် မောင်အောင်ကျော်ဇင်(Team Phoenix)က မီတာ (၅၀၀) ပြိုင်ပွဲ၌ ရွှေ တံဆိပ် (၁)ဆု၊ မီတာ (၁၀၀၀)၌ ငွေတံဆိပ် (၁)ဆု ၊ မောင်ခင်လှိုင် (တွံ့တေးစကိတ်အသင်း)က မီတာ (၁၀၀၀) အပြေးတွင်ရွှေတံဆိပ် (၁) ခု၊ မီတာ (၅၀၀)၌ ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၄) ခု အသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို ပြီးခဲ့သော ဇူလိုင် (၂၂) ရက် မှ ၂၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီယား၊ မြန်မာ အပါအဝင် (၆) နိုင်ငံ ရှိ စကိတ်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times




လေးရှားရောက် မြန်မာနိုင်ငံသားများ နိုင်ငံလက်မှတ် ပျောက်ဆုံး/ပျက်ဆီးအတွက် ဒဏ်ကြေးတိုးမြှင့်
ဇူလိုင်လ (၂၄) ရက်ကနေစတင်ပြီး ရင်းဂစ် (၃၃၀) အစား ရင်းဂစ် (၄၈၀ )ကို ပြောင်းလဲကောက်ခံမည်
Yangon Times/my
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Published_ 25 July 2023
ယခုနှစ်အတွင်းရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝရေပြင်တွင် ငါးသားပေါက်ကောင်ရေ (၇၉)သိန်းကျော်စိုက် ထည့်ပြီးထည့်သွင်းမွေးမြူထားပြီဖြစ်ကြောင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
(၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ငါးသားပေါက်ကောင်ရေသိန်း(၂၇၀)စိုက် ထည့်ရန်လျာထားဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
“နိုင်ငံတော်အကြီးအကဲက သဘာဝရေပြင်မှာဆိုရင် ပြည်သူတွေတိုက်ရိုက်ဖမ်း ဆီးစား သုံးနိုင်တာကြောင့် ဦးစားပေးမျိုးစိုက်ထည့်ဖို့ ညွှန်ကြားထားတဲ့အတွက် တိုင်းဒေသကြီးအတွင်းက အဓိကသဘာဝရေပြင် တွေမှာ ရှင်သန်နှုန်းကောင်းမွန်ပြီး အကောင် ၁၀၀ လွှတ်ရင် ၈၀ ရှင်သန်နိုင်တဲ့ နှစ်လက်မအရွယ် ငါးသားပေါက်တွေ စိုက်ထည့်ထားပါတယ်။
ငါးသယံဇာတကိုထိန်းသိမ်းမှုနဲ့အတူ ငါးလုပ်ငန်းစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ငါးမျိုးပြုန်း တီးမှုမဖြစ်ပေါ်စေဖို့၊ သဘာဝရေပြင်တွေမှာ ငါးမျိုးများရေရှည်စဉ်ဆက်မပြတ်တည်ရှိနေစေဖို့၊ ငါးထုတ်လုပ်မှုတိုးတက်လာစေဖို့နဲ့ ဒေသခံပြည်သူတွေ ငါးရိက္ခာဖူလုံပြီး လူမှူစီးပွားဘဝမြင့်မားလာစေဖို့ စတဲ့ရည်ရွယ်ချက်မျိုးနဲ့ ငါးမျိုးစိတ်များကို စိုက်ထည့်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောသည်။
သဘာဝရေပြင်တို့၌ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမနှင့် ရွှေဝါငါးကြင်း စသည့်ငါးသား ပေါက်များကို စိုက်ထည့်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဧပြီလ ဇီဝိတဒါနငါးလွှတ်ပွဲမှစတင်ကာ ငါးသား ပေါက်များကိုစိုက် ထည့်ခဲ့ရာ ဇွန်လ၌ ငါးသားပေါက်ကောင်ရေ သိန်း ၃၀၊ ဇူလိုင်လ တတိယပတ်၌ ငါးသား ပေါက်ကောင်ရေ ၄၇ ဒသမ ၅၀ သိန်းဖြင့် စုစုပေါင်း ၇၉ ဒသမ ၀၃ သိန်း စိုက်ထည့်ခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ တစ်နိုင်ငံလုံးတွင် ငါးသားပေါက်ကောင်ရေ သိန်း ၁၀၀၀ ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Time/Tthl
#Local_News
#YMG #Yangon_Times
Published_ 25 July 2023
မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်၌ စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများတည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ပါကြောင်း Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms. Cai Xuping နှင့် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းတို့ ဇူလိုင် ၂၄ ရက်တွင် တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား စံချိန်စံနှုန်းဆိုင်ရာနှင့် နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms. Cai Xuping ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါ တယ်။
ထိုသို့တွေ့ဆုံရာတွင် Ms. Cai Xuping က အောက်တိုဘာ (၁၂)နှင့်(၁၃) ရက်တို့တွင် ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့၌ကျင်းပမည့် (၃)ကြိမ်မြောက် China-ASEAN Standardization Cooperation Forum သို့ ကောင်စစ်ဝန်ချုပ်အပါအဝင် မြန်မာနိုင်ငံမှဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ရန် ဖိတ်ကြားပါကြောင်း ပြောကြားခဲ့ပါတယ်။
ကောင်စစ်ဝန်ချုပ်မှ ဖိုရမ်၌ ဆွေးနွေးမည့် ခေါင်းစဉ်များအနက် “စွမ်းအင်သစ်သုံး မော်တော်ယာဉ်” ခေါင်းစဉ်တွင် လာရောက်လေ့လာနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်တက်ရောက် စေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ အများဆုံး တင်သွင်းလျက်ရှိပြီး၊ လျှိုကျိုးမြို့သည် လျှပ်စစ်သုံးမော်တော်ယာဉ် အဓိကထုတ်လုပ်သည့် မြို့တစ်မြို့ဖြစ်ရာ ထိုသို့ လာရောက်လေ့လာနိုင်ခြင်းဖြင့် နှစ်ဖက်လုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုများရရှိကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
Ms. Cai Xuping က မြန်မာကိုယ်စားလှယ်အဖွဲ့ လျှိုကျိုးမြို့တွင် “စွမ်းအင်သစ်သုံး မော်တော်ယာဉ်” ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်းနှင့် “စွမ်းအင်သစ်သုံးမော်တော်ယာဉ်” နှင့် ဆက်စပ်သည့် ဖိုရမ် တစ်ခုကိုလည်း စီစဉ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ygm_mnn
#local_news
#YMG #Yangon_Times
#Daily_News
Published_ 24 July 2023
၁။ လေယာဉ်စရိတ်သက်သာစွာဖြင့် လည်ပတ်နိုင်မည့် မြန်မာနိုင်ငံကို
ပွင့်လင်းရာသီတွင် ထိုင်းခရီးသွားများ အများဆုံးလာရောက်နိုင်ဟုဆို
၂။ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်း တံခွန်စိုက်ဒိုင်းဆု ရရှိ
၃။ ဧရာဝတီမြစ်ရေတက်ပြီး ဒေသ(၇)ခုတွင်မြစ်ရေတိုးမည်
၄။ နာမည်ကြီးဂီတပညာရှင်များ ပါဝင်ပြသထားသည့်နယ်သာလန်ပြတိုက်အား အီဂျစ်မှအမျက်ထွက်နေကြ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 1295 of 2351