#TV Yangon Times Matters အစီအစဉ်
Published - 12 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေဖြူနန်းနွယ်(တေးသံရှင်) နှင့်အတူ
-"အိမ်မက်အရ နဂါးကြီးလာတယ်ဆိုပြီး မက်လို့ ဒီနေ့ည အိမ်မက်မက်တာနဲ့ မနက်ဖြန် နဂါးရုံဘုရားတည်ဖို့ စခဲ့တဲ့အကြောင်း
-အခုဆိုရင် ပထမဦးဆုံး(၃)ဆူမြောက် နဂါးရုံဖြူဘုရားတည်မှာပါ နဂါးစိမ်းဘုရား(၁၁)ဆူတည်ဖို့လည်း ရည်ရွယ်ထားတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 February 2023
ရွှေတိဂုံစေတီတော်မှာ တပေါင်းပွဲတော်(၁၀)ရက်တိုင်တိုင်ကျင်းပသွားဖို့ရှိပြီး ပဌာန်းဒေသနာတော်ကို (၁၀) ရက်တိတိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 12 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေဖြူနန်းနွယ်(တေးသံရှင်) နှင့်အတူ
-"အိမ်မက်အရ နဂါးကြီးလာတယ်ဆိုပြီး မက်လို့ ဒီနေ့ည အိမ်မက်မက်တာနဲ့ မနက်ဖြန် နဂါးရုံဘုရားတည်ဖို့ စခဲ့တဲ့အကြောင်း
-အခုဆိုရင် ပထမဦးဆုံး(၃)ဆူမြောက် နဂါးရုံဖြူဘုရားတည်မှာပါ နဂါးစိမ်းဘုရား(၁၁)ဆူတည်ဖို့လည်း ရည်ရွယ်ထားတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 12 Feb 2023
အမေရိကန်ရေနံကုမ္ပဏီ ချက်ဗရွန်ကော်ပိုရေးရှင်း Chevron Corp (CVX.N) က မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ကနေဒါ ကုမ္ပဏီ အမ်တီအိုင် MTI ကို ရောင်းချဖို့ သဘောတူခဲ့ကြတယ်လို့ ကြေညာပါတယ်။ အရောင်းအဝယ်ပြီးဆုံးပါက ချက်ဗရွန်ဟာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်ပါတယ်။
၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ချက်ဗရွန်နှင့် အခြားရေနံကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်ခွာဖို့ ဆုံးဖြတ်ပြီး တစ်နှစ်အကြာမှာ ယခုသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
အမေရိကန်ကုမ္ပဏီ ချက်ဗရွန်ဟာ ရတနာ စီမံကိန်းမှ သူ့ပိုင်ဆိုင်တဲ့ ၄၁.၁ ရာခိုင်နှုန်းကို MTI ကိုရောင်းချရန် သဘောတူခဲ့ တာဖြစ်ပါတယ်။ ရတနာစီမံကိန်းဟာ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာအသုံးပြုတဲ့အပြင် ထိုင်းနိုင်ငံကိုပါ တင်ပို့နေပါတယ်။
၂၀၂၂ ဇူလိုင်လတုန်းကလည်း ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်လ်စွမ်းအင် ဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါတယ်။
ယခင်က ချက်ဗရွန်ဟာ ရတနာစီမံကိန်းမှာ ၂၈ ရာခိုင်နှန်းရှယ်ယာသာရှိခဲ့ရာမှ တိုတယ်လ်ရဲ့ ရှယ်ယာအချို့ကို ဝယ်ယူပြီး ၄၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှုတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
မြန်မာနစက အစိုးရကလည်း ယခုအခါ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရုရှားနိုင်ငံမှ စွမ်းအင်ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားရာ စိတ်ဝင်စားမှုတွေရှိနေကြောင်းလည်း သိရှိရပါတယ်။
-ymg/knl
#Chevron_Corp_Myanmar
#Myanmar
#Myanmar_Oil_and_Gas
#Local_News
Published_ 12 February 2023
ပြည်မနှင့်တောင်တန်းမခွဲခြားဘဲ တန်းတူညီမျှအခွင့်အရေးရကြလျက် ပြည်ထောင်စုကြီးတစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်အောင် အတူတကွ ဝိုင်းဝန်းတည်ဆောက်ကြစေလိုကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကြရောက်တဲ့ ၇၆ ကြိမ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား ကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကသဝဏ်လွှာပေးပို့လိုက်တာပါ။
ပြည်ထောင်စုနေ့ဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အရေးပါတာကြောင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ပြီး ရုံးများဆိုင်များပိတ်ကာ အထိမ်းအမှတ်ပွဲတွေကျင်းပခဲ့ကြတာဖြစ်တယ်လို့ အဲ့ဒီသဝဏ်လွာမှာ ဖော်ပြထားပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် မနက် ၁၀ နာရီ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုယ်စားလှယ် ၂၁ ဦးတို့ တောင်တန်းဒေသများက ပြည်မကြီးတို့ပူးပေါင်းရန် သဘောတူခဲ့ကြပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုကြပြီး အဆိုပါနေ့ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့ကြတာဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 12 February 2023
မလေးရှားနိုင်ငံတွင် ရေနစ်သေဆုံးသော မြန်မာနိုင်ငံသား အသက် ၃၂ နှစ်အရွယ် ကိုငြိမ်းချမ်းအောင်၏ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် စာတန်းဆေးရုံကြီးရေခဲတိုက်မှတစ်ဆင့် မလေးရှားနိုင်ငံ၊ ပူချွန်းမြို့ရှိ (၁၄) မိုင် သုဿန်၌ ဆွေမျိုး သူငယ်ချင်းမိတ်သင်္ဂဟများနှင့် သဂြိုလ်ခဲ့ကြောင်း သိရသည်။
ယင်းမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်က ရေနစ်သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအသင်းက သိရသည်။
ရုပ်အလောင်းကို စာတန်းဆေးရုံကြီးသို့ပို့ဆောင်ကာ ဆရာဝန်များ ရင်ခွဲစစ်ဆေးမှုပြီးနောက် ရေခဲတိုက်သို့ ပို့ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း ၊ယင်းမှတစ်ဆင့် ပူချွန်းမြို့ရှိ (၁၄) မိုင် သုဿန်၌ သဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုငြိမ်းချမ်းအောင်သည် ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်ကုန်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 12 Feb 2023
မြန်မာနိုင်ငံမှာ ပြဿနာတွေ ဒီအတိုင်းဆက်ရှိနေရင် စစ်တပ်အုပ်ချုပ်တာ သက်ဆိုးရှည်သွားမှာမို့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဟာ ကျင်းပသင့်တယ် လို့ ဂျပန်အထူးကိုယ်စားလှယ်မစ္စတာ ဆာဆာကာဝါကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသားသင့်မြတ်ရေး အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ က နစ်ကေးအေးရှား မီဒီယာနှင့် မေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အဝေးကဝေဖန်နေကြခြင်းက ပြဿနာကိုဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်းသူကပြောပါတယ်။
အာဆီယံအနေနှင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ နစကနှင့် အာဆီယံအကြား လုပ်ငန်းလုပ်ကိုင်နေတဲ့ working-level အဆင့် ဆွေးနွေးပွဲတွေ ကျင်းပသင့်တယ်လို့ ဂျပန်အထူးကိုယ်စားလှယ်ကပြောပါတယ်။သူက အဲဒီ အလုပ်လုပ်သူတွေအဆင့် ထိတွေ့ဆက်ဆံမှုကို မကြာခဏပိုမိုပြုလုပ် ပေးဖို့လိုအပ်ပြီး မြန်မာနိုင်ငံမှာ ရုံးတစ်ရုံးဖွင့်သင့် တယ်လို့လည်း နစ်ကေးအေးရှားကိုပြောခဲ့ပါတယ်။
အာဆီယံအနေနှင့် နိုင်ငံတကာအသိုက်အဝန်းရဲ့ နားလည်မှု အသေအချာရရှိနိုင်မယ့် နေရာတစ်ခုကို ရှာဖွေဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာဆာဆာကာဝါကအကြံပြုလိုက်ပါတယ်။
မြန်မာစစ်တပ်နှင့်နီးကပ်သူလို့ သူ့ကိုဝေဖန်နေတဲ့အပေါ်မှာလည်း “ ရလဒ်မထွက်ရင်တော့ အဓိပ္ပါယ်မရှိဖြစ်မှာပေါ့။ ဒါကြောင့် ကျွန်တော်က အဲဒါကို ခေါင်းထဲကိုမထည့်ဘူး” လို့ ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
Source: Nikkei Asia
#Myanmar
#Myanmar_Politics
Page 1299 of 2072