#Local_News
Published -23-7-2023
စနစ်သစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်များကို လုံခြုံရေးစနစ် မြှင့်တင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန က သိရသည်။
အောင်လက်မှတ်ကတ်ပြားများကို ၂၀၂၄ ခုနှစ်တွင်ထုတ်ပေးနိုင်ရန်စီစဉ်နေပြီး၊ ယခင်ထုတ်ပေးသည့် ပုံစံမျိုးမဟုတ်ဘဲ၊ ကတ်ပြားပေါ်တွင်ပါသည့် ဓာတ်ပုံတွင် တံဆိပ်ခေါင်းကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးစနစ်အတွက် မည်သို့ဆောင်ရွက်မည်ကို အသေးစိတ်မသိရှိရသေးဘဲ၊ ယင်းအတွက် Yangon Times သတင်းဌာနအနေဖြင့်ဆက်လက်စုံစမ်းနေသည်။
၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်အောင် လက်မှတ်များကို ယခု ဇူလိုင်လ (၁၀) ရက်မှစတင်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော်နှင့် ရန်ကုန်တို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသား တစ်သိန်းကျော် အောင်မြင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်များတွင် အောင်လက်မှတ် လာရောက်ထုတ်ယူသူ လေးသောင်းကျော် ရှိကြောင်း သိရသည်။
ယခုနှစ်မှစတင်၍ စနစ်သစ်ဒွါဒဿမတန်း(Grade-12) ကို သင်ကြားခြင်းဖြစ်ပြီး၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခြင်းမရှိသူများ၊ ကျရှုံးသူများအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအား ပြင်ပဖြေအနေဖြင့် ဖြေဆိုခွင့်ရှိကြောင်း ဇူလိုင် ၁၁ ရက်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
#YMG/my
#Yangon _Times
အုပ်စု (A)ပွဲစဉ်မှာ မြန်မာ၊ ထိုင်းနဲ့ ဆော်လမွန်ကျွန်းစုအသင်းတို့ ယှဉ်ပြိုင်မည်
Published 23 July 2023
#Local_News
#Continental Futsal Championship 2023 ပြိုင်ပွဲ
#Ymg/my #Yangon_Times
ဇူလိုင်၂၃၊၂၀၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၂၃ခုနှစ် ဇူလိုင်(၃၁)ရက်နေ့တွင် စတင်ထုတ်ဝေသွားမယ်လို့ ယနေ့ဇူလိုင် ၂၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးခိုင်မာစွာထွန်းလင်း တောက်ပမှုအား ပြသရန်၊ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီးအေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားသည့်
“ မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ ရဋ္ဌနန္ဒက ၏ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေတာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီးလှည့်လည်သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစား အသီးသီးတို့နှင့် “ တန်ဖိုးတူလဲလှယ်ပေးခြင်း ဖြင့်သာဖြန့်ဝေ သွားမည်ဖြစ်တယ်လို့သိရပါတယ်။ ကနဦးအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် - နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲ တို့တွင် ဟောင်းနွမ်းငွေစက္ကူများနှင့် “ တန်ဖိုးတူ” လဲလှယ်ပေးမည် ဖြစ်ပါတယ်။
လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများ နှင့် ငွေအကြွေများ သည်လည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ငွေစက္ကူသစ်နှင့် ပတ်သက်သည့်အချက်အလက်များမှာ အောက်ပါ
အတိုင်း ဖြစ်တဲ့အကြောင်းသိရပါတယ်။
နှစ်သောင်းကျပ်တန်ငွေစက္ကူ
အရွယ်အစား ။ အလျား(၁၅)စင်တီမီတာ နှင့် အနံ (၇)စင်တီမီတာ
ပေါ်လွင်သောအရောင် ။ အစိမ်းနုရောင်
မျက်နှာစာဘက် ။ နှစ်သောင်းကျပ်တန်ငွေစက္ကူ၏ ထိပ်ပိုင်းတွင်“ မြန်မာနိုင်ငံတော်ဗဟိုဘဏ်”စာတန်းရိုက်နှိပ်ထားပါတယ်။ မျက်နှာစာဘက်အလယ်ပိုင်းတွင် မြန်မာ့အနုပညာလက်ရာမြောက် ရတနာဆင်ဖြူတော်ပုံရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာစာသားဖြင့် “နှစ်သောင်းကျပ်” ဟု ဖော်ပြထားပါတယ်။ ထောင့်သုံးထောင့် တွင်လည်းငွေစက္ကူ၏တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါတယ်။ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက် ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ရတနာဆင်ဖြူတော် ဦးခေါင်းပုံရေစာပါရှိပါသည်။ ငွေစက္ကူ၏ဘယ်ညာအစွန်းများတွင်အမြင်အာရုံချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံခံသိရှိနိုင်သောမျဉ်းတို (၁၂) ချောင်းစီကို ရိုက်နှိပ်ထားပါတယ်။
ကျောဘက်။ နှစ်သောင်းကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင်စစ်ကိုင်းတံတားပုံနှင့်ဧရာဝတီတံတား(ရတနာပုံ)အားရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ – CENTRAL BANK OFMYANMAR စာတန်း ၊ အောက်ပိုင်း၌ “TWENTYTHOUSAND KYATS”ဟူသောစာတန်းများ ရိုက်နှိပ်ထားပါတယ်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ နောက်ကျောဘက်တွင် ရှုထောင့်အမျိုးမျိုးမှ ပြောင်းလဲကြည့်လျှင် ရွှေရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသော Colour Shift လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံ ထည့်သွင်းထားပါတယ်။
#Health_Matters
Published_ 22 July 2023
- ဆင်းရဲမွဲတေမှုဖြစ်နေတဲ့ နိုင်ငံတွေမှာ ကျန်းမာရေးလုံခြုံမှုကို ဘယ်လိုမြှင့်တင်လို့ရမလဲဆရာ ...??
#Health_Matters #ကျန်းကျန်းမာမာ လုံလုံခြုံခြုံ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published-22 July 2023
တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၄ခုနှစ်အတွက် မြန်မာအပါအဝင် လုပ်သားများအတွက် အနိမ့်ဆုံး လုပ်ခနှုန်းထားသစ်ကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ကိုရီးယားရောက် မြန်မာလုပ်သားများကိုကူညီပေးနေသည့် ကိုဇော်မိုးအောင်(ကိုးရီးယား) က သိရသည်။
အနိမ့်ဆုံးလစာသတ်မှတ်ရေးကော်မတီအစည်းအဝေးကို ဇူလိုင်လ ၁၈ရက် ညနေ ၃နာရီမှ ဇူလိုင်လ ၁၉ရက် နံနက် ၆နာရီအထိ ကျင်းပဆွေးနွေးခဲ့ကြရာတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းကိုးရီးယားသတင်းများအရ သိရကြောင်း ဆိုသည်။
ယင်းလစာနှုန်းထားသတ်မှတ်ချက်တွင် လုပ်ခလစာအနိမ့်ဆုံးနှုန်းထားကို ၂၀၂၄ခုနှစ်အတွက် ၁နာရီလုပ်အားခ ဝမ် ၉၈၆၀(မြန်မာငွေ ကျပ်ငွေ) ၁၆၄၀၀ကျပ်ခန့်အထိ သတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၂၃ခု နှစ်တွင် ကိုရီးယားနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားသည် ၁နာရီကို ဝမ်၉၆၂၀ ရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင် လုပ်ခလစာနှုန်းထားဟာ ဝမ် ၂၄၀ကိုပိုတိုးပေးလိုက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
#Yangon_Times/BMM
#Health_Matters
Published_ 22 July 2023
- ကျန်းမာရေးလုံခြုံမှုဟာ အခြေခံကျတဲ့လုံခြုံမှုလား ဒါမှမဟုတ် အခြားသော စီးပွာရေးနှင့်နိုင်ငံရေးဆိုင်ရာ
လုံခြုံမှုစတာတွေအပေါ်မှီတည်နေပါသလားဆရာ ...??
#Health_Matters #ကျန်းကျန်းမာမာ လုံလုံခြုံခြုံ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 22 July 2023
၁။ သဘင်အိမ်ယာနှင့်သဘင်ရွာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စတင်ဆောင်ရွက်နေ
၂။ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် ပဏာမကစား သမား (၄၀) ဦး ရွေးချယ်ခံရ
၃။ EVကား(၄၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ၊ ဇူလိုင်လအတွင်း(၁၇၇)စီးရောက်ရှိထားပြီဖြစ်
၄။ ကမ္ဘာ့အကြီးဆုံးနှင့်အမြင့်ဆုံး ရေအားလျှပ်စစ်-ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး တရုတ်နိုင်ငံစီချွမ်တွင် စတင်လည်ပတ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 1299 of 2351