#Health_Matters
Published - 11 Feb 2023
- RNA, DNA က ခန္ဓာတည်ဆောက်မှုကို ဘယ်လိုဆက်နွှယ်ထားသလဲ??
#Yangon_Media_Group
#DailyNews
Published_ 11 February 2023
၁။ တူရကီငလျင်ကဲ့သို့ ငလျင်ကြီးများ မြန်မာမြို့ပြများတွင် လှုပ်နိုင်ခြေရှိ၍ ကြိုတင်ပြင်ဆင်ထားရန်လို
၂။ ရန်ကုန်ရွှေအရောင်းအဝယ် အရောင်းအဝယ်အနည်းငယ်ပြန်လိုက်လာ
၃။ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စပြီး ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းရောင်းချပေးမည်
၄။ ခွေးများအတွက် စားသောက်ဆိုင် ကောစတာရီကာတွင်ခေတ်စား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 11 Feb 2023
- RNA, DNA နှစ်ခု ဘယ်လိုကွာခြားသလဲ အများနားလည်အောင်ရှင်းလင်းပြပါ??
#Yangon_Media_Group
#Local_News
Published_ 11 February 2023
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ဖေဖော်ဝါရီလ ၈ ရက်က ရေနစ်သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအသင်းက သိရသည်။
ယင်းမှာ အသက် ၃၂ နှစ်အရွယ် ကိုငြိမ်းချမ်းအောင်ဖြစ်ပြီး ရုပ်အလောင်းကို စာတန်းဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆရာဝန်များ ရင်ခွဲစစ်ဆေးမှုပြီးနောက် ရေခဲတိုက်သို့ ပို့ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကိုငြိမ်းချမ်းအောင်၏ရုပ်အလောင်းကိုသဂြိုလ်ရန် စာတန်းဆေး ရုံကြီးရေခဲတိုက်မှတစ်ဆင့် မလေးရှားနိုင်ငံ၊ ပူချွန်းမြို့ရှိ (၁၄) မိုင် သုဿန်၌ သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုငြိမ်းချမ်းအောင်သည် ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်ကုန်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 11 February 2023
မြန်မာနိုင်ငံရှိ HIV/AIDS ဖြစ်ပွားနေသူများ၊ ခုခံကျနှင့် ကာလသား ရောဂါဝေဒနာရှင်များအတွက် ခုခံကျနှင့်ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို UNAIDS အဖွဲ့အနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားရန်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ် (Joint United Nations Programme on HIV/AIDS- UNAIDS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Rangaiyan Gurumurthy ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံစဉ် UNAIDS အဖွဲ့မှ ဆက်လက်ကူညီပံ့ပိုးမည့်အကြောင်းများကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊
UNAIDS အဖွဲ့ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ၏ ကိုဗစ်ကာကွယ်၊ထိန်းချုပ်ရေးဆောင်ရွက်ချက်များကို ချီးကျူးကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် လူ့စွမ်းအားစိန်ခေါ်မှုများရှိခဲ့သော်လည်း HIV/AIDS ဝေဒနာရှင်များကို ART ဆေးပြတ်လတ်မှု မရှိအောင်ပေးခဲ့နိုင်ခြင်းကို ချီးကျူးကြောင်း၊ ဝန်ကြီးဌာန၏ ခုခံကျနှင့်ကာလသားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်၊၊
ဆက်လက်၍ ၂၀၂၁-၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်မဟာဗျူဟာဖြစ်သည့် မညီမျှမှုအဆုံးသတ်စေရေး အေအိုင်ဒီအက်စ်ရောဂါပပျောက်ရေး ရည်မှန်းချက်ပြည့်မီစေရေးအတွက် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပိုမိုပံ့ပိုးပေးနိုင်ရေးကိစ္စ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 11 February 2023
ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများနဲ့ ကောင်စစ်ဝန်ရုံးများမှာသွားရောက် တာဝန်ထမ်းဆောင်ကြမယ့် စီးပွားရေးသံမှူးများနဲ့တွေစုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တိုက်တွန်းပြောဆိုလိုက်တာပါ။ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ဒေသတွင်း နိုင်ငံတွေက စီးပွားရေးအခြေအနေတွေကို လေ့လာပြီး မြန်မာ့စီးပွားကို ထိုက်သင့်တဲ့အခြေအနေတစ်ခုရောက်အောင် ရည်မှန်းဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
ပြည်ပနိုင်ငံတွေက လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံတွင်းက စီးပွားရေးအခွင့်အလမ်းတွေကို စိတ်ဝင်စားလာအောင်လုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံဟာ လူ့စွမ်းအားအရင်းအမြစ် ရေအရင်းအမြစ်နဲ့မြေအရင်းမြစ်များစွာရှိတဲ့အတွင်းပြည်ပရင်းနှီးမြှုပ်သူများ စိတ်ဝင်စားလာစေဖို့ လုပ်ဆောင်ကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဘီလီဇ်၊ ဘဂ်လားဒေ့ရှ်၊ အန္ဒိယ၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံပေါင်း ၅၂ နိုင်ငံတို့က မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီမြှုပ်နှံထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံမှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၁ ဒဿမ ၆ ဘီလီယံဝန်းကျင်ရရှိခဲ့ပြီးစင်ကာပူနိုင်ငံက ၂၀၂၂ _ ၂၀၂၃ ပထမ ၁၀ လတာကာလအတွင်း ၁ဒဿမ ၁၅၇ ဘီလီယံနဲ့ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#ymg/ynzw
#Yangon_Media_Group
#Local_News
Published_ 11 February 2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ် တံတားတစ်စင်းကို နစက ဆန့်ကျင် ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သရသည်။
ဖေဖော်ဝါရီလ ၉ ရက် ညနေ ၃ နာရီခန့်က ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ သံကူကွန်ကရစ်အမျိုးအစား(ဒေသအခေါ်)တောင်ဘို့ ၃ လုံးတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သောကြောင့် တံတား၏ အရှေ့ဘက်လက်ရမ်းနှင့်ကြမ်းခင်းတို့တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
ယခုအခါ ပျက်စီးသွားသည့် တံတားကို ပြန်လည်အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိကြောင်းနှင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးလုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
Page 1301 of 2071