#Local_News
Published_ 9 February 2023
ဖေဖော်ဝါရီလအတွင်း ဗုဒ္ဓဂါယာဘုရားဖူးခရီးသွားလိုသူတွေ များပြားလာပြီး တစ်ပတ်ကိုဘုရားဖူး ၅၀၀ မှ ၁၀၀၀ ကြား သွားရောက်ကြတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ပြည်တွင်းမှာ ရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေ ဖေဖော်ဝါရီလ ၈ ရက်နေ့နဲ့ နှိုင်းယှဉ်ပါက အနည်းငယ်ပြန်မြင့်တက်နေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
အခုရက်ပိုင်းအတွင်း ရန်ကုန်မှာစံချိန်တင် မီးလောင်ကျွမ်းမှုတွေများနေပြီး အလုံမီးလောင်မှုမှာ လူ(၅)ဦးဆေးရုံပို့ခဲ့ရပြီး တစ်ဦးမီးခိုးမွှန်ပြီးကွယ်လွန်ခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 9 February 2023
၁။ ရန်ကုန်တွင် စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ အလုံမီးလောင်မှုတွင်(၅)ဦး ဆေးရုံရောက်(၁)ဦး သေဆုံး
၂။ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်
၃။ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမည့်သူများ တစ်ပတ်ကို ၅၀၀ မှ ၁၀၀၀ ကြား အထိရှိနေ
၄။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် ယာဉ်မောင်းအင်အားနည်းပါးခြင်းတို့ကြောင့် (၂၀၂၂) အတွင်း ဂျပန်တက္ကစီဝန်ဆောင်မှု လုပ်ငန်း(၂၉)ခု ဒေဝါလီခံခဲ့ရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဖေဖော်ဝါရီလ 9 ရက်နေ့ မနက်ပိုင်း ရန်ကုန်ရွှေအဖွင့်ဈေးမှာ အကယ်ဒမီ အခေါက်ရွှေကို ငွေကျပ် ၂၂ သိန်းတစ်သောင်းသုံးထောင်ကျော်အထိ ပေါက်ဈေးရှိနေတာပေမယ့် အရောင်းရော အဝယ်ပါမရှိဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဗုဒ္ဓရဲ့တရားတော်များကို အနုပညာလက်ရာဖြင့် ပြန်လည်ပုံဖော်ထားတဲ့ တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်) ရှိ Kalasa Art Space တွင် ဖေဖော်ဝါရီ ၉ ရက်မှ ၂၈ ရက်အထိ ပြသနေတာပါ
အဲ့ဒီပန်းချီပြပွဲကို Reflective Art & Faith လို့ အမည်ပေးထားပြီး ပန်းချီကားပေါင်း ၂၉ ကားကို ပြသနေပါတယ်။
ဗဂျီလင်းဝဏ္ဏကို ၁၉၇၃ ခုနှစ်က ရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီး ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဆရာဦးအောင်ဒင်ဆီမှာ ပညာသင်ယူခဲ့ပြီး အခုပန်းချီပြပွဲအပါအဝင် တစ်ကိုယ်တော်ပန်းချီပြပွဲပေါင်း ၁၁ ပွဲနှင့် အုပ်စုလိုက်ပန်းချီပြပွဲ ၁၀၀ ကျော် ပြသခဲ့ပြီးဖြစ်ပါတယ်။
#ymg/ynzw
#Yangon_Media_group
#Local_News
Published_ 9 February 2023
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၈ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီလ ၇ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၁ ရက်တွင်လည်းကောင်း လာရောက်လျှောက်ထားကြကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီလ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့် လည်းကောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် တည်ထောင်ခွင့်ပြုနိုင်ရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1305 of 2071