#Local_News
Published_ 11 February 2023
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှူးပြုသည့် နိုင်ငံတစ်ဝန်းလုံးမှ ဌာပနာတော်အလှူရှင်များ လှူဒါန်းထားရှိသော ဌာပနာတော်များအား ဖေဖော်ဝါရီလ ၁၀ ရက်က သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် နေပြည် တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက် ကြည်ညိုကြကြောင်း နစကသတင်းများအရ သိရသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ နိုင်ငံတစ်ဝန်းလုံးရှိ (၇)ရက် သားသမီးဘုရား ဒါယကာဒါယိကာမများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ အပါအဝင် ဌာပနာတော်ပစ္စည်းများ ထည့်သွင်းထားသည့် ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် မော်ကွန်းကမ္ပည်းကျောက်စာတော်တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီလ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ ထပ်မံဆက်သွယ်လှူဒါန်း ခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံ တကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများ တွင် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကာ ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ်သိန်းပေါင်း ၈၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့ကြောင်း သိရသည်။
မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များနှင့် ပင်မအဝင်လမ်းတို့တွင် အများပြည်သူ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် မီးထွန်းညှိ၍ အလင်းပေးပူဇော် ထားရှိကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 11 February 2023
ဟောင်ကောင်သင်္ဘော နစ်မြုပ်မှုတွင် အသက်ဘေးလွတ်ခဲ့သည့် မြန်မာသင်္ဘောသားဦးဇေယျာမင်းအား ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ဦးဇေယျာမင်းအား ဂျပန်နိုင်ငံမှ တာဝန်ရှိအဖွဲ့အစည်းများ၊ သက်ဆိုင်ရာသင်္ဘောကုမ္ပဏီကိုယ်စားလှယ်တို့နှင့် ဆက်သွယ်ကာလိုအပ်သည့် ထောက်ပံ့မှုကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက် ပေးခဲ့ပြီး ဖေဖော်ဝါရီ(၈)ရက်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်၊၊
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Nagasaki ကမ်းလွန်ပင်လယ်ပြင်တွင် ၂၅-၁-၂၀၂၃ ရက်နေ့ နံနက် ၀၂၃၀ အချိန်က မြန်မာသင်္ဘောသားများပါရှိသည့် Jin Tian အမည်ရှိ နိုင်ငံခြား ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ပြီးသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံသား(၈) ဦးအနက် (၃) ဦးအား ဂျပန်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိသူ (၃)ဦး အနက် (၂)ဦးမှာ အသက်ဆုံးရှုံးခဲ့ပြီး (၁)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်၊၊
ပျောက်ဆုံးနေသည့် ကျန်မြန်မာနိုင်ငံသား(၅)ဦးအတွက် ရှာဖွေရေးလုပ်ငန်းများကို ယနေ့အချိန်အထိ ဂျပန်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများမှ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သော်လည်း ရေပြင်ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး ဝေဟင်မှ ရှာဖွေမှုလုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်နေကြောင်းလည်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 10 February 2023
ဧရာဝတီမြစ်ရေဟာ မန္တလေး၊ စစ်ကိုင်း၊ မင်းဘူး၊ မကွေးမြို့တို့မှာ စိုးရိမ်ရေနည်းအမှတ်အောက်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 10 February 2023
အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နည်းဥပဒေကို အစိုးရ အလုပ်ရှင်အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီး ပြန်လည်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 February 2023
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရှိနှုန်းနည်းပါးနေပေမယ့်လည်း ပြည်ပပြန်တွေမှာ ကိုဗစ်မျိုးပြောင်းနှင့် မျိုးကွဲသစ်တွေတွေ့ရတဲ့အတွက် ကိုဗစ်ကာကွယ်ရေးတွေ ပြန်လည်ဆောင်ရွက်ဖို့လိုတယ်လို့ ပြည်သူ့ကျန်းမာ ရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊
#Yangon_Media_Group
#Local_News
Published_ 10 February 2023
ပြည်တွင်း လက်မှုပညာပန်းတိမ်နဲ့ ပြုလုပ်ထားတဲ့ ရွှေအချောထည်တွေကို ဂျပန်နိုင်ငံကဝယ်ယူဖို့ ကမ်းလှမ်းထားပြီး အသေးစိမ်ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 10 February 2023
၁။ Covid ကာလ ရောင်းချမှုရပ်ထားတဲ့ မြန်မာ့ရွှေပန်းတိမ်ထည်တွေကို ဂျပန်နိုင်ငံက ပြန်လည်ဝယ်ယူဖို့ကမ်းလှမ်း
၂။ ပြည်ပပြန်များတွင် ကိုဗစ်ပိုးသစ်များတွေ့ရ၍ ကိုဗစ်ကာကွယ်ရေးပြန်လည်လုပ်ဆောင်ရန်လိုဟုဆို
၃။ အလုပ်သမားအငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေးနည်းဥပဒေတချို့ကိုပြန်လည်ပြင်ဆင်မည်
၄။ အားကိုးရသည့် သယ်ယူပို့ဆောင်ရေးစက်ရုပ်များ ဂျပန်တွင်မကြာမီအသုံးပြုမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1302 of 2071