#Local_News
Published_ 29 September 2023


ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းတွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး သက်ကြီးအမျိုးသမီး(၂)ဦးသေဆုံးခဲ့ကြောင်း စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှသိရသည်။

 

စက်တင်ဘာလ ၂၉ ရက်၊ မနက်ပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းသည်ကိုသိရှိမှုနောက်ကျခဲ့ သလိုသော့အဆင့်ဆင့်လည်းခတ်ထားသည့်အတွက် အသက်(၆၀)ကျော်အမျိုးသမီးကြီးတစ်ဦးနှင့် အသက်(၃၅)ခန့်ရှိသောအမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်။

 

‘အင်းလျားမြိုင်လမ်းမှ ာမီးလောင်တယ်ဆိုတာဟုတ်ပါတယ်။ Yangon Tea House ဆိုင်လောင်တာ မဟုတ်ပါဘူး။ အဲဒီ့နားကနှစ်ထပ်တိုက်နေအိမ်မီးလောင်တာပါ။ အမျိုးသမီးကြီးနှစ်ဦးသေဆုံးပါတယ်။ အဲဒီ့ရပ်ကွက်ကနေအိမ်တွေကကျယ်ဝန်းပြီး လူတွေလည်းသိပ်မသိတာလည်းပါတယ်။ သော့အဆင့်ဆင့်ခတ်ထားတာလည်းပါပါတယ်’ဟု စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

 

ယင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကို အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့ နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ လှိုင်မြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရန်ကင်း မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတိုဖြင့် ငြှိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။

 

#tthl #Local_News #အင်းယားမြိုင်လမ်း #အမျိုးသမီး(၂)ဦးသေဆုံး #Yangon_Times