#LocalNews
Published-19 March 2023
LINCHR အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW ငါးခု ထပ်မံရောက်ရှိကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။
ယင်းကို Essential Motor Co.,Ltd. မှ တင်သွင်းလာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၁၈ ရက်က ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊အဆိုပါအားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
လက်ရှိတွင် Charging Station များကို ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင်ရှိ နေပြည်တော် စီလမ်းဆုံ ယာဉ်ရပ်နားစခန်း၊(၁၁၅) မိုင်ရှိ (ဖြူး)ယာဉ်ရပ်နား စခန်း၊ မိုင်တိုင်(ဝ/၀)ရှိ အမှတ်(၃) တိုးလ်ဂိတ် တို့တွင် Earth Renewable Energy Co.,Ltd အနေဖြင့်လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေး ဝင်းအတွင်း၌ Myanmar Brilliance Auto Co.,Ltd က လည်းကောင်း ၊ သီရိမင်္ဂလာဈေး၌ Asia Pacific Automaker Corporation Co.,Ltd ကလည်းကောင်း၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌ Chin Dwin Shan Co.,Ltd ကလည်းကောင်း၊ ရန်ကုန်ဘူတာကြီးအနီး၌ Essential Motors Co.,Ltd ကလည်းကောင်း အသီးသီးဆောက်လုပ်နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လျှပ်စစ်သုံး ယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station)များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co.,Ltd က ပထမဦးစွာ တည်ဆောက်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့ပြီး တည်ဆောက်ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 19 March 2023
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ ဂင်ဒိတ်ကုန်းကျေးရွာအနီး ရန်ကုန်- ပြည်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၀၁/၃ နှင့် ၁၀၁/၄ ကြား၌ ယနေ့ မတ်လ ၁၉ ရက်၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ဆိုင်းအဖွဲ့ကားတစ်စီး နောက်ဘီကျွတ်ထွက်ကာ လမ်းဘေးထိုးကျ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် လိုက်ပါလာသူ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မင်းလှလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။
အဆိုပါ ဆိုင်းအဖွဲ့မှာ "ဇော်ဇော်ဗိုလ်"ဆိုင်းအဖွဲ့ဖြစ်ပြီး ပေါင်းတည်မြို့သို့သွားရောက်ရန် ထွက်ခွာလာစဥ် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်းလည်း သိရပါတယ်.
#Yangon_Media_Group
Published 19 March 2023
ကိုလိုနီခေတ်က မြစ်ဖျားခံခဲ့တဲ့ အခက်အခဲအကျပ်အတည်းစိန်ခေါ်မှုတွေကို ယနေ့တိုင်ဖြေရှင်းနေရဆဲဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ယနေ့မတ်၁၉ ရက်မှာကျရောက်တဲ့ ၄၉နှစ်မြောက် မွန်ပြည်နယ်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
“ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ကြသည့် နိုင်ငံများမှာ ကိုလိုနီခေတ်မှ ဒဏ်ရာဒဏ်ချက်များကို ကုစားကာ ရုန်းထလိုသောစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ကို တည်ဆောက် ခဲ့ကြ သောကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်ကို နမူနာယူကာ မိမိတို့နိုင်ငံတွင်လည်း လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး နှင့်လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက် သင့်ပြီ ဖြစ်ပါသည်” လို့ သဝဏ်လွှာမှာဆက်လက်ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ဒေသတချို့အပါအဝင် ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ၊ နိုင်ငံတော်ကို အဖျက်အမှောင့်ပြုလုပ်နေကြခြင်းများကြောင့် ပြည်နယ်၏ သမိုင်းအစဉ်အလာကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှတယ်လို့လည်း နစက ဥက္ကဋ္ဌက သဝဏ်လွှာမှာ သတိပေးပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အရေးပေါ်အခြေအနေကို ကြေညာထားသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့၊ စည်းမဲ့ကမ်းမဲ့ဖြင့် အစွမ်းကုန်အားထုတ် ဖျက်ဆီးနေကြဆဲဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောဆိုပါတယ်။
လွတ်လပ်ရေးရရှိပြီးနောက် ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင်ရေးထိုးခဲ့တဲ့ မတ်လ (၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
Ymg/knl
#(၄၉)နှစ်မြောက်မွန်ပြည်နယ်နေ့
#နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup
#Local_News
Published_ 18 March 2023
ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကစပြီး ပြည်တွင်းရွှေဈေးဆက်တိုက်ဆိုသလိုမြင့်တက်လာတာပါ။ အမေရိကန်နိုင်ငံမှာ silicon Valley Bank's holding ကုမ္ပဏီအပါအဝင် ဘဏ်တချို့ ဒေဝါလီခံလိုက်ရတဲ့ ဂယက်ကြောင့် တစ်ကမ္ဘာ့လုံးမှာ ရွှေအဝယ်များလာ ကမ္ဘာ့ရွှေဈေးဆက်တိုက်ဈေးမြင့်လာတာဖြစ်တယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #အမေရိကန် #ဒေဝါလီခံ #ရွှေဈေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 18 March 2023
သင်္ကြန်အပြီးနွေကာလမှာ မီးလောင်မှုတွေ ပိုများလာနိုင်တဲ့အတွက် ရပ်ကွက်တိုင်းမှာ ရပ်ကွက်နေပြည်သူတွေအနေနဲ့ အရန်မီးသတ်အဖွဲ့များ ဖွဲ့ထားဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်မှ သိရပါတယ်၊၊
#Local_News #မီးလောင်ကျွမ်းမှု #အရန်မီးသတ်အဖွဲ့
#YMG #Yangon_Media_Group
#Health_Matters
Published - 18 March 2023
- ကိုဗစ်-၁၉ ကပ်ရောဂါတုန့်ပြန်ဖြေရှင်းရာကနေ အနာဂတ်မှာ အလားတူ ကပ်ရောဂါမျိုးကို ဘယ်လိုကြံ့ကြံ့ခံကျော်လွှားနိုင်မယ်ဆိုတဲ့ အသိအမြင်တွေကော ရခဲ့ပါသလားဆရာ??
#Dr.KML #Health_Matters #ကိုဗစ်-၁၉ #သင်ခန်းစာများနှင့်မြန်မာ
#YMG #Yangon_Media_Group
#Local_News
Published_ 18 March 2023
မတ်လ ၁၃ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၀၃၅ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်လီရောင်းချဈေးမှာ တစ်လီတာ ၁၉၃၁ အကျနှုန်းထားဖြင့် ဈေးကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအ ပြောင်းအလဲများအရ သိရပါတယ်။
#Local_News #ဓာတ်ဆီဈေး #ပြန်လည်ကျဆင်း
#YMG #Yangon_Media_Group
Page 1307 of 2130