#Local_News
Published_ 6 February 2023
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်လိုသူတွေအနေနဲ့ နောက်ပိုင်းမှာ သတ်မှတ်ချက်နဲ့ ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင်ရနိုင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 February 2023
တနင်္သာရီတိုင်းဒေသကြီးကိုလာရောက်ကြတဲ့ ရှင်ကိုးရှင်ဘုရားဖူးတွေ၊ရှေးမြိုဟောင်းတွေကိုလာရောက်သူတွေ အနည်းငယ်ရှိလာသော်လည်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုနည်းပါးနေဆဲဖြစ်တယ်လို တနင်္သာရီတိုင်းယဉ်ကျေးမှုအမွေအနှစ်များစောင့် ရှောက်ရေးအဖွဲ့မှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 6 February 2023
၁။ တနင်္သာရီတိုင်းကို ရှင်ကိုးရှင်ဘုရားဖူးအချို့လာရောက်ကြသော်လည်း ခရီးသွားပါးနေဆဲဖြစ်ဟုဆို
၂။ သတ်မှတ်ချက်နှင့်ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လိုင်စင်ရနိုင်တော့မည်ဟုဆို
၃။ တနင်္သာရီ၊ ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးထစ်ချုန်းနိုင်
၄။ ငွေကြေးဖောင်းပွခြင်းကြောင့် ဂျပန်နိုင်ငံ၏ ရာသီစာအထူးဆူရှီများဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 6 February 2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆိပ်ကမ်းပေါင်း ၄၀ ကျော်ရဲ့ အခွန်ကောက်လုပ်ငန်းတွေကို လေလံပေးမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
February 5, 2023
၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယခုလ ၂၁ ရက်မှာ စတင်ကျင်းပမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ရခိုင်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက် စုစုပေါင်း အသင်း ၁၂ သင်း ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် ရန်ကုန်ယူနိုက်တက်မြက်ခင်းတု(YUSC) ကွင်းတို့မှာ ကျင်းပသွား မယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 6 February 2023
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် အသစ်ဖြစ်သူ Dr Piti Srisangnam အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ ဖေဖော်ဝါရီ ၃ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးကြပါတယ်။
ထိုသို့ တွေ့ဆုံစဉ် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီအဖွဲ့ဖြစ်သည့် Board of Trustees များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။
ASEAN Foundation သည် အာဆီယံ အသိုက်အဝန်း ထူထောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ အာဆီယံအား ပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်ရာ၌ ထိရောက်သည့် တစ်ထောင့် တစ်နေရာမှ ပါဝင်ဆောင်ရွက်ရန်ကိစ္စတို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများမှ အကူအညီများရယူ၍ ASEAN Foundation အနာဂတ် စီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားရန် အစရှိသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 6 February 2023
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) အမှုဆောင် ညွှန်ကြားရေးမှူး Ms. Ghada Waly နှင့် အဆိုပါရုံးတွင် ဖွဲ့စည်းထားသော ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများ၏ FINGOV တို့အကြား ဆွေးနွေးပွဲကို Vienna International Centre ၌ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ဗီယင်နာအခြေစိုက် အမြဲတမ်းကိုယ်စားလှယ်များ၊ ဘာသာရပ် တာဝန်ခံများနှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံသံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဂါနာ အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Philbert Abaka Johnson က moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ UNODC အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့် အောင်မြင်မှုများ၊ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ UNODC ၏ အခန်းကဏ္ဍ၊ စံတန်ဖိုးများနှင့် ရည်မှန်းချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်များကိုဆွေးနွေးကြပါတယ်။
ထို့ပြင် ဘဏ္ဍာရေးနှင့်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အလှူရှင် နိုင်ငံများ၏ထည့်ဝင်မှုနှင့်၎င်းတို့၏ ဦးစားပေး ဒေသ/နိုင်ငံများရှိ စီမံကိန်းများကို အကောင်အထည်ဖော်မှု၊ ဝန်ထမ်းရွေးချယ်ခန့်အပ်မှုများတွင် ဒေသခွဲအားလုံးကို ကိုယ်စား ပြုသည့် ကျွမ်းကျင်သူများပါဝင်ပြီး ကျား-မ တန်းတူညီမျှစွာ ခန့်ထားရေး၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက မေးမြန်းသည့် မေးခွန်းများ၊ အကြံပြုချက်များအား အမှုဆောင်ညွှန်ကြားရေးမှူးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
FINGOV အဖွဲ့သည် UNODC၏ အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျား-မတန်းတူ ညီမျှမှုရှိရေး၊ မူဝါဒများနှင့်အစီအစဉ်များ၊ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက် သော အဖွဲ့ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1311 of 2071