#Local_Sport
Published_ 25 September 2023

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး တတိယနေရာမှ ဒုတိယအဆင့် ၁၆ သင်းရှုံးထွက်သို့တက်လှမ်းနိုင်ခဲ့သည့် မြန်မာ ယူ၂၄ အသင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်ခဲ့သည်။

 

မြန်မာယူ၂၄ အသင်းသည် အဆိုပါပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် တရုတ်၊ အိန္ဒိယ၊ ဘဂ်လားဒေရှ့်တို့နှင့် အတူကျရောက်ခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၄)မှတ်ဖြင့် အကောင်းဆုံး အုပ်စုတတိယနေရာမှ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ အမျိုးသားအသင်းသည် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲသမိုင်းတွင် ချန်ပီယ ၂ ကြိမ်၊ တတိယ ၁ ကြိမ်ရရှိခဲ့ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အုပ်စုမှ မတက်နိုင်ခဲ့ဘဲ ယခုနှစ်ပြိုင်ပွဲမှသာ ဒုတိယအဆင့်သို့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ၂၄ အသင်း အနေဖြင့် ဒုတိယအဆင့်တွင် အာရှအင်အားကြီး ဂျပန်အသင်းနှင့် လာမည့် စက်တင်ဘာ ၂၈ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

 

#Local_Sport #ဒုတိယအဆင့်တက်လှမ်းနိုင်ခဲ့ #မြန်မာယူ၂၄အသင်းအားဆုချီးမြှင့်
#Yangon_Times #Daily_News #YMG