#Local_News
Published-25 September 2023

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ကားနှင့်စက်ဘီးတိုက် မိ၍ အသက်(၁၂)နှစ်ဝန်းကျင်ခန့်ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု စက်တင်ဘာလ၂၅ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ခဲ့ကြောင်းသိရသည်။

 

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၅ရက်၊ နံနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး ကျောင်းကွေ့မှတ်တိုင်အနီးတွင် စက်ဘီးနှင့်ကား တိုက်မှုဖြစ်ပွါး၍ အသက်(၁၂)နှစ်ဝန်းကျင်ခန့် ကလေးလူနာ(ဦးခေါင်းထိခိုက်ဒါဏ်ရာ)ရရှိခဲ့ကြောင်းသာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က သိရသည်။

 

"ကားတိုက် မှုလို့ပြည်သူတွေက အကြောင်းကြားလာတာကြောင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ မှ အချိန်နှင့်တပြေးညီထွက်ခွါ ကူညီခဲ့တယ်။ အသက်(၁၂)နှစ်ဝန်းကျင်ခန့် ကလေးလူနာ(ဦးခေါင်းထိခိုက်ဒါဏ်ရာ)ရခဲ့တယ်"ဟုသာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။

 

ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူကလေးအားမြေပြင်ကုသမှုပေးပြီး လူမှုစေတနာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။


#Local_News #ကားနှင့်ဆိုင်ကယ်တိုက် #ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times/PP