#Local_News
Published_ 17 March 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုချက်ထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ(၂၀)ကို လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း သိရသည်၊၊
Myanmar National Airlineကုမ္ပဏီ၏ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်အပါအဝင် စုစုပေါင်းကုမ္ပဏီ(၂၀)၏ လိုင်စင်များကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်၊၊
အဆိုပါကုမ္ပဏီ(၂၀)သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ မတ်လ(၁၄)ရက်မှစပြီး လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl #Local_News #MNA #Money Changer #လိုင်စင်များရုပ်သိမ်း #YMG #Yangon_Media_Group
#Local_News
Published_ 17 March 2023
Ev myanmar group မှ တင်သွင်းသည့် တရုတ်နိုင်ငံထုတ် E2BYD ကားများကို အခမဲ့စမ်းသပ်စီးနင်းမောင်းနှင်မှုကို ရန်ကုန်မြို့လသာလမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
“မတ်လကုန်အထိ စမ်းသပ်နိုင်အောင်စီစဉ်ထားပေမယ့် လာရောက်စမ်းသပ်မောင်းနှင်တဲ့သူအရေအတွက်ကို ကြည့်ပြီးရက်တွေပြောင်းလဲသတ်မှတ်သွားမှာပါ”ဟု Ev myanmar group မှ တာဝန်ခံက ပြောသည်။
လျှပ်စစ်ကားစီးနင်းခြင်းကြောင့် ရေရှည်ကုန်ကျစရိတ်သက်သာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့ချခြင်းတို့ကို ပညာပေးဆွေးနွေးပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
#ymg/ppk #Local_News #ရန်ကုန် #လျှပ်စစ်ကား #အခမဲ့စမ်းသပ်မောင်းနှင် #YMG #Yangon-Media-Group
#Local_News
Published_ 17 March 2023
မတ် ၁၆ ရက်ည၁၀နာရီဝန်းကျင်လောက်ကရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်ရှိ ရေမြောင်းတစ်ခုအတွင်းအမျိုးသားတစ်ဦး ခြေနှစ်ချောင်းထောင်၍သေဆုံးနေကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာယခင်က ဆိုက်ကားနင်းသူတစ်ဦဖြစ်ပြီး သေဆုံးစဉ်ပြင်ပဒဏ်ရာမတွေ့ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအားမင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
#ymg/ynzw #Local_News #မင်္ဂလာတောင်ညွှန့် #ရေမြောင်းထဲကျ
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
ရန်ကုန် မင်္ဂလာတောင်ညွှန့်မြိုနယ် ၁၅ ပေ တံတားမှာ ကားက ဆိုက်ကားကို တိုက်ပြီးမောင်းနှင် ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။
#Local_News #မင်္ဂလာတောင်ညွှန့် #၁၅ ပေ တံတား #YMG
#Yangon_Media_Group
#Local_News
Published_ 16 March 2023
မတ်လဒုတိယအပတ်ထဲမှာ ပြည်တွင်းရွှေဈေးဆက်တိုက်ဆိုသလို မြင့်တက်နေပြီး မတ်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ၂၈ သိန်းသောင်းဝန်းကျင်အထိပေါက်ဈေးရှိနေပါတယ်။
#Local_News #ပြင်ပရွှေ #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
နွေရာသီကာလ ရပ်ကွက်အချို့မှာ ရေတွင်းတွေခမ်းခြောက်မှု စတင်ဖြစ်ပေါ်လာတဲ့အတွက် သောက်သုံးရေလှူဒါန်းတာတွေ ဆောင်ရွက်ပေးနေရတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက် အကူပြုအဖွဲ့မှ သိရပါတယ်၊၊
#Local_News #Summer #ရေတွင်းခမ်းခြောက်ခြင်း #ရေရှားပါးမှု
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
သင်္ကြန်ကာလအတွင်းမှာ YBS ယာဉ်များ အနေနဲ့ သတ်မှတ်နှုန်းထားထက် ပိုမိုမကောက်ခံဖို့ တိုးမတောင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Local_News #သင်္ကြန်တွင်း #ပိုမိုမကောက်ခံဖို့ #YBS
#YMG #Yangon_Media_Group
Page 1310 of 2129