Published_ 24 September 2023

 

ရန်ကုန်တိုင်းအတွင်း ယနေ့ နံနက် ပိုင်းတွင် အချို့မြို့နယ်များ၌နောက်ဆက်တွဲ ငလျင် ထပ်မံ လှုပ်ခတ်သွားကြောင်း ရန်ကုန်မြို့နေပြည်သူများထံကသိရသည်။

  စက်တင်ဘာ၂၃ရက် ည၈နာရီ၅၃မိနစ်ခန့်ကအနောက်တောင်ဘက် ၁၂ မိုင် ခန့် အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့် အတင့်ရှိသော မြေငလျင် လှုပ်ရှားခဲ့ပြီးနောက် ဆက်လက်လှုပ်ခပ်ခြင်း ဖြစ်သည်။

""တိုက်ကြီး မှာတော့ စက်တင်ဘာ၂၄ရက် နံနက်၂နာရီ၁၁မိနစ်လောက်မှာတကြိမ်၊၂နာရီ
၅၃မိနစ်မှာတစ်ကြိမ်  ၅နာရီ၁၀မိနစ်လောက်မှာတကြိမ် လှုပ်တယ် ညက လှုပ်တာလောက်တော့မပြင်းဘူး နောက်ဆက်တွဲ ငလျင်အသေးစား လှုပ်တာထင်တယ် ""ဟု တိုက်ကြီးမြို့နယ်ရှိ ပြည်သူတစ်ဦးကပြောသည်။

   စက်တင်ဘာ၂၃ရက် ည၈နာရီ၅၃မိနစ်ကလှုပ်ခတ်ခဲ့သည့်ငလျင် ကြောင့်တိုက်ကြီးမြို့နယ်ရှိ  ပန်းတပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်းအတွင်းရှိကျောင်းအဆောက်အဦး တစ်ခုလဲ အုတ်နံရံပြိုကျမှုဖြစ်ခဲ့ကြောင်း သိရသည်။
   
     ရန်ကုန်နှင့်ပဲခူးတို့တွင် ငလျင်များ လှုပ်ခတ်လျက်ရှိရာ စက်တင်ဘာ၂၃ရက် ညနေ ၅ နာရီ ၃၃ မိနစ် ဝန်းကျင်အချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၏ အနောက်ဘက် ၂၁ မိုင် အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၇ ငလျင် နှင့်ယမန်နေ့ည ၈ နာရီ ၅၄ မိနစ်အချိန် ပဲခူးမြို့၏ အနောက်တောင်ဘက် ၁၂ မိုင် ခန့် အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့် အတင့်ရှိသော မြေငလျင် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထား ပြီး စက်တင်ဘာ၂၄ရက်နံနက်၆နာရီ၃၀မိနစ်အထိ ဆက်လက်ထုတ်ပြန်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times