#Local_News
Published_ 10 October 2023


မြန်မာနိုင်ငံတွင်းရှိ ဖက်ရှင်ဝါသနာရှင်များအတွက် Goethe-Institut Myanmar နှင့် Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန)တို ပူးပေါင်းပြီး ဖက်ရှင်သင်တန်းကို အောက်တိုဘာ (၂၇) ရက်နေ့မှစတင်ပြီး အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း အဝတ်အထည်ဈေးကွက်၌ ဖက်ရှင်ဒီဇိုင်းနာအဖြစ်လည်းကောင်း၊ အဝတ်အထည်အမှတ်တံဆိပ်တစ်ခု ဖန်တီးသူအဖြစ် လည်းကောင်း၊ ရပ်တည်လိုသူများအတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလ (၆) လတာ ကြာမြင့်မည်ဖြစ်သည်။

 

အဆိုပါ အစီအစဉ်တွင် အောက်ပါဘာသာရပ်များကို ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များက စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ဘာသာရပ်အားဖြင့်Fashion Design ၊ Fashion Business၊Fashion Illustration၊Pattern Making, Draping and Sewing၊ Fashion History၊ Textileတိုပါဝင်မည်ဖြစ်ပြီး သင်ကြားပေးမည့် ဆရာများအဖြစ် ဦးစောမြင့်၊ရွှန်းလက်ပိုင်၊ဇင်မင်းသိုက်တိုပါဝင်မည်ဖြစ်သည်။

 

အောက်တိုဘာလ(၆)ရက်မှ (၁၅)ရက်အတွင်း (ည၁၂ နာရီအထိသာ) This email address is being protected from spambots. You need JavaScript enabled to view it.မှတစ်ဆင့် လျှောက်ထားနိုင်ပြီး စက်ချုပ်ပညာအသင့်အတင့်၊ပက်တန်ဘာသာရပ်အခြေခံအဆင့်တတ်မြောက်ထားသည့် အခြေခံပညာအထက်တန်းအဆင့်အထိတက်ရောက်ဖူးသူများတက်ရောက်နိုင်ကြောင်းနှင့်ကိုယ်တိုင်ဖန်တီးထားသောချုပ်လုပ်မှုဆိုင်ရာလက်ရာများ၊ဖန်တီးမှုဆိုင်ရာလက်ရာများတင်ပြရမည်ဖြစ်ကြောင်း Goethe-Institut Myanmar ၏ထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။

 

#Local_News #ဖက်ရှင်ဒီဇိုင်းနာ #ပြင်သစ်ယဉ်ကျေးမှုဌာန #ဖက်ရှင်သင်တန်း
#tthl #Yangon_Times