#Health_Matters
Published - 8 Oct 2022
- ဆင်တုပ်ကွေးကို ကြိုတင်ကာကွယ်လို့ရနိုင်မလား ဖြစ်လာရင်ကော ဘယ်လိုကုသခံရမလဲ??
#Yangon_Media_Group
#LocalNews
Published _ 8 October 2022
နိုင်ငံတကာအခေါ်အမည် ဒိုရီငါးလို့ခေါ်တဲ့ မြန်မာပြည်က ငါးဒန်ကို စနစ်တကျမွေးမြူပြီး ပြည်ပသို့တင်ပို့ရောင်းချဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 8 Oct 2022
- မြန်မာနိုင်ငံမှာ ဆင်တုပ်ကွေးဖြစ်ပွားမှုတွေ ဘယ်အခြေအနေမှာရှိပါသလဲ??
#Yangon_Media_Group
#LocalNews
Published_9 October 2022
ဘဏ်တွေက အပ်နှံထားတဲ့ သီးသန့်ပိုလျှံငွေတွေအပေါ်မှာ အတိုးပေးမယ်လို ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပြီး ကနဦးအတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အနည်းဆုံး ကျပ် ၁၀ ဘီလီယံနဲ့ အထက်ရှိတဲ့ သီးသန့်ပိုလျှံငွေအပေါ်သာ အတိုးပေးမှာဖြစ်ပြီး အများဆုံး ကျပ် ၅၀ ဘီလီယံအထိ ကန့်သတ်ထားပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 October 2022
၁။ ငါးဒန်ကို အဆင့်မြင့်မွေးမြူ၍ ပြည်ပသို့တင်ပို့သွားမည်
၂။ ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ပိုကုန်ရငွေ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံခန့်ရရှိထားပြီး ယမန်နှစ်ထက် ဒေါ်လာတစ်ဘီလျံကျော်ပိုမိုရရှိ
၃။ တစ်ပါတ်ကြာရပ်နားထားပြီးမှ မူဆယ်ကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်
၄။ ဘယ်လ်ဂျီယမ်ဘီယာထုတ်လုပ်ရေးမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများဖြင့် မှိုစိုက်ပျိုးသောလုပ်ငန်းတိုးတက်မှုရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 8 Oct 2022
- ဆင်တုပ်ကွေးလို့ ဘာဖြစ်လို့ခေါ်ကြတာလဲ။ အခြားတုပ်ကွေးတွေနှင့်ဘာကွာသလဲ??
#Yangon_Media_Group
#LocalNews
Published_9 October 2022
အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရွှေအတုံး/အခဲ (၁၀) ပိသာကျော်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ကြေညာထားသည်။
အဆိုပါ မီးလင်းရွှေအတုံးအခဲ (၁၀)ပိဿာကျော်ကို နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီထိ (အသင်းဝင်များမှအပ) မည်သူမဆို ရွှေ (၁)ကျပ်သားမှ (၁၀)ကျပ်သားအထိ ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူနှင့်အတူ YGEA အသင်းရုံးခန်းသို့ လာရောက် ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
အစိုးရဘက်မှ ရွှေဈေးနှုန်းကျဆင်းစေဖို့အတွက် ရွှေစင်ရွှေတုံးနှင့် ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်ခဲ့ကာ ရန်ကုန်ရွှေဈေးကွက်အတွင်းမှာလည်း အဝယ်ထက် အရောင်းသာပိုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။
ယနေ့အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ထုတ်ပြန်ထားသည့်အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၉၈၈၀၀၀ ဖြစ်ပြီး ယင်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
Page 1680 of 2197