#Local_News
Published_ 13 September 2022
ဂျိုင်း(ကော့ကရိတ်)တံတားကို နည်းပညာသစ် ထည့်သွင်းအသုံးပြုထားသည့် ပင်မတံတား ကြမ်းခင်းအစိတ်အပိုင်းများနှင့် ကြိုးဆိုင်းများ ချိတ်ဆက်မှုတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၁၁ ရက်က အတ္ထရံတံတား၊ ဂျိုင်း (ဇာသပြင်) တံတား ၊ ဂျိုင်း (ကော့ကရိတ်) တံတားနှင့် ကရင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးအပိုင်းတွင် ပါဝင်သည့် အတ္ထရံတံတား A1 Side နှင့် A2 Side တို့တွင် တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေပြီး ဂျိုင်း (ဇာသပြင်) တံတား၌ Bored Pile လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်များ၌ မျိုးဆက်သစ်အင်ဂျင်နီယာများအား တံတားတည်ဆောက်ရေး နည်းပညာများမျှဝေသင်တန်းပေးလျက်ရှိကြောင်း သိရပါတယ်။
အတ္ထရံတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်၌ မျိုးဆက်သစ်အင်ဂျင်နီယာများကို ယခုလမ်းအပိုင်းရှိ တံတားကြီး (၃) စင်း ၊ ရန်ကုန်ရှိ ပဲခူးမြစ်ကူးတံတားအမှတ် (၃) နှင့် ဒလတံတားတည်ဆောက်ရေးလုပ်ငန်းများတွင် နည်းပညာအတွေ့အကြုံရရှိစေရန် အုပ်စု(၃) စုခွဲ၍ စေလွှတ်ထားတာ ဖြစ်ပါတယ်။
ဆက်လက်၍ ဝန်ကြီးသည် ဂျိုင်း (ဇာသပြင်) တံတားဟောင်း ကြံ့ခိုင်မှု၊ တံတားသစ်၏ Bored Pile လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိန္ဒု - ကော့ကရိတ် လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published-12 September 2022
လက်ရှိပြည်ပကို ပဲတင်ပို့မှုအခြေအနေမှာ လက်ကျန်ပဲတွေကိုသာ တင်ပို့နေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 12 September 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ မိုးသီးနှံနှင့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲပုပ်ဧက ၃၇၀၀ ကျော်စိုက်ပျိုးခဲ့ပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာတော့ ပဲပုပ်ဧက ၁သောင်းအထိ စိုက်ပျိုးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 12 September 2022
လာမယ့် သီတင်းကျွတ်လဆန်းပိုင်းလောက်ကစပြီး ကျိုက်ထီးရိုး၊ စားသောက်တန်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်နဲ့အခြားဆိုင်းခန်းပေါင်း(၁၀၀)ကျော်ကို ပြန်ဖွင့်သွားဖို့ရှိတယ်လို့ ကျိုက်ထီးရိုးရှိစားသောက်ဆိုင်ပိုင်ရှင် ဦးကြည်လွင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 12 September 2022
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွေကျွန်းမှာရှိတဲ့ ဇိမ်ခံဟိုတယ် (Chaweng Blue Lagoon The Teak Wing) မှာ ထိုင်းဘတ် ၁၄ သန်းနီးပါး တန်ဖိုးရှိတဲ့ပစ္စည်းတွေအခိုးခံရတဲ့ကိစ္စမှာ မြန်မာနိုင်ငံသား ၃ ယောက် ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 12 September 2022
၁။ ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်နှင့် ထမင်းဆိုင်များ ပြန်ဖွင့်ရန်ပြင်ဆင်နေ
၂။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲပုပ်ဧက ၁သောင်း တိုးချဲ့စိုက်ပျိုးသွားမည်
၃။ လက်ကျန်ပဲများကိုသာ ပြည်ပသို့တင်ပို့နေရဟုဆို
၄။ နိုထာဒမ်းဘုရားကျောင်းမှ ပျက်စီးသွားသောပန်းချီပိတ်ကားများအား အချိန်မီပြီးစီးအောင် မွမ်းမံလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published 12 Sept 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် အစောပိုင်း ၅ နာရီအချိန်ခန့်မှစ၍ ရေများတဖြည်းဖြည်းပြန်လည် မြင့်တက်လျက်ရှိပြီး ယခုအချိန်၌ စိုးရိမ်ရေမှတ်အထက်ကျော်လွန်လျက်ရှိနေပါတယ်။
#Yangon_Media_Group
Page 1682 of 2142