#Local_News
Publushed-22 February 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ (၁၂)ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦဆောက်လုပ်ရန်အုတ်မြစ်ချနေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့် အချိန်က မြေပြိုကျမှု ဖြစ်စဉ်သတင်းရရှိသဖြင့် ခရမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက် ထိခိုက်ဒဏ်ရာရသော အမျိုးသား ၂ ဦးအား ခရမ်းကြက်ခြေနီအသင်းမှယာဉ်ဖြင့် ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြကြောင်းနှင့် ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။

 

#ymg/mt#ခရမ်းမြို့#မြေပြိုကျမှုဖြစ်ပွား
#Yangon_Media_Group#YMG