#Local_News
Published_1 November 2022
သွင်းကုန်ပစ္စည်းတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲငွေ အပါအဝင် အခြားဝင်ငွေများကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
သွင်းကုန်တင်သွင်းသူများ အနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာသက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို ဘဏ်စနစ်ဖြင့်ဆောင်ရွက်ရာတွင် ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။
သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေရောက်ကြောင်း သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီကတင်ပြလာသော ပို့ကုန်မှ ရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေပမာဏသက်ရောက်မှုကို စိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သည့် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်ကြေညာလွှာဖွင့်လှစ်ရာ၌ ပို့ကုန်မှရရှိသည့်ဝင်ငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှထုတ်ပေးသည့်အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်ထားမှုကို နိုဝင်ဘာ ၁ ရက်မှစတင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကြောင့် အောက်တိုဘာလ ၁ ရက်အထိလျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်မည်မဟုတ်ဘဲ အဆိုပါရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို နိုဝင်ဘာလ ၃၀ ရက်မတိုင်ခင် ပြီးပြတ်အောင်တင်သွင်းကြရန်နှင့် သတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်ပျက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယင်းသို့တင်သွင်းခွင့်ပြုရာတွင်လည်း ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေဝင်ရောက်မှုများနှင့် ပတ်သက်၍ ဧပြီလ တစ်ရက်နောက်ပိုင်းမှဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့တင်သွင်းခွင့်ပြုရာတွင်လည်း ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေဝင်ရောက်မှုများနှင့် ပတ်သက်၍ ဧပြီလ တစ်ရက်နောက်ပိုင်းမှဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_31 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ခြောက်လကျော် ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ ၃၆၅ သန်းကျော်မြင့်တက်လာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-31 October 2022
ရွှေဈေးကွက်အတွင်း မှောင်ခိုဈေးကွက်မရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 31 October 2022
တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးထိန်းချုပ်ရန်နဲ့ ပို့ကုန်၊ သွင်းကုန် ကုန်ပစ္စည်းတင်ယာဉ်တွေကို ခွဲခြားသိရှိနိုင်ဖို့ ယာဉ်ပါ၊ ကုန်ပါ စာရင်းချုပ်ပုံစံကို လာမယ့်နိုဝင် ဘာလ ၁ ရက်နေ့ကစပြီးအကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနမှ ကုန်စည်ပို့ဆောင်ရေး အသင်းတွေဆီ အသိပေးအကြောင်းကြားထားရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 31 October 2022
ဆောင်းအဝင်ကာလတွေမှာ ကလေးငယ်တွေမှာ ဆောင်းတုပ်ကွေးဖြစ်တာ၊ဝမ်းပျက်ဝမ်းလျောဖြစ်တာနဲ့ ကိုဗစ်ကူးစက်တာတွေကိုသတိပြုဖို့လိုတယ်လို့ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာခင်ခင်ထား ကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 31 October 2022
၁။ ဆောင်းအဝင်ကာလတွင် ဆောင်းတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျောနှင့် ကိုဗစ်ဖြစ်ပွားမှုများ သတိပြုရန်လို
၂။ တရားမဝင်ကုန်သွယ်မှုအား ထိန်းချုပ်ရန် ယာဉ်ပါ၊ ကုန်ပါ စာရင်းချုပ်ပုံစံပြုလုပ်ရမည်ဟုဆို
၃။ ရွှေဈေးကွက်အတွင်း မှောင်ခိုဈေးကွက်မရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်သာရှိဟုဆို
၄။ ဒိုင်နိုဆောင်အရိုးစုလေလံတင်ရောင်းချခြင်းအပေါ် သိပ္ပံပညာရှင်များစိုးရိမ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 31 October 2022
လာမယ့်နိုဝင်ဘာလလယ်မှာ မြောက်ပြန်လေတွေတိုက်လာမှာဖြစ်ပြီး ဆောင်းစဝင်ကာ ရာသီဥတုအေးမြလာမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 1681 of 2245