#Local_News
Published_ 29 December 2022
ဒီဇင်ဘာ (၂၂) ရက်နေ့စာရင်းများအရ YBS စီးနင်းသူအရေအတွက်မှာ ၁.၆ သန်း အထိရှိကြောင်း YRTC ရဲ့ ဒုတိယဥက္ကဋ္ဌက ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းကပြုလုပ်တဲ့ YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့တွင်း သွားလာရန်အတွက် YBS မှာ အဓိကအကျဆုံး ဖြစ်သဖြင့် ယာဉ်မောင်းတစ်ဦး၏ တာဝန်ယူသယ်ယူပိုဆောင်ရတဲ့ နေ့စဉ်ပျှမ်းမျှ ခရီးသည် ၄၀၀ ဦးရဲ့ အသက်မှာ ယာဉ်မောင်းများလက်တွင်ရှိကြောင်း ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။
ထို့နောက် ယာဉ်မောင်းများ သိသင့်သိထိုက်တဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးချက်များ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ယာဉ်မောင်း တစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကို တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့် မန်က ဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ YRTC ၏ ဥပဒေပညာရှင်၊ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)၊ YRTC ကော်မတီဝင်တို့က ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပိုချခဲ့ပါတယ်။ အသိပညာပေးဆွေးနွေးပွဲသို့ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ YBS ယာဉ်မောင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
YRTC အနေဖြင့် YBS ယာဉ်စီးရေ ၃၅၀၀ စီးခန့်ကို စီမံကြီးကြပ်ပေးရတဲ့ အဖွဲ့ အစည်းဖြစ်ပြီး၊ YBS၊ City Taxi၊ ကုန်စည်နှင့် အဝေးပြေးယာဉ်များကို ကြီးကြပ် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 December 2022
မြန်မာနိုင်ငံမှာ Bright Energy နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းသွားမယ်လို ထိုင်း စွမ်းအင်ကုမ္ပဏီ PTT ရဲ့ လက်အောက်ခံ PTTOR ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
#Yangon_Media_Group
#World_Cup
Published 28 December 2022
အာဂျင်တီးနားမြို့တော် ဗျူနိုအေးရီးစ်မှာ တက်တူးထိုးဆရာတွေ အလွန်အလုပ်များနေကြပြီး ဘောလုံးပရိသတ်တွေက ကမ္ဘာ့ဖလားဆုကြီးကိုကိုင်မြှောက်နေတဲ့ 'လီယွန်နယ်မက်ဆီ'ရဲ့ပုံကို အလုအယက်ထိုးနေကြပါတယ်။
#Yangon_Media_Group
#Local_News
Published_28 December 2022
ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၆၂ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_28 December 2022
မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို ပိတ်ထားတဲ့အတွက် ကုန်ကားတွေအနေနဲ့ ရပ်ထားရတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 December 2022
လာမယ့်ပညာသင်နှစ်မှာ မျက်စိမှုန်တဲ့ကလေးငယ်တွေကို ကျောင်းတွေမှာ မျက်စိအခမဲ့စမ်းသပ်ပေးတာ၊ မျက်မှန်အခမဲ့ပေးတာတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 28 December 2022
၁။ လာမည့်ပညာသင်နှစ်တွင် မျက်စိမှုန်သည့်ကလေးများအား မျက်စိအခမဲ့စစ်ပေးပြီး မျက်မှန်အခမဲ့ပေးမည်
၂။ မြဝတီလမ်းပိုင်းပိတ်ထားမှုကြောင့် ကုန်ကားများရပ်ထားရဟုဆို
၃။ သတ္တုတွင်းထွက်ပစ္စည်းပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၆၂ သန်းရရှိထား
၄။ ကမ္ဘာ့ဖလားပိုးဝင်နေကြသည့် အာဂျင်တီးနားသားများ မက်ဆီနှင့်ကမ္ဘာ့ဖလားဆုပုံကို အလုအယက်တက်တူးထိုးနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1683 of 2369