#Local_News
Published_ 21 February 2023

 

ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရသည်။

 

ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖောက်လာသည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ကွယ်လွန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

သရုပ်ဆောင် ဝေဠုကျော်က "ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

သီဟတင်စိုးသည် ဗီဒီယိုဇာတ်ကားများခေတ်ကောင်းစဉ်က နယ်ချဲ့ တော်လှန်ရေးဇာတ်ကားများဖြင့် နယ်ပရိသတ်များ၏ အထူးအားပေးမှုခံခဲ့ရသူဖြစ်ကာ ၂၀၀၀ ပြည့်နှစ်က ငရဲသားဇာတ်လမ်းဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုများ ရရှိခဲ့သူလည်း ဖြစ်သည်။ 

#ymg/mt
#Yangon_Media_Group