#Local_News
Published _ 20 July 2022
Solar မီးပေးစနစ်ပါဝင်သည့် ဝေဘာဂီအထူးကုဆေးရုံကြီးအား နိုင်ငံတကာအဆင့်မီ ဆေးရုံအဖြစ် စံနမူနာပြဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဝေဘာဂီအထူးကုဆေးရုံကြီး၌ Asia World ကုမ္ပဏီမှဆောက်လုပ်လှူဒါန်းထားသည့် ခုတင် ၁၂၀ ဆံ့ သုံးထပ် လူနာဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ဇူလိုင်လ ၁၈ ရက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ သွားရောက်ကြည့်ရှုစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခု သုံးထပ်လူနာဆောင်သစ်မှာ လူနာတွေထားဖိုအတွက် အဆောက်အဦးပြင်ဆင်တဲ့အပိုင်းကိုပြည့်စုံအောင်လုပ်ထားပြီး Solar မီးပေးစနစ် Wifi စနစ်တွေ ပြည့်စုံတာကိုတွေ့ရပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ယင်းအပြင် ဝေဘာဂီအထူးကုဆေးရုံကြီးအား National Center for Infectious Diseases အဖြစ်တည်ထောင်နိုင်ရန် မျှော်မှန်းထား၍ ရေရှည်တွင် ကူးစက်မြန်ရောဂါလူနာများ အဓိကတက်ရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီဆေးရုံအဖြစ် စံနမူနာပြဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများနှင့် ဝန်ထမ်းများအား တစ်ဆင့်ချင်းဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ပေးမည်ဟုလည်း သိရသည်။
"ဆေးရုံကြီးကို အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုပြီး ရေရှည်ကောင်းမွန်အောင်လည်း အဆောက်အဦပြင်ဆင်ထိန်းသိမ်းတာကို ပုံမှန်ဆောင်ရွက်ရပါမယ်"ဟု ပြည်ထောင်စုဝန်ကြီးမှ ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် Negative Pressure ဖြင့် လူနာများထားရှိနိုင်မည့် သီးသန့်ခန်းများ၊ အထူးခန်းများ၊ အထူးကြပ်မတ်ကုသဌာနများ၊ အဆောက်အဦးတွင် တပ်ဆင်ထားသည့် Wifi စနစ်၊ လူနာများအတွက် ရုပ်မြင်သံကြားလိုင်းများကြည့်ရှုနိုင်မည့်စနစ်၊ လူနာခန်းများနှင့်ဆရာဝန်ခန်းများ ဆက်သွယ်နိုင်ရန် အင်တာကွန်းတပ်ဆင်နေမှု၊ Solar ဖြင့် မီးပေးစနစ်နှင့် Transformer တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_19 July 2022
ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမားတွေမှာ ကိုဗစ်ပါလာနိုင်ပေမဲ့လည်း သူတို့ကို တခြားသူတွေနဲ့ ထိတွေ့မှုမရှိရအောင် သီးသန့် ကွာရန်တင်းထားပြီး စနစ်တကျ ကြိုတင်ကာကွယ်ထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 19 July 2022
ဇူလိုင်(၁၆)ရက် သောကြာနေ့ ညက ဒန်ဗာမြို့အရှေ့ပိုင်းမှာ သေနတ်ပစ်ခတ်ခံရမှုကြောင့် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ CBS သတင်းဌာနက ကြေညာသွားပါတယ်။ မြောက်ဇင်နီးယားလမ်းက ဘလောက် ၁၃၀၀ မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။
ဇင်နီးယာလမ်းပေါ်က Hidden Brook အိမ်ရာအပြင်ဖက်မှာတော့ မခိုင်စီးခဲ့တဲ့ ကြိုးသိုင်းဖိနပ်ကလေးက အောက်မေ့ဘွယ် အဖြစ် ကျန်ရစ်ခဲ့ပါတယ်။
“ သူမဟာ ရိုးသားတဲ့ အရပ်သူတစ်ဦးလိုပါပဲ” လို့ မခိုင်နှင့် ၁၀နှစ်တာသိကျွမ်းခဲ့တဲ့ ကိုလှိုင်သန်းဆိုသူက CBS ရုပ်သံကိုပြောပါတယ်။ “ သူမဟာ အမြဲတမ်းတက်ကြွနေယ်။သနားကြင်နာတတ်တယ်။ လူတွေကိုကူညီတတ်တယ်။ အမြဲတမ်းလည်း အကောင်းမြင်တတ်သူဖြစ်တယ်” လို့ ကိုလှိုင်သန်းက ပြောပါတယ်။
အဲဒီတိုက်ခန်းတွဲကြီးရဲ့အပြင်ဘက်မှာ သောကြာနေ့ည သေနတ်ပစ်မှုကြောင့် မခိုင်တစ်ဦးတည်းပဲ ထိမှန်သေဆုံးခဲ့ရတာဖြစ်တယ်လို့ သူမရဲ့ မိတ်ဆွေတွေနှင့် အိမ်နီးချင်းတွေက ပြောပါတယ်။
ရဲတွေက အခင်းဖြစ်ပွားမှုနှင့်ပတ်သက်လို့ အချက်အလက်အချို့သေးစိတ်ထုတ်ပြန်တဲ့အချိန်မှာပဲ မခိုင်ဟာ ရည်ရွယ်ထားတဲ့ ပစ်မှတ်တစ်ခုမဟုတ်ဘဲ နေရာမှားကို အချိန်မှားရောက်လာခဲ့ရသူသာဖြစ်တယ်လို့ ရပ်ကွက်ကသူတွေက ပြောဆိုကြပါတယ်။
“ ဒါဟာ လမ်းတစ်ဖက်က ဖရီးဒမ်းပန်းခြံက အော်တိုမက်တစ်လက်နက်တစ်ခုကနေ ရမ်းပစ်လိုက်တဲ့ ကျည်ဆံပဲဖြစ်တယ်” လို့ Hope Communities ရဲ့ ဥက္ကဋ္ဌနှင့် စီအီးအို ရှာရွန်နိက်ကပြောပါတယ်။
ကလေး(၄)ယောက်ရဲ့ မိခင် မခိုင်ဟာ ရပ်ကွက်အသင်းဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ မခိုင်ဟာ အမေရိကန်ကို ဒုက္ခသည် တစ်ဦးအဖြစ်ရောက်ရှိခဲ့ပြီး သိပ်မကြာသေးခင်ကပဲ “ တော်ဝင်” ဆိုတဲ့အမည်နှင့် ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခု ဖွင့်ထားတာဖြစ်ပါတယ်။
“ အသက်၂၀ အရွယ်ရှိတဲ့ သူ့သားက သူ့အမေကိုပွေ့ဖက်ထားတယ်။ အမေဖြစ်သူက အသက်ငင်နေပြီ၊ သူက ၉၁၁ ကို ငါးခါ တောင်ဖုန်းဆက်ခေါ်တယ်” လို့ နိုက်ကဆက်ပြောပါတယ်။
မိသားစုဝင်တွေက ၉၁၁ ကို ကြိမ်ဖန်များစွာဖုန်းဆက်ကြတယ်။ ဖုန်းကိုင်သူက ဖုန်းချချပစ်လိုက်တယ်လို့ အိမ်နီးချင်းတွေက ပြောကြပါတယ်။ အရေးပေါ်ဆေးအဖွဲ့တွေနောက်တော့ ကူညီဖို့ ရောက်လာကြပါတယ်။ ဒါပေမယ့် အကြာကြီးစောင့်ပြီးမှ ရောက်လာကြတာလို့ သူတို့ကပြောပါတယ်။
“တစ်ခုခုတော့ တကယ့်ကိုမှားနေပြီ။ သူမအတွက် ကျွန်တော်တို့ တကယ်ဝမ်းနည်းတယ်။ ကျွန်တော်တို့ သတိရနေတော့မှာ” လို့ ကိုလှိုင်သန်းကပြောပါတယ်။
မခိုင်မှာ အသက်အာမခံလုပ်မထားဘူးလို့ နိုက်ကပြောပါတယ်။ အဲဒါကြောင့် သူမရဲ့ အသုဘအခမ်းအနားအတွက် ရပ်ကွက်မှာ ရန်ပုံငွေရှာပေးနေတယ်လို့လည်း သူမက ဆက်ပြောပါတယ်။ တနင်္လာညတုန်းက အဲဒီအိမ်ရာတွဲမှာ မခိုင်အတွက် ဝမ်းနည်းခြင်း အောက်မေ့ဘွယ်အခမ်းအနားကလေးတစ်ခုလုပ်ပေးခဲ့တယ်လို့ CBS က သတင်းပေးပို့ပါတယ်။
#Source_CBS4
#Ma_Khaing_Died_in_Denver
#US_Denver_Shooting
#Myanmar_Woman_Died_in_US_Shooting
#LocalNews
Published_19 July 2022
တရားမဝင်တဲ့လမ်းကြောင်းကနေ သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ ဆက်တိုက်ဆိုသလို အဖမ်းခံနေရတာကြောင့် ထိုင်းအချုပ်ထောင်တွေမှာတောင် ပြည့်ကျပ်နေပြီလို့ သိရပါတယ်
#Yangon_Media_Group
#LocalNews
Published - 19 July 2022
ဇူလိုင် ၁၅ ရက်ကနေစတင်ပြီးတရုတ်-မြန်မာနယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိ ပိတ်တယ်ဆိုတဲ့သတင်းဟာ အမှားသာဖြစ်တယ်လို မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_19 July 2022
ကော့သောင်းမြို့၏အမြင့်ဆုံးတောင်ပေါ်သို့ Cable ရထားဖြင့်တက်ရောက်နိုင်မည့် စီမံကိန်းတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့က သိရသည်။
ယင်းစီမံကိန်းတွင်ကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၏ ၁၁၉၉ တောင်ကုန်းပေါ် မြေအကျယ်အဝန်း ၁၉၇ ဧက ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ကြယ်သုံးပွင့်အဆင့်၊ကြယ်လေးပွင့်အဆင့် အခန်း(၇၀)ပါတောင်ခြေဟိုတယ်နှင့်ဗီလာအလုံး(၃၀)၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသည့် Resortများ၊ Holiday Homes အပန်းဖြေလုံးချင်းအိမ်ရာအလုံး(၃၀) ၊တနင်္သာရီတိုင်း၏သမိုင်းကြောင်း၊ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုသမိုင်းကြောင်း တို့ကိုခင်းကျင်းပြသမည့်ကမ္ဘာ့အဆင့်မီ မြိတ်ကျွန်းစု ၏ အဏ္ဏဝါပြတိုက်၊ ဆလုံရွာပုံစံငယ်နှင့်ဈေးဆိုင်ခန်းများ၊တောင်ပေါ်သို့တက်ရောက်မည့် Cableရထား၊သံလမ်း၊ဘူတာရုံ နှင့်မော်တော်ယာဉ်လမ်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း (Environmental Impact Assessment- EIA) ဆိုင်ရာကိစ္စများကို ဇူလိုင်လ ၁၄ ရက်က ရှင်းလင်းခဲ့ကြကြောင်း၊ရင်းနှီးမြှုပ်နှံမှုမှာ မြန်မာငွေကျပ် ၁၀၅ဘီလီယံခန့်ဖြစ်ကာ စီမံကိန်းကာလ (၅)နှစ် သတ်မှတ်ထားကြောင်းလည်း နစက က ထုတ်ပြန်ထားသည်။
ယင်းစီမံကိန်း၏ ရည်ရွယ်ချက်မှာ ကော့သောင်းဒေသခံများနှင့်တိုင်းရင်းသားများအလုပ်အကိုင်အခွင့်အလမ်းများရရှိလာရန်၊ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာရန်၊ပြည်တွင်းနှင့်နိုင်ငံခြားခရီးသွားဧည့်သည် များပိုမိုလာရောက်လည်ပတ်နိုင်ရန်၊ ကော့သောင်းဒေသ၏ဆလုံတိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းများကို ပိုမိုထိန်းသိမ်းနိုင်ကာ ကမ္ဘာမှပိုမိုသိရှိလာနိုင်ရန်၊၊စီမံကိန်းနှင့်ဆက်စပ်၍ အခြားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေးလွယ်ကူစေရန်၊ ပြည်တွင်းရင်းနှီးမြုပ်နှံမှုများသာမက ပြည်ပရင်းနှီးမြုပ်နှံမှုများကိုပါ ကော့သောင်းဒေသအတွင်းသို့ လာရောက်ရန်ဆွဲဆောင်နိုင်စေရန် စသည်တို့ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_19 July 2022
ပဲခူးစက်မှုဇုန်မှာရှိတဲ့ ကိုရီးယားအထည်ချုပ်စက်ရုံစီမံကိန်း တစ်ခုလုံးပြီးစီးတဲ့အခါ ဒေသခံ တစ်သောင်းနှစ်ထောင်နီးပါး အလုပ်အကိုင် ရရှိကြမှာဖြစ်တယ်လို့ သိရပါတယ်
#Yangon_Media_Group
Page 1676 of 2013