#Local_News
Published_ 24 May 2022
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာတွင် အခန်းတန်ဖိုးငွေ အကြေပေးသွင်းဝယ်ယူထားသူများကို အိမ်ပေါ်တက်ရောက် နေထိုင်ခွင့်ပြုသည့် အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ မေ ၃၀ ရက်မှ စတင်ပြီး နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။
အိမ်ခန်းဝယ်ယူရန် DUHD Sale Housing Facebook Page မှ လျှောက်ထား လာသူများအနက် အခန်းမဲနှိုက်ခွင့် ရရှိသူများစာရင်းကို ကြေညာပြီး မတ် ၃၀ ရက်က Live လွှင့်ကာ သက်ဆိုင်ရာအိမ်ရာ အမျိုးအစားအလိုက် မဲပေါက်သည့်အခန်းများကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် အိမ်ခန်းဝယ်ယူခွင့် အကြောင်းကြားစာများကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထုတ်ပေးခဲ့ပြီး CHID Bank ဘဏ်သို့ဆက်သွယ်ကာ အခန်းတန်ဖိုးငွေပေးသွင်းဝယ်ယူရေး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -24 May 2022
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
အဲဒီ့လိုဖွင့်လှစ်နိုင်ဖို့ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ ဥက္ကဌဆရာတော်နဲ့ဒုဥက္ကဌဆရာတော်တို့က မေလ(၂၃)ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်၊၊
မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ဖို့ သင်ရိုးညွှန်းတမ်းရေးဆွဲတာ၊သင်ရိုးမာတိကာနဲ့ သင်တန်းပြဌာန်းစာအုပ်တွေ ပြုစုဖို့လုပ်ငန်းအဖွဲ့လည်း ဖွဲ့စည်းဆောင်ရွက်နေပြီလို့ သိရပါတယ်၊၊
မြန်မာ့ပြက္ခဒိန်တွက်နည်းစနစ်တွေ၊ မဟာသင်္ကြန်စာရေးသားပြုစုနည်းတွေ တိမ်ကောပပျောက်မှုမရှိအောင် မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ဦးဆောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Health_Tips
Published 24 May 2022
ရယ်မောခြင်းက ကျန်းမာရေးအတွက်အထောက်အကူပြုသကဲ့သို့ ကခုန်ခြင်းကလည်း နာတာရှည်ရောဂါနဲ့ စိုးရိမ်ပူပန်စိတ်တွေကိုလျှော့ချပေးနိုင်ကာ သဘာဝဆေးတစ်ခွက်ဖြစ်လာနိုင်ပြီး အယ်လ်ဇိုင်းမားလူနာတွေမှာလည်း စိတ်အခြေအနေတိုးတက်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ထင်ရှားတဲ့သိပ္ပံပညာစာရေးဆရာ ဘူမိဗေဒပညာရှင်ဟောင်း'စတဲဗာတန်'က ဝါရှင်တန်ပိုစ်အတွက်ရေးသားဖော်ပြခဲ့ရာမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကခုန်ခြင်းဖြင့် တစ်ယောက်တည်းအထီးကျန်ခက်ခဲနေရတာကို ကူညီဖြေဖျောက်ပေးနိုင်ကြောင်း ဖော်ပြခဲ့ပြီး ဦးနှောက်အတွက်ကောင်းကျိုးပြုပေးနိုင်ကြောင်း ပညာရှင်များကသဘောတူခဲ့ပါတယ်။
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ကျန်းမာရေးအခြေအနေတို့က ဆက်စပ်မှုရှိနေကြပြီး ကခုန်ခြင်းက ပို၍ပင်အကျိုးကျေးဇူးရရှိနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
နေ့စဉ်ကခုန်ခြင်းဖြင့် စိုးရိမ်ပူပန်ခြင်းလက္ခဏာများလျှော့ချနိုင်ခြင်း၊ နာတာရှည်လက္ခဏာခံစားရမှုထိန်းချုပ်နိုင်ခြင်း၊ အယ်လ်ဇိုင်းမားရောဂါလူနာတွေရဲ့ အခြေအနေတိုးတက်လာခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း 'ဗာတန်'ရဲ့အဖေနာမကျန်းဖြစ်ခြင်း၊ ကိုဗစ်နဲ့ရင်ဆိုင်ရတဲ့အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာခက်ခဲခဲ့ရကြောင်း 'ဗာတန်'ကရေးသားခဲ့ပါတယ်။
ဒီအခြေအနေတွေမှာ ကခုန်ခြင်းဖြင့် သူမရဲ့ စိုးရိမ်ပူပန်စိတ်တွေ သက်သာပြေလျော့သွားတာကို တွေ့ရှိခဲ့ပါတယ်။
ကခုန်ခြင်းမှာ ကိုယ်လက်လှုပ်ရှားမှုအကျိုးဆက်တွေအပြင် စိတ်ပိုင်းဆိုင်ရာခံစားမှုတွေပါ ပါဝင်လာပါတယ်။
ကခုန်ခြင်းက စက်ဘီးစီးခြင်းလို သာမန်လှုပ်ရှားမှုထက်စာရင် ပိုပြီးကွဲပြားခြားနားနေတယ်လို့ ဖီလာဒယ်လ်ဖီယာ ဒရက်ဆဲတက္ကသိုလ်မှဒေါက်တာ'ဂျေ့စ်လင်ဘီယွန်ဒို'က ဝါရှင်တန်ပိုစ်ကိုပြောကြားသွားပါတယ်။
ကခုန်ခြင်းက လှုပ်ရှားမှုပုံစံတစ်မျိုးတည်းမဟုတ်ဘဲ ကိုယ့်စိတ်ကြိုက်လှုပ်ရှားနိုင်တယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်တဲ့ စိတ်ကစဉ့်ကလျားရောဂါလက္ခဏာတွေကိုလည်း ကုသပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
၂၀၂၁ ခုနှစ်က 'ဘီယွန်ဒို'ဦးဆောင်တဲ့လေ့လာမှုမှာ ကခုန်ခြင်းကုထုံးများက စိတ်ကစဉ့်ကလျားဝေဒနာရှင်တွေမှာ အာရုံချောက်ခြားခြင်း၊ အကြောက်လွန်ခြင်း၊ ကယောက်ကတမ်းဖြစ်နိုင်ချေတို့ကို သက်သာစေတယ်လို့ တွေ့ရှိထားပါတယ်။
တစ်ဦးတည်းကခုန်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်သလို ကုထုံးပညာရှင်နဲ့တိုင်ပင်လေ့ကျင့်ပါက ပိုမိုထိရောက်လာနိုင်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published_ 24 May 2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက် ညနေ ၆ နာရီခန့်က မိုးညှင်းမြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီးအောင်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မန္တလေးမှမိုးညှင်းသို့ သန်းဇော်မောင်းနှင်သည့် FUSO ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၄၂ သိန်း တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မန္တလေးတိုင်း ဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
တာချီလိတ် မေ ၂၃
နစက ဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့်အဖွဲ့ဝင်တွေဟာ ယနေ့ နေ့လည် ၁၂ နာရီအချိန်က နေပြည်တော်မှတပ်မတော်လေယာဥ်ဖြင့် တာချီလိတ်လေဆိပ်သို့ပြန်လည်ရောက်ရှိလာပြီးနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား( ၂)မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
#LocalNews
Published - 23 May 2022
ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများ ထပ်တိုးရောက်ရှိလာပြီး လက်ရှိတွင် ၄င်းတို့
စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလိုအပ်မှုတွေရှိ နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -23 May 2022
လုပ်ငန်းခွင်မှာထိရောက်စေမယ့် Business Writing (လုပ်ငန်းပိုင်းဆိုင်ရာအရေးအသားများ)နဲ့ ပတ်သက်လို့ဗြိတိသျှကောင်စီက အွန်လိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်၊၊
မေလ (၂၉) ရက် (တနင်္ဂနွေနေ့) ညနေ၆း၀၀နာရီမှာ အွန်လိုင်းကတစ်ဆင့်ဆွေးနွေးပွဲပြုလုပ်သွားမှာဖြစ်ပြီး Business Writing (လုပ်ငန်းပိုင်းဆိုင်ရာ အရေးအသားများ) နဲ့ပတ်သက်လို့ လုပ်ငန်းပိုင်းဆိုင်ရာ အရေးအသားတွေရဲ့ အရေးကြီးတဲ့အရာတွေကို ဗြိတိသျှကောင်စီရဲ့အတွေ့အကြုံရင့် ဆရာ Patrick မှဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ လုပ်ငန်းခွင်အတွင်း ထိထိရောက်ရောက်ရေးသားဆက်သွယ်နိုင်စေရန်အသုံးဝင်တဲ့ အရည်အချင်းတွေနဲ့ နည်းဗျူဟာတွေကို လေ့လာသင်ယူရမှာဖြစ်ပါတယ်၊၊
အွန်လိုင်းဆွေးနွေးပွဲတက်ရောက်ရန်အတွက်
https://bit.ly/3MkA8KH လင့်ခ်မှာစာရင်းပေးသွင်း နိုင်ပါတယ်၊၊
Professional Business Skills အင်္ဂလိပ်စာသင်တန်းအကြောင်းကို https://bit.ly/36Ezrgk
မှာလေ့လာနိုင်ပြီး ဝင်ခွင့်စာမေးပွဲနဲ့သင်တန်းအကြောင်းဆွေးနွေးမှုအတွက် https://sforce.co/3L9amJ9နဲ့ https://bit.ly/3uQQPYS လင့်ခ်တို့ မှာ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1671 of 1871