#local_news
Published_ 12 March 2023
မတ် ၁၂ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၈/၆ နှင့် ၃၈/၇ ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော အုန်းသီးများတင်ဆောင်လာသည့် HINO RANGER အမျိုးအစား ခေါင်းစိမ်း/မီးခိုး ရောင်ကြား ယာဉ်(၁)စီးသည် တံတားဘေးကာရန်ထားသော ကွန်ကရစ်အကာနံရံအားတိုက်မိပြီး နံရံကျိုးကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရပါတယ်။ ယာဥ်တိမ်းမှောက် မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းနှင့် ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ ယာဥ်တိမ်းမှောက် မှုကြောင့်ယာဉ် မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား လူနာတင်ယာဉ်ဖြင့်ပဲခူးပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published_ 12 March 2023
ပြည်ပမှတင်သွင်းလာသည့် အရည်အသွေးနိမ့်သံထည့်ပစ္စည်းတွေကိုထိန်းချုပ်ကာကွယ်နိုင်မည့် Myanmar Industrial Standard (MID)ပေါ်ပေါက်လာဖို့ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အနေဖြင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သံမဏိလုပ်ငန်းရှင်များအသင်းဥက္ကဌဦးခင်မောင်တင့်ကမတ်လ၁၁ရက်နေ့မှာပြုလုပ်သည့် သံမဏိလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည်အစည်းဝေးမှာပြောဆိုလိုက်သည်။ သံမဏိလုပ်ငန်းနှင့်စီးပွားရေးဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ကျရာအခန်းမှာပူးပေါင်းပါ၀င်ဆောင်ရွက်ဖို့ရည်ရွယ်ထားကြောင်းနှစ်စဥ်သံနှင့်သံမဏိဆက်စပ်ပစ္စည်းတန်ချိန်၃သန်းခန့်တင်သွင်းနေကြောင်းအဆိုပါအသင်းမှသိရသည်။ သံမဏိလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ငည့်ရင်းနှီးမြှုပ်မူအင်အားများစုစည်းခြင်း၊သတင်းအချက်အလတ်များပေါင်းစပ်ညှိနိူင်းခြင်းများဆောင်ရွက်သွားရန်လိုအပ်ပြီး ကုန်သည်စက်မူအသင်းချုပ်အနေဖြင့်ပူးပေါင်းပါ၀င်သွားမှာဖြစ်ကြောင်း ကုန်သည်စက်မူအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းကပြောသည်။ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း ကို ၂၀၁၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့်စတင်တည်ထောင်ခဲ့ပြီး အသင်း၀င်အများစုမှာသံနှင့်သံမဏိတင်သွင်းသူများဖြစ်ကြောင်းသိရသည်။
ymg/ynzw #Yangon_Media_Group
#Local_News
Published_ 1 March 2023
ကရင်ပြည်နယ်မြဝတီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အောက်တိုဘာလလောက်လကစပြီး လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရလျှပ်စစ်မီးမရရှိတဲ့အတွက် ဆိုလာပြားတွေ၊ မီးစက်တွေကိုအသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်မြင့်မားလာပြီး အခြေခံကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။
#Local_News #မြဝတီမြို့ #မြို့နေလူထုအခက်အခဲ #လျှပ်စစ်မီးပြတ်တောက် #YMG #Yangon_Media_Group
Page 1666 of 2475