#local_news

Published_ 12 March 2023

မတ် ၁၂ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊  မိုင်တိုင်အမှတ် ၃၈/၆ နှင့် ၃၈/၇ ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော အုန်းသီးများတင်ဆောင်လာသည့် HINO RANGER အမျိုးအစား ခေါင်းစိမ်း/မီးခိုး ရောင်ကြား ယာဉ်(၁)စီးသည် တံတားဘေးကာရန်ထားသော ကွန်ကရစ်အကာနံရံအားတိုက်မိပြီး နံရံကျိုးကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရပါတယ်။ ယာဥ်တိမ်းမှောက် မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းနှင့် ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ ယာဥ်တိမ်းမှောက် မှုကြောင့်ယာဉ် မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး  ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား လူနာတင်ယာဉ်ဖြင့်ပဲခူးပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်။

ymg_mnn

#Yangon_Media_Group