#Local_News
Published_ 14 October 2022
အခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းမှာ ဖမ်းဆီးရမိတဲ့မြွေအကောင်ရေ(၂၀၀)ကျော်ကို ဘေးမဲ့လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဇမ္ဗူဒီပါလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 14 October 2022
၁။ ရန်ကုန်တိုင်းအတွင်း ဖမ်းမိခဲ့သော မြွေ (၂၀၀) ကျော် ပဲခူးရိုးမထဲ ဘေးမဲ့လွှတ်ပေးပြီးဖြစ်ဟုဆို
၂။ အောက်တိုဘာလ ပထမပတ်အတွင်း စားအုန်းဆီတန်ချိန်ပေါင်း ၂၇၀၀၀ ကျော်တင်သွင်းခဲ့
၃။ စက်တင်ဘာလအတွင်း ကြက်သွန်နီ ပိဿာ(၅) သိန်းခန့်အရောင်းအဝယ်ဖြစ်ခဲ့
၄။ Spirited Away ဇာတ်လမ်းနောက်ခံပြုဥယျာဉ်ဖွင့်လှစ်ရန် ဂျပန်ပြင်ဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_14 October 2022
တိုယိုတာကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်မှာ ကားထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် အမြင့်ကားဈေး အကျဘက်မှာ ရှိနေတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_14 October 2022
ဗဟိုဘဏ်မှ လွတ်လပ်သောဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်များမှတစ်ခုဖြစ်သည့် ဗဟိုဘဏ်ငွေချေးသက်သေခံ လက်မှတ်ထုတ်ဝေရေး ဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ပြောဆိုလိုက်သည်။
စီးပွားရေးစနစ်အတွင်းရှိ ပိုလျှံငွေကြေးကို သွယ်ဝိုက်နုတ်သိမ်းခြင်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းအား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန်၊ ငွေကြေးတည်ငြိမ်ရေးအတွက် သွယ်ဝိုက်ငွေကြေးမူဝါဒနည်းလမ်းတစ်ခု ကျင့်သုံးနိုင်ရန်အတွက် အဆိုပါ ဗဟိုဘဏ်ငွေချေးသက်သေခံလက်မှတ်ကို ထုတ်ဝေရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ် ငွေချေးသက်သေခံလက်မှတ်ထုတ်ဝေခြင်းဖြင့် အတိုးစရိတ်အကုန်ကျခံ၍ ငွေကြေးတည်ငြိမ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ထုတ်ဝေရောင်းချခြင်းမှ ရရှိမည့်ငွေကြေးများအား အစိုးရစီမံကိန်းများ၊ တိုင်းပြည်၏ GDP တိုးတက်ရေးကို အထောက်အကူပြုမည့်ကဏ္ဍများအား Financing ပေးသွားရန်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၆(က) အရ ငွေကြေးတည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၄၁(က) နှင့် ပုဒ်မ-၄၅ တို့အရ ငွေချေးသက်သေခံ လက်မှတ်များထုတ်ဝေခြင်းနှင့် ငွေရေးကြေးရေးဈေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းအား ငွေကြေးမူဝါဒနည်းလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_14 October 2022
ဂျပန်နိုင်ငံက ယခုအောက်တိုဘာလအတွက် မြန်မာအလုပ်သမား ၅၂၀ ကျော် ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးက တရားဝင်ထုတ်ပြန်ထားသည်။
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို သံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ အမှန်တကယ် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး က ထုတ်ပြန်ထားသည်။
အလုပ်သမားများခေါ်ယူရန် အောက်တိုဘာလ (၁) ရက်မှ အောက်တိုဘာလ (၁၄) ရက်အတွင်း စိစစ်ပြီး အလုပ်ကမ်းလှမ်းစာ (၁၇၀) စောင်ရှိပြီး ယင်းတွင် အမျိုးသား ၂၉၂ ဦး၊ အမျိုးသမီး ၂၂၉ ဦး ၊စုစုပေါင်း ၅၂၁ ဦးပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ဂျပန်နိုင်ငံတွင် မြန်မာအလုပ်သမား လေးသောင်းကျော်ရှိကြောင်း၊ မြန်မာနိုင်ငံက သွားရောက်သည့် အလုပ်သမားများအနက် အမျိုးသမီးများစုမှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြပြီး စက်ရုံလုပ်ငန်း စားသောက်ဆိုင်လုပ်ငန်းနှင့် စက်ရုံ အလုပ်ရုံလုပ်ငန်းများတွင် အမျိုးသားအများစု လုပ်ကိုင်ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_14 October 2022
ပြည်တွင်းပုဂ္ဂလိကဘဏ်များမှတစ်ဆင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို တစ်ဒေါ်လာ ၂၈၇၀ ကျပ်နှုန်းဖြင့် ဒေါ်လာ ၆ ဒသမ ၇ သန်း ရောင်းချပေးခဲ့ကြောင်း စက်သုံးဆီအသင်းမှ သိရသည်။
ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ CB ဘဏ်၊ ရိုးမဘဏ်၊တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ် စသည့် ပြည်တွင်းဘဏ်များက အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒေါ်လာငွေလဲလှယ်နှုန်းသည် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ၂၈၀၀ ဝန်းကျင်ဖြင့်ဈေးငြိမ်နေကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီ ဂါလန် ၁၃ သန်းကျော်တင်ဆောင်လာသည့် နိုင်ငံတကာသင်္ဘောများရောက်ရှိနေပြီး ဆီချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီ ဖူလုံမှုရှိကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 14 october 2022
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တွေမှာ နေ့သင်တန်းအားလုံးအား ဖွင့်လှစ်သွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်ကြေညာထားသည်။
ဖွင့်လှစ်သွားမည့် သင်တန်းများမှာ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်း အားလုံးကို လာမည့် နိုဝင်ဘာလ ၁၀ ရက်တွင် ဖွင့်လှစ်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားရှိသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကိုလည်း လာမည့် နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသူ၊ကျောင်းသားနှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော်အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့သည်။
ယင်းပြင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများနှင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသောကျောင်းသား၊ ကျောင်းသူများအတွက်လည်း သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးအကြိမ် ဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုအား ယခုအောက်တိုဘာလ ၃၁ ရက်အထိ တိုးမြှင့်လက်ခံပေးထားကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
Page 1670 of 2198