#Local_News
Published_6 August 2022
ဂျပန်စာသင်ကြားထားပြီး IT ပညာရပ်စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံတက္ကသိုလ် Cyber University ကို အွန်လိုင်းမှတစ်ဆင့်တက်ရောက်ပြီး IT ဘွဲ့ရယူနိုင်မှာဖြစ်တယ်လို့ ဂျပန်-မြန်မာပညာရေးကဏ္ဍဆောင်ရွက်နေတဲ့သူထံမှ သိရပါတယ်၊၊
အွန်လိုင်းနဲ့ သင်လို့ရတဲ့အတွက် (၂၄)နာရီ ဘယ်အချိန်ဖြစ်ဖြစ်လေ့လာလိုရပြီး ပုံမှန်ဆိုရင် (၄)နှစ်ကြာသင်ရပေမယ့် အမြန်ဆုံး(၂)နှစ်နဲ့ ဘွဲ့ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
သင်ကြားမှုက အကုန်လုံးဂျပန်လိုရှင်းပြမှာဖြစ်ပြီး သတ်မှတ်ထားတဲ့(၁၂၄) ယူနစ်အောင်မြင်ပါက တက္ကသိုလ်ဘွဲ့ (IT) ရနိုင်မှာ ဖြစ်ပါတယ်၊၊
အဲဒီ့တက္ကသိုလ်မှာ တက်ရောက်နိုင်ဖို့ (၁၀)တန်းအောင်မြင်ထားရမှာဖြစ်သလို JLPT N2 အောင်ထားဖို့ လိုအပ်ပြီး https://www.cyber-u.ac.jp/feature/ တွင် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်၊၊
ဘွဲ့ရပါက အဆင့်မြင့်ပညာရှင်ဗီဇာလျှောက်ဖို့အတွက် အမှတ်(၁၀)ထပ်ရမှာဖြစ်ပြီးဘွဲရပါက Softbank Group မှ တဆင့် အလုပ်ချိတ်ဆက်ပေးတဲ့ အခွင့်အရေးရှိတယ်လို့ သိရပါတယ်၊၊ သင်တန်းကြေးကတော့ (၄)နှစ်အတွက် ယန်းသောင်း(၃၀၀)ကုန်ကျမှာ ဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_6 August 2022
မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် ပုညှက်သည့်ကလေးများ(၂၆.၇)ရာခိုင်နှုန်းရှိသည့်အတွက် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်၊၊
ဩဂုတ်လ (၄) ရက်ကနေပြည်တော်တွင်ကျင်းပသည့်
ကမ္ဘာ့ မိခင်နိုတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားတွင်ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊
ဒေါက်တာသက်ခိုင်ဝင်းက "မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်း(၂၀၁၇-၂၀၁၈)အရ အသက်(၅)နှစ်အောက် ကလေးများတွင် ကာလရှည် အာဟာရချို့တဲ့မှုကြောင့်ဖြစ်သော ပုညှက်ခြင်းသည် (၂၆.၇)ရာခိုင်နှုန်းရှိသဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကလေးများအား မွေးစမှ အသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်နှင့် ကလေးအသက် ၆ လ ပြည့်သည့်အချိန်မှစ၍ သင့်တော်သောဖြည့်စွက်စာနှင့်အတူ အနည်းဆုံး ကလေးအသက် ၂ နှစ် အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုထားကြောင်း" ထည့်သွင်းပြောခဲ့သည်၊၊
ဒီ့အပြင်Myanmar Demographic and Health Survey (၂၀၁၅-၂၀၁၆) ခုနှစ်အရ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးနှုန်းသည် (၅၁) ရာခိုင်နှုန်းအထိရှိလာသည်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ်သည် “Step Up for Breastfeeding, Educate and Support” ဖြစ်ပြီး “ မိခင်နို့ချို တိုက်ဖို့ရာ၊ ဝိုင်းဝန်းပံ့ပိုး ပညာပေးကာ၊ ယနေ့မှစ အရှိန်မြှင့်ပါ”ဟူ၍ မြန်မာဘာသာ ပြန်ဆိုထားကြောင်း၊ မိခင်နို့တိုက်ကျွေးခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိသည့်အတွက် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများမှ ပံ့ပိုးပေးကြရန်လိုအပ်ကြောင်း၊ အာဟာရစောင့်ရှောက်ရေးလုပ်ငန်းများကို အောင်မြင်စေရေးဆောင်ရွက်ရာတွင် အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများအားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့သည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 6 August 2022
မြန်မာအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် တရားဝင်လုပ်ကိုင်ခွင့်နှင့် အလုပ်သမားအခွင့်အရေးအပြည့်အဝမရရှိခြင်းကြောင့် မြန်မာနိုင်ငံသားများ မိမိကိုယ်မိမိသေကြောင်းကြံစည်မှု ပိုများလာနိုင်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
"မလေးရှားနဲ့ထိုင်းမှာ ရှိတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲအတွေကတော့ များကြီးရှိလာပါတယ်။ အဓိက အခက်အခဲကတော့ တရားဝင်လုပ်ကိုင်ခွင့်နဲ့ အလုပ်သမားအခွင့်အရေးအကာအကွယ်ပြည့်ပြည့်ဝဝမရရှိတာဘဲ ဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာလဲ၊ အရင် ကိုဗစ် ကာလတုန်းကဖြစ်သလို ကိုယ့်ကိုကိုယ်သေကြောင်းကြံစီမှုတွေ ဖြစ်လာနိုင်ပါတယ်။ ယနေ့အချိန်အထိ ထိုင်းလဝက အချုပ်ခန်းတွေနဲ့ ရဲစခန်းတွေမှာ မြန်မာရွေ့ပြောင်း တွေနဲ့ပြည့်လျှံနေပါတယ်။ အစိုးရတွေအနေနဲ့ စနစ်ကျတဲ့ အလုပ်သမားကာကွယ်ရေးကိစ္စတွေအခုထက်ပိုပြီးလုပ်ဖိုလိုပါမယ် "ဟု ၎င်းကပြောသည်။
ထိုင်းနှင့်မလေးရှားတွင် မြန်မာနိုင်ငံသားများ အများဆုံးသွားရောက်လုပ်ကိုင်ကြပြီး တရားမဝင်သွားရောက်မှုအများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းကနေတဆင့်သွားရောက်သည့် မြန်မာနိုင်ငံသားများ မလေးရှား-ထိုင်းနယ်စပ်တွင်အဖမ်းခံရမှုများ မကြာခဏဖြစ်ပွားနေပြီး၊ မိမိကိုယ်မိမိ သေကြာင်းကြံစည်မှုများလည်း မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 6 July 2022
ရွှေဘိုပေါ်ဆန်းမွှေး(ထူးရှယ်)တစ်အိတ်ဈေးနှုန်း တစ်လအတွင်းမှာ ကျပ်နှစ်သောင်းဝန်းကျင်ဈေးမြင့်တက်နေကြောင်း ရန်ကုန်ဆန်ဈေးကွက်မှတဆင့် သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းက ရွှေဘိုပေါ်ဆန်း(ထူးရှယ်) တစ်အိတ်ဈေးနှုန်းမှာ ၆၉၅၀၀ ကျပ်သာရှိခဲ့ရာ ယနေ့သြဂုတ်လ ၆ရက်တွင် ရွှေဘိုပေါ်ဆန်း(ထူးရှယ်) ၂၄ ပြည်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ကျော်အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
ဆန်ဈေးနှုန်းမြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)က ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်မှစတင်ကာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်နှင့် ၇၇၀၀၀ ကျပ်ကြား၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှင့် ၅၅၀၀၀ ကျပ်ကြား၊ ကြားပျံတစ်အိတ်လျှင် ၅၅၀၀၀ ကျပ်နှင့် ၆၀၀၀၀ ကျပ်ကြား၊ ရက် ၉၀ အမျိုးအစားတစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှင့် ၃၇၀၀၀ ကျပ်ကြားဈေးဖြင့် ရောင်းချပေးခဲ့သည်။
ဧရာပေါ်ဆန်း၊ ကျားပျံနှင့် ရက် ၉၀ ဆန်များမှာ တစ်လအတွင်း တစ်သောင်းကျပ်ခန့် ဈေးတက်သွားခဲ့ပြီး ဆန်ချောဈေးနှုန်းမှာ လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၈၀၀၀၀ ကျပ်ကျော်၊ ရက် ၉၀ တစ်အိတ်လျှင် ၄၉၀၀၀ ကျပ်ကျော် ဈေးများရှိကြောင်း အဆိုပါ စျေးကွက်မှ သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published -6 August 2022
စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၆ ရက်(ယနေ့) တွင် ထပ်မံကျဆင်းလာခဲ့ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် စျေးနှုန်းများအရ သိရသည်။
ရန်ကုန်တိုင်းအတွင်း 92 တစ်လီတာ ၁၆၁၅ ကျပ်ဖြစ်ပြီး အလားတူ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊မော်လမြိုင်၊ လားရှိုး၊တောင်ကြီးတို့တွင်လည်း စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာ ၁၆၀၀ ကျပ်ကျော်သာရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 တစ်လီတာ ၁၆၁၅ ကျပ်၊ 95 တစ်လီတာ ၁၆၆၅ ကျပ်၊ HSD (500 ppm) တစ်လီတာ ၁၉၇၀ ကျပ် သတ်မှတ်ထားသည်။
အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျှင် ၂၀၂၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ထားသည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 6 Aug 2022
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း၊ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စဝ်နော်လိတ်တို့ တက်ရောက်ခဲ့ကြပါတယ်။
ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားကြပြီး တက်ရောက်လာသူများက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြကာ ဆွေးနွေးခဲ့ကြပါတယ်။
ဒုတိယနေ့ဆွေးနွေးပွဲကို ဩဂုတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 6 Aug 2022
(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ပါ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်တဲ့ စာပိုဒ်အပေါ် မြန်မာနိုင်ငံအနေဖြင့် လက်မခံပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၅ ရက် တွင် ထုတ်ပြန်ထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ် လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၅)တွင် ဖော်ပြချက်နှင့် သိသာထင်ရှားစွာ သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ပါ “မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများ” ခေါင်းစဉ်အောက်တွင် မြန်မာ နိုင်ငံကတူညီဆန္ဒ (၅)ရပ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိကြောင်း ဖော်ပြ ချက်သည် မြန်မာနိုင်ငံ၏ အမှန်တကယ်ကြိုးပမ်းဆောင်ရွက်နေမှုများကို မျက်ကွယ်ပြု၍ လျစ်လျူရှုရာရောက်သည့်အတွက် ကန့်ကွက်ပါကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသည် နိုင်ငံတွင်း ငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးအတွက် ကြိုးပမ်းနေ သကဲ့သို့ တစ်ချိန်တည်းမှာပင် တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်ခြင်းကို လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အစိုးရက ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ကာ နစကဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်၍ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်နေခြင်းသည် သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပနိုင်ငံများသည် မြန်မာနိုင်ငံကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးကူညီရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF တိုနှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့် လုပ်ရပ်များကို ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် တွင် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူ (၄)ဦးအား ပြစ်ဒဏ် ချမှတ်ခဲ့သည့်ကိစ္စအား စိုးရိမ်ကြောင်းဖော်ပြခဲ့ခြင်းနှင့် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် စင်ကာပူတို့မှ AICHR ကိုယ်စားလှယ်များက ဝေဖန်ပြစ်တင်သည့် ပူးတွဲထုတ်ပြန်ချက်တို့တွင် ယင်းပြစ်မှု ကျူးလွန်သူများကို “နိုင်ငံရေးတက်ကြွသူများအဖြစ်” ဖော်ပြချက်သည် ပကတိအခြေ အနေမှန် မဟုတ်ဘဲ မှန်ကန်မှုမရှိ လွဲမှားနေ၍ ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။
မိမိတို့ချမှတ်ထားသော ဦးစားပေး ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အာဆီယံနှင့်လည်း အာဆီယံ ပဋိညာဉ် စာတမ်းပါ အခြေခံ “မူ” များ၊ အလေ့အထများနှင့်အညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အာဆီယံတူညီဆန္ဒ(၅)ရပ်ကိုလည်း မြန်မာပိုင်၊ မြန်မာ ဦးဆောင်မှုဖြင့် လက်ရှိအာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့်အတူ မိမိနိုင်ငံ၏ အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1665 of 2041