#Local_News
Published-13 Setember 2022
ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တစ်လီတာ ကျပ် ၅၀၊ ဒီဇယ်တစ်လီတာ ကျပ် ၃၀ ခန့် ပြန်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် 92 တစ်လီတာ ၂၃၆၅ ကျပ်၊ 95 တစ်လီတာ ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၇၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် 92 တစ်လီတာ ၂၄၂၀ ကျပ်၊ 95 တစ်လီတာ ၂၅၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၂၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၀၅ ကျပ် မြင့်တက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကို ရပ်နားထားရကြောင်းလည်း သိရသည်။
“စက်သုံးဆီဈေးနှုန်းတွေက တက်လိုက် ကျလိုက်နဲ့ မမှန်ဘူး။ ဈေးတက်တာက များနေတယ်။ ဈေးကျတော့လည်း အရမ်းကြီးမကျသွားဘူး။ အဲဒီတော့ ကားမောင်းရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကားခဈေးတက်တော့ မစီးကြတော့ဘူး။ ဒါကြောင့် တက္ကစီမောင်းတာကို ခဏရပ်ရပ်နားထားလိုက်ရတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _13 September 2022
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်အရှေ့ကျေးရွာနေ အမျိုးသမီးတစ်ဦး စက်တင်ဘာလ ၁၁ ရက်က ကြိုးဆွဲချသေဆုံးခဲ့ရာ ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံ၌ စစ်ဆေးစဉ် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသမီး၏ ရုပ်အလောင်ကို ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မဟာအောင်မြေမြို့နယ်ရှိ ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေးအသင်းမော်တော်ယာဉ်ဖြင့် အေးရိပ်ငြိမ် ဘာသာပေါင်းစုံသုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးခဲ့သူမှာ သူနာပြုဆရာမတစ်ဦးဖြစ်ပြီး မည်သည့်အခက်အခဲကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်ကိုမူ မသိကြပေ။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 13 September 2022
ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင်ဘာ ၁၈ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၇၃၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး ယခင်တစ်ပါတ်ထက် ၅၀၀ ကျပ်ခန့် စျေးပြန်ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတ်မှတ်ကြေညာထားသည်။
ပြီးခဲ့သည့် တစ်ပတ်တွင် ထုတ်ပြန်ခဲ့သည့် လက်ကားရည်ညွှန်းဈေးနှုန်းဟာ တစ်ပိဿာ ၅၂၂၀ ကျပ်ဖြစ်ပြီး ယခုတစ်ပါတ်တွက် ၅၀၀ ဝန်းကျင် စျေးကျခဲ့ခြင်းဖြစ်သည်။
မလေးရှား၊ အင်ဒိုနီးရှားစသည့် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသည့်ဈေးကွက်နှင့် ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတွေကို အပတ်စဉ် ကြေညာပေးနေသော်လည်း လက်လီဈေးကွက်အတွင်းဈေးနှုန်းမှာတော့ ဆက်တိုက်မြင့်တက်နေသည်။
လက်ရှိတွင် ရန်ကုန်လက်လီဈေးကွက်အတွင်း ရောင်းချနေသည် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာကို ကျပ် ၁၀၀၀၀ အထိရှိနေကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 13 September 2022
ဂျိုင်း(ကော့ကရိတ်)တံတားကို နည်းပညာသစ် ထည့်သွင်းအသုံးပြုထားသည့် ပင်မတံတား ကြမ်းခင်းအစိတ်အပိုင်းများနှင့် ကြိုးဆိုင်းများ ချိတ်ဆက်မှုတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၁၁ ရက်က အတ္ထရံတံတား၊ ဂျိုင်း (ဇာသပြင်) တံတား ၊ ဂျိုင်း (ကော့ကရိတ်) တံတားနှင့် ကရင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးအပိုင်းတွင် ပါဝင်သည့် အတ္ထရံတံတား A1 Side နှင့် A2 Side တို့တွင် တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေပြီး ဂျိုင်း (ဇာသပြင်) တံတား၌ Bored Pile လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်များ၌ မျိုးဆက်သစ်အင်ဂျင်နီယာများအား တံတားတည်ဆောက်ရေး နည်းပညာများမျှဝေသင်တန်းပေးလျက်ရှိကြောင်း သိရပါတယ်။
အတ္ထရံတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်၌ မျိုးဆက်သစ်အင်ဂျင်နီယာများကို ယခုလမ်းအပိုင်းရှိ တံတားကြီး (၃) စင်း ၊ ရန်ကုန်ရှိ ပဲခူးမြစ်ကူးတံတားအမှတ် (၃) နှင့် ဒလတံတားတည်ဆောက်ရေးလုပ်ငန်းများတွင် နည်းပညာအတွေ့အကြုံရရှိစေရန် အုပ်စု(၃) စုခွဲ၍ စေလွှတ်ထားတာ ဖြစ်ပါတယ်။
ဆက်လက်၍ ဝန်ကြီးသည် ဂျိုင်း (ဇာသပြင်) တံတားဟောင်း ကြံ့ခိုင်မှု၊ တံတားသစ်၏ Bored Pile လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိန္ဒု - ကော့ကရိတ် လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published-12 September 2022
လက်ရှိပြည်ပကို ပဲတင်ပို့မှုအခြေအနေမှာ လက်ကျန်ပဲတွေကိုသာ တင်ပို့နေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 12 September 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ မိုးသီးနှံနှင့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲပုပ်ဧက ၃၇၀၀ ကျော်စိုက်ပျိုးခဲ့ပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာတော့ ပဲပုပ်ဧက ၁သောင်းအထိ စိုက်ပျိုးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 12 September 2022
လာမယ့် သီတင်းကျွတ်လဆန်းပိုင်းလောက်ကစပြီး ကျိုက်ထီးရိုး၊ စားသောက်တန်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်နဲ့အခြားဆိုင်းခန်းပေါင်း(၁၀၀)ကျော်ကို ပြန်ဖွင့်သွားဖို့ရှိတယ်လို့ ကျိုက်ထီးရိုးရှိစားသောက်ဆိုင်ပိုင်ရှင် ဦးကြည်လွင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1618 of 2079