#Local_News
Published_ 13 October 2022
မွန်ပြည်နယ်မှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်တွေကိုရှာဖွေပြီး အပတ်စဉ်အခမဲ့ ခွဲစိတ်ကုသမယ့်အစီအစဉ်တွေ စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#World_ModernCulture
Published 13 October 2022
အလွန်ရှေးရိုးစွဲဆန်တဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ယခုကာလမတိုင်ခင်ကဆိုရင် အမျိုးသမီးတွေဟာ ကားမောင်းခွင့်တောင် မရှိခဲ့ပါဘူး။
#Yangon_Media_Group
#Local_News
Published_13 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ ၂၈၄ သန်းကျော်မြင့်တက်လာတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 13 October 2022
မြန်မာ့မီးရထား၊ မြို့ပတ်ရထားတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲပေးခဲ့ပေမယ့် ပုံမှန်ထက်စာရင် စီးနင်းမယ့်ခရီးသည် နည်းပါးသွားခဲ့ပါတယ်။ ဘာကြောင့်ခရီးသည်နည်းပါးနေတယ်ဆိုတာကို ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က YMG ကို အခုလိုပဲ ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_13 October 2022
တိုက်မယ်၊ ခိုက်မယ်ဆိုတဲ့ ရန်လိုတဲ့ စကားတွေကို ပြောနေတာထက် တွေ့ဆုံဆွေးနွေးပြောဆိုတာက ပဋိပက္ခကိုလျော့ကျစေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ( EAO )တွေနဲ့ တွေဆုံဆွေးနွေးလိုတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ ကမ်းလှမ်းချက်အပေါ် ကြိုဆိုရမယ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ နာယကလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 13 October 2022
၁။ တိုက်ခိုက်မည်ဆိုသည့်စကားထက် ဆွေးနွေးခြင်းက ပဋိပက္ခကိုလျော့ကျစေ၍ EAO များနှင့်ဆုံတွေ့ရန် RCSS ကမ်းလှမ်းချက်ကို ကြိုဆိုဟု PPST ဆို
၂။ မြို့ပတ်ရထားများ စီးနင်းမည့် ခရီးသည်နည်းပါးနေဟု ရုံပိုင်ချုပ်ကြီးပြော
၃။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ယခင်နှစ်ထက် ကန်ဒေါ်လာ ၂၈၄ သန်းကျော်မြင့်တက်လာ
၄။ ရှေးရိုးစွဲဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးငယ်များ တိုင်ဖက်အကသင်ယူလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_13 October 2022
ယနေ့ အောက်တိုဘာလ( ၁၃ ရက်နေ့ ) ထိ ရန်ကုန်မှာ ရောင်းချပေးနေတဲ့ မီးလင်းရွှေအတုံးအခဲ (၁၂) ပိဿာကျော်ချခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
Page 1614 of 2140