#Local_News
Published_ 27 January 2023
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခုတို့ကို အတည်ပြုခွင့်ပြုခဲ့ကြောင်း အဆိုပါ ကော်မတီက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးတွင် ကျင်းပသော ကော်မတီအစည်းအဝေးအတွင်း လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခုတို့ကို အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ်သန်း ၆၀၀၀ ခန့် နှင့် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၄၃၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်း အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာနေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်း၊ မြေပဲ နှင့် နေကြာများ ကြိတ်ခွဲပြီး ဆီထုတ်လုပ်ခြင်းနှင့်စားအုန်းဆီသန့်စင် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများ၊ ဆေးဆိုး ပန်းရိုက်အဝတ်အထည်များကို ထုတ်လုပ်၍ ပြည်တွင်း CMP လုပ်ငန်းများကို ရောင်းချသည့်လုပ်ငန်း၊ အီလက်ထရွန်နစ် အစိတ်အပိုင်း အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်း၊ ထုပ်ပိုးပစ္စည်းများကို ထုတ်လုပ်ပြီး ပြည်တွင်း CMP ဖိနပ်လုပ်ငန်းများကို ရောင်းချသည့်လုပ်ငန်း စသည်တို့ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 27 January 2023
Black List အေဂျင်စီများ အလုပ်ခေါ်စာအသစ် တင်ခွင့်မရှိသော်လည်း ယခင် စာချုပ်ချုပ်ပြီး အလုပ်သမားများအတွက် ဆက်လက်စေလွှတ်ခွင့်ရရှိကြောင်း သိရသည်။
မြဝတီမြို့တွင် MoU အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြုလုပ်ခဲ့သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၃၃ ခုကို ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက်ဖြင့် စစ်ဆေးကာ Black List စာရင်း သွင်းမည်ဟု အေဂျင်စီအမည်စာရင်းများကို စာရင်းပြုလုပ်ကာ အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံ အကြောင်းကြားထားပြီးလည်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၃၃ ခုကို အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် လက်ရှိတွင် ပိတ်သိမ်းထားခြင်း ဖြစ်သော်လည်း နဂိုက မပို့ဆောင်ရသေးသည့် MoU လုပ်သားများအား ပို့ခွင့်ပေးထားဆဲဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Myanmar_News
Published 27 January 2023
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၃ အဖြစ် ယနေ့ ဇန်နဝါရီ (၂၆)ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ ရိုသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက်တယ်ဖြစ်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
ဥပဒေအပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။









-ymg/knl
#Myanmar
#Myanmar_Politics
#Local_News
Published_ 26 January 2023
ဗိုလ်တထောင်စေတီတော်ရဲ့ လိပ်ကန်အတွင်းမှ အသက်(၈၀)ကျော်ရှိတဲ့ရှားပါးလိပ်ဘွားဘွားနဲ့ အခြားလိပ်စုစုပေါင်း(၂၅၆)ကောင်ကို လိပ်ပညာရှင်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 January 2023
၂၀၂၂-၂၀၂၃ ခုနှစ်ရဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေသွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 January 2023
ရန်ကုန်မြို့မှာ ကိုယ်ဝယ်လိုက်တဲ့တိုက်ခန်းတွေ ငွေချေပြီးနောက် တကယ်ပိုင်ဆိုင်ခွင့်မရဘဲ အလိမ်ခံရတာတွေရှိနေတဲ့အတွက် သတိပြုစစ်ဆေးဝယ်ယူကြဖို့ လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်မိုးမထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 January 2023
YBS ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်တစ်စီးနှင့်တစ်စီးအပြိုင် ခရီးသည်လုတင်ပါက ကျော်တက်တဲ့ယာဉ်ကို ဒဏ်ငွေတစ်သောင်း ပေးဆောင်ခိုင်းသွားမယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
Page 1612 of 2353