#Local_News
Published_  6 April 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ (၆) ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

ယနေ့နံနက် ၇ နာရီ ၁၂ မိနစ် ၂၁ စက္ကန့်က လင်းခေးမြို့၏ အနောက်မြောက်(၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၃၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၉၀) ဒီဂရီ၊ အနက်(၂) ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်း၌ ဧပြီလ လဆန်းပိုင်းလောက်တွင် ရန်ကုန်မြို့မှာ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလူပ်ခတ်ခဲ့သေးကြောင်းသိရသည်။

 

ငလျင်ဒဏ်ကြောင့် အဆောက်အဦးခိုင်ခန့်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ချက်အတိုင်း တည်ဆောက်ဖို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ပြောဆိုထားသည်။
ymg/ynzw
#Local_News #ရှမ်းပြည်နယ်တောင်ပိုင်း #လင်းခေးမြို့
#YMG #Yangon_Media_Group