#Local_News
Published_ 6 April 2023

သင်္ကြန်ကာလအတွင်း CNG အရောင်းဆိုင်များ အလှည့်ကျဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်မည့်ဆိုင် ၊နေ့ရက်နှင့် အချိန်များကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊

 

ဧပြီလ(၈)ရက်မှ(၁၇)ရက်အထိ ပလိပ် ၊ရေနံချောင်း ၊ချောက် ၊မောင်းမကန်မှအရောင်းဆိုင်နှင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အသီးသီးမှ အရောင်းဆိုင်စုစုပေါင်း(၃၀)ဆိုင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး မနက်(၆)နာရီမှ ညနေ(၇)နာရီအထိဖွင့်လှစ်ထားမည်ဟုဆိုသည်၊၊

 

ယင်းအပြင် ဧပြီလ(၈)ရက်မှ(၁၂)ရက်အထိ ရေနံချောင်း၊မန္တလေးအရောင်းဆိုင်နှင့်ရန်ကုန်မြို့တွင်းရှိမြို့နယ်အသီးသီးမှအရောင်းဆိုင်စုစုပေါင်း(၁၆)ဆိုင် ဖွင့်လှစ်ထားမည်ဖြစ်ပြီးအဆိုပါ(၁၆)ဆိုင်သည် ဧပြီလ(၁၃)ရက်မှ(၁၇)ရက်နေ့များတွင် အရောင်းပိတ်ထားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #သင်္ကြန်ကာလ #CNGအရောင်းဆိုင် #အလှည့်ကျဖွင့်မည်
#YMG #Yangon_Media_Group