Published 27 January 2023
နေပြည်တော်၊ ဒက္ခိဏသီရိမြို့ နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ(၂၇)နံနက်ပိုင်းက အဆိုပါဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာ ပလ္လင် တော် နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီမင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ရေး သြဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့ ၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘုရားဒါယကာများ တက်ရောက် ကြည်ညို ခဲ့ကြပါတယ်။

အစီအစဉ်အရထို့နောက် ဦးဆောင်ဘုရားဒါယကာ ဦးဆောင်ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနရှိ ဌာပနာတိုက်တော်တွင်းသို့ ထည့်သွင်းပူဇော်မည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို ဌာပနာရွှေသေတ္တာတော်များ အတွင်းသို့ ထုံးတမ်းစဉ်လာ များနှင့်အညီ ထည့်သွင်းပြီး နံ့သာမှုန့်များ ပက်ဖြန်း ပူဇော်ခဲ့ကြပါတယ်။
မင်္ဂလာအချိန်တော်ကျရောက်တဲ့အခါ ပါဠိဆရာတော်ကြီးနှင့် ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာ ဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံ ပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ ထည့်သွင်းထားသည့် ဌာပနာ ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် ကဗ္ဗည်းမော်ကွန်းကျောက်စာတော် တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူ ပူဇော်ကြခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#Myanmar
#Myanmar_Buddhism




#Local_News
Published_ 27 January 2023
ဗိုလ်တထောင်စေတီတော်ကြီးမှာ မြန်မာ့ရိုးရာထမနနဲလှူဒါန်းပွဲတော်ကျင်းပသွားဖို့ရှိတယ်လို့ ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ဝင်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 27 January 2023
တရုတ်-မြန်မာ နိုင်ငံတကာရထာလမ်းရဲ့ တရုတ်နိုင်ငံဖက်အခြမ်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒါလီ-ရွှေလီ ရထားလမ်းရဲ့ အဓိက ဥမင်လှိုဏ်ခေါင်းကြီး တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်နှစ်သစ်ကူးရက်မှာပင် မနားဘဲ အလုပ်သမားတွေ ကြိုးစားဖောက်လုပ်နေကြပါတယ်။
၃၃၀ကီလိုမီတာရှည်လျားတဲ့ ဒါလီ-ရွှေလီရထားလမ်းဟာ တရုတ်-မြန်မာရထားလမ်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဒါလီမြို့ကနေ ပေါင်ရှန်မြို့အထိ လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပြီးပါပြီ။
ပေါင်ရှန်မှ နယ်စပ်မြို့ရွှေလီအထိ လမ်းပိ,င်းမှာ ကောင်လီကောင်းတောင်ဥမင်လှိုဏ်ခေါင်းဟာ ၃၄.၅ ကီလိုမီတာအထိ ရှည်လျားပြီး တရုတ်နိုင်ငံမှာ အရှည်လျားဆုံး ရထားဥမင်လှိုဏ်ခေါင်းဖြစ်ပါတယ်။ အဲဒီအပြင် အဆိုပါဥမင်လှိုဏ်ခေါင်းဟာ ရထားကြီးတစ်ခုလုံးရဲ့ အဓိကစီမံကိန်းလည်းအပြင် ဟန်တွမ်တောင်တန်းများကိုဖြတ်သန်းတဲ့ ပထမဆုံး လှိုဏ်ခေါင်းလည်း ဖြစ်ပါတယ်။ အဆိုပါဥမင်လှိုဏ်ခေါင်းဟာ အနက်၁၁၀၀ မီတာမှာ တည်ဆောက်ထားပြီး ပြတ်ရွေ့ကြောဇုန် ၁၉ဇုန်ကိုလည်း ဖြတ်သန်းဖောက်လုပ်ထားတာပါ။
Source CCTV+
#China_Myanmar_Railway
#Dali-Ruili_Railway
#Myanmar_China_Relations
#Local_News
Published_ 27 January 2023
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားတဲ့ ပျူနဲ့ပုဂံအတွက် အခုနှစ်ထဲမှာ ယူနက်စကိုရဲ့ညွှန်ကြားချက်အသစ်တွေပေါ်လာနိုင်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲ၊ ညွှန်ကြားရေးမှူးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_27 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ၁ ရက်ကနေ ဇန်နဝါရီလ ၁၃ ရက်အထိ ကိုးလကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၈ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_27 January 2023
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျိုက်ထီးရိုးကို ဘုရားဖူးသွားတယ့် ကားတစ်စီးဟာ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 27 January 2023
၁။ နိုင်ငံတွင်းငြိမ်းချမ်းမှု မရှိတာကြောင့် ပြည်ပခရီးသွားဝင်ရောက်မှု ယခုထက်နည်းပါးသွားနိုင်ဟုဆို
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိထား
၃။ ယခုနှစ်အတွင်း ပျူနှင့်ပုဂံအတွက် ယူနက်စကို၏ ညွှန်ကြားချက်အသစ်များပေါ်လာနိုင်
၄။ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် အီရတ်နိုင်ငံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1610 of 2353