#Local_News
Published_ 13 September 2022
အခုရက်ပိုင်းအတွင်း ပုဂံဒေသမှာ မိုးရွာသွန်းမှုတွေကြောင့် ပုဂံဘုရားနဲ့ရှေးဟောင်းအဆောက်အအုံအချို့ မိုးရေစိမ့်တာ၊ မုခ်ကပ်အနည်းငယ်ပဲ့ကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 13 September 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပကို လက်ခစား CMP စနစ်နဲ့ချုပ်ပြီး အထည်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာသန်း(၁၅၀၀) ကျော်ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 13 September 2022
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကို တရုတ်ယွမ်ငွေနဲ့ ပြန်လည်အသုံးပြုခွင့်ပေးထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါဟာ တရားဝင်စာမထွက်ထားသေးဘူးလို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 13 September 2022
၁။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ယွမ်ငွေပြန်လည်အသုံးပြုခွင့် တရားဝင် စာမထွက်သေးဟုဆို
၂။ ငါးလအတွင်း အထည်တင်ပို့မှု ဒေါ်လာသန်း ၁၅၀၀ ကျော်ရရှိ
၃။ မိုးရေကြောင့် ပုဂံဘုရားအချို့ မိုးရေစိမ့်ခြင်းနှင့်မုခ်ကပ်အနည်းငယ်ပဲ့ကျခြင်းများဖြစ်ပေါ်
၄။ လျှပ်စစ်ဓာတ်အားနှင့် လောင်စာဆီပြတ်လတ်နေသည့် ဗင်နီဇွဲလားနိုင်ငံတွင် ဆိုလာစွမ်းအင်သုံးကားတီထွင်ထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _13 September 2022
လူ ၂၂ ယောက်ကို ကိုက်ထားတဲ့ ခွေးရူးရဲ့ ဦးခေါင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနကို ပေးပို့ထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _13 September 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့သိန်းသန်းချီ ကားကြီးကွင်းထဲမှ ကမ္ဘောဇဘဏ်ခွဲ (၃) ကိုရှိ ကမ္ဘောဇဘဏ်ခွဲ (၃)ကို ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက လက်နက်ကိုင်တစ်စုဝင်ပစ်၍ ၃ ဦးသေ ဆုံးကာ ၁ ဦးဒဏ်ရာရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ ပစ်ခတ်ခံရသူ (၄) ဦးမှာ ဘဏ် လုံခြုံရေးယူထားသူများ ဖြစ်ကြောင်း၊ ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူများကို လူမှုရေးပရဟိတအသင်း၏ ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားကြကြောင်း၊
အဆိုပါ ဖြစ်စဉ်၏ CCTV မှတ်တမ်း ရုပ်သံတစ်ခုတွင် မော်တော်ဆိုင်ကယ်တစ်စီးကို လူနှစ်ဦးစီးလာကာ ဘဏ်ရှေ့ရှိ လုံခြုံရေးတာဝန်ကျသူများဟု ယူဆရသူများအား ဆိုင်ကယ်ပေါ်ကဆင်းကာ သေနတ်ဖြင့် ပစ်လိုက်ရာ နေရာ၌ပင် လဲကျသွားသည်ကို တွေ့ရသည်။
photo-CJ
#ymg/mt
#Yangon_Media_group
#Local_News
Published _ 13 September 2022
စင်ကာပူနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့၏ နာမည်များသုံး၍ ငွေလိမ်လည်မှုတွေရှိနေကြောင်း အလုပ်သမားအရေး လှုပ်ရှားသူတွေထံမှ သိရသည်။
စင်ကာပူတွင် အလုပ်ရမည်ဟုဆိုကာ လူတစ်ဦးလျင် ဝန်ဆောင်ခ ကျပ်သိန်း ၆၀ နီးပါး တောင်းယူလိမ်လည်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုထားသည်။
"မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေရော အလိမ်ခံနေရတာ တော်တော်များတယ်။ ပွဲစားကနေ ချိတ်ပြီးဖြစ်နေတာ။ ဝန်ဆောင်ခကို စာချုပ်စာတမ်းနဲ့ပေးတာပဲ။ တကယ်တော့ သူတို့ပေးလိုက်တဲ့ဟာက အေဂျင်စီမဟုတ်ဘဲ အလိမ်အညာဖြစ်နေတာ။ ပိုက်ဆံပေးပြီးမှ မသွားရတာတွေ အများကြီး"ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူများထံမှ သိရသည်။
စင်ကာပူနိုင်ငံဟာ မြန်မာလုပ်သား အများဆုံးသွားရောက်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကာလအလွန်တွင် သွားရောက်လုပ်ကိုင်သူအများဆုံး နိုင်ငံတစ်ခုလည်း ဖြစ်သည်။
သွားရောက်လုပ်ကိုင်လိုသူများသလို လိမ်လည်တာလည်း များနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့မှ ဆိုထားသည်။
"ခေါ်တာတော့ ခေါ်တယ်။ အရေအတွက် အကန့်အသတ်ရှိတယ်။ ဒါကို အခွင့်ကောင်းယူပြီး လိမ်နေတာတွေက ပိုများနေတယ်"ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စင်ကာပူနိုင်ငံတွင် မြန်မာလုပ်သား တစ်သိန်းနီးပါးရောက်ရှိနေကြောင်းလည်း သိရှိရသည်။
စင်ကာပူ၌ အလုပ်လုပ်လိုသူများ အနေဖြင့် ချိတ်ဆက်ထားသည့် အေဂျင်စီဟာ တရားဝင်ရပ်တည်လုပ်ကိုင်မှု ရှိ၊ မရှိ အရင်လေ့လာရန်လိုအပ်ကြောင်း ပြည်ပအလုပ် အကိုင် အေဂျင်စီများမှ တိုက်တွန်းထားရှိသည်။
#ymg/NN
#Yangon_Media_Group
Page 1616 of 2079