#Local_News
Published_ 14 September 2022
မြန်မာနိုင်ငံက အသက်ကြီးတဲ့သူတွေမှာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အစာအိမ်ဟောင်းနှင့် အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာတွေအဖြစ်အများဆုံးတွေ့နေရတယ်လို့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းဥက္ကဌ၊ ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 September 2022
ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၇ သောင်း ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတယ်လို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-14 Setember 2022
ငရုပ်အစို ဝယ်ယူမှုများနေတာကြောင့် ငရုပ်ဈေးနှုန်းတွေဟာ ကျဆင်းလာခြင်းမရှိပဲ စံချိန်တင်မြင့်တက်လာခဲ့တယ်လို ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 September 2022
၁။ ငရုပ်အစိုဈေးနှုန်း စံချိန်တင်မြင့်တက်လာ
၂။ ရွှေဈေးနှုန်း ပြန်လည်ကျဆင်း
၃။ အသက်ကြီးသူများတွင် ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများ အဖြစ်အများဆုံးတွေ့နေ
၄။ IS စစ်သွေးကြွများ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် အီရတ်ရှေးဟောင်းအပျက်အစီးနေရာအား ခရီးသွားဧည့်သည်များအတွက်ဖွင့်လှစ်လိုက်ပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
ထိုင်းနိုင်ငံမှာ ပြောင်းဆန်ထွက်တဲ့ ရာသီဖြစ်တာကြောင့် မြန်မာ့ပြောင်းဆန်ကို ဗီယက်နမ်နိုင်ငံကို ပို့နေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
ရွှေဈေးဆက်တိုက်ကျဆင်းသွားမည်ကိုစိုးရိမ်၍ ဈေးကွက်အတွင်း လာရောက်ရောင်းချသူများနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေအရောင်းအဝယ် ပြုလုပ်သူများက ပြောသည်။
"ကမ္ဘာ့ဈေးက ကျတယ်။ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်။ လာရောင်သူတွေများတယ်။ နောက်ထပ်ဈေးကျလာမှာ စိုးလိုရောင်းတာ။လာမယ့်ဒီဇင်ဘာဆိုရင် တွင်းတွေက လှိုင်လှိုင်ထွက်ပြီလေ ရွှေက၊ ရွှေဈေးက ပြုကျမှာ။ အခုကလည်း ဒေါ်လာကစားတဲ့သူတွေကြောင့် ရွှေဈေးက တင်းနေတာလေ။ အခုကျတော့ အစိုးရက ဒေါ်လာထုတ်ရောင်းတဲ့အခါကျတော့ ဒေါ်လာဈေးကျတယ်။ အစိုးရက ရောင်းတဲ့ ရွှေဒင်္ဂါးပြားကလည်း ကမ္ဘာ့ဈေးအတက်အကျအပေါ်မှာပဲ မူတည်ပြီးရောင်းတာလေ"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က YMG ကို ပြောပြသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉၉၆၀၀၀ ကျပ်ဖြင့် အရောင်းပိတ်ခဲ့သော်လည်း ပြင်ပတွင်မူ ၂၉ သိန်း ခန့် ရှိနေကြောင်း၊ ကမ္ဘာ့ဈေးမှာ တစ်အောင်စလျှင် အမေရိကန် ၁၇၀၃ ဒေါ်လာ ရှိသောကြောင့် စက်တင်ဘာလ လဆန်းပိုင်းနှင့် နှိင်းယှဉ်ပါက သိသိသာသာ ကျဆင်းသည့် ဈေးမဟုတ်ကြောင်း၊စက်တင်ဘာလ ၅ ရက် က တစ်အောင်စ လျှင် ၁၇၁၉ ဒသမ ၅ နှင့် နှိင်းယှဉ်ပါက အနည်းငယ်ကျသည်ဟုဆိုနိုင်ကြောင်း၊ သို့သော်လည်း ကမ္ဘာ့ဈေးအတက်အကျကိစ္စမှာ ပြည်တွင်းရွှေ ပြင်ပပေါက်ဈေးအပေါ် သက်ရောက်မှု မရှိဟုလည်း ဆိုနိုင်ကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက YMG ကို ပြောသည်။
"ရွှေဒင်္ဂါးပြားတွေကို ကမ္ဘာ့ရွှေဈေးအပေါ်မှာ အခြေခံပြီးတော့ တွက်တယ်၊လက်ခံလိုရတယ်။ လက်ရှိ YGEA က သတ်မှတ်ဈေးနဲ့ ပြင်ပ ပေါက်တာနဲ့က ကွာနေတယ်၊ ဒါက ဘယ်လိုမျိုး ဖြစ်ရတာလဲကို ပြောမတတ်ပါဘူးခင်ဗျ။ ဒီနေ့ဆိုရင် ပြင်ပရွှေ တစ်ကျပ်သားကို ၂၉ သိန်း ကနေ ၂၉ သိန်း ခွဲ ဝန်းကျင်လောက် ရှိနေတယ်။ ဒေါ်လာက အပြင်မှာ အရောင်းကို ၃၂၅၀ လောက် ရှိပြီးတော့ အဝယ်ကို ၃၄၀၀ စွန်းစွန်း ရှိနေတယ်။ဒါတွေကြောင့် ဈေးကွက်က မငြိမ်မသက် ဖြစ်နေတဲ့ အနေအထားလိုပဲ သုံးသပ်လို ရပါတယ်"ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published-14 Setember 2022
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်ပမာဏအရ မူဆယ်နယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ သန်း ၈၆၀ ကျော်၊ လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၆၄ သန်းခန့်၊ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၄၈ သန်းခန့်၊ ကံပိုက်တီနယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၄၁ သန်းခန့်နှင့် ကျိုင်းတုံနယ်စပ်ဂိတ်တွင် ကန်ဒေါ်လာ ၅ သန်းခန့်နီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး မူဆယ်နယ်စပ်ဂိတ်တွင် အများဆုံးကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု စာရင်းအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၀၆ ဒသမ ၅၇၀ သန်းတင်ပို့မှုလျော့ကျခဲ့ပြီး သွင်းကုန်တန်ဖိုးမှာလည်း ၁၇၂ ဒသမ ၀၆၄ သန်းလျော့ခဲ့ကာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၇၈ ဒသမ ၆၃၄ သန်းလျော့ကျခဲ့ကြောင်း စာရင်းများအရ သိရသည်။
လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ၅၀ ရာခိုင်နှုန်းသာ လည်ပတ်မှုရှိနေကြောင်း၊ ကုန်ကားများအနေဖြင့် နေ့စဉ်အစီးရေ ၄၀ ခန့်တရုတ်ပြည်ဘက်သို အဝင်ရှိသလို တရုတ်ပြည်ဘက်မှလည်း နေ့စဉ်အစီးရေ ၄၀ခန့် ပြန်လည်ဝင်ရောက်လာကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင်၏ ပြောပြချက်အရ သိရသည်။
မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ရေထွက်ပစ္စည်း၊ ရော်ဘာ၊ ကွမ်းသီးခြောက်၊ စားသောက်ကုန်စသည့် ကုန်ပစ္စည်းများ တင်ပို့သလို တရုတ်ပြည်ဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ ဆေးဝါးပစ္စည်းများကို ပြန်လည်တင်သွင်းကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
Page 1615 of 2080