#Local_News
Published _ 12 September 2022
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဂန္ဓမာအပါအဝင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းအပေါ် ရှမ်းအဖွဲ့ ၁၁ ဖွဲ့က စက်တင်ဘာလ ၉ ရက် နေ့စွဲဖြင့် သဘောထားတစ်စောင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
သဘောထားထုတ်ပြန်သော အဖွဲ့အစည်းများ မှာ Global Shan Network - GSN ၊ Tai Youth Organization - TYO ၊ Tai National Community - Thailand ၊ Tai Youth Yangon ၊ Tai Youth Htong Mao ၊ Tai Youth Laikha ၊ Tai Youths Network Japan - TYNJ ၊ Tai Youth Community - South Korea ၊ Tai Sangha Students Thailand ၊ Shan Community in Japan - SCJ ၊ Kyun Ta Htaung Myae Foundation တို့ ဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြိုနယ် အနောက်ပိုင်းဒေသ နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးဆောင်ဆရာတော် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဂန္ဓမာအား ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်တွင် ပင်လည်ဘူးမြိုနယ်တွင်းသို ဝင်ရောက်နေသော KIA+PDF တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်သတ်ဖြတ်လိုက်သည်ဟု ကြားသိရမိ၍ များစွာအံ့သြထိတ်လန့်မိကြောင်း ရေးသားထားသည်။
ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်တွင် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအရေး လှုပ်ရှားနေသည့် ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာမှ ဆရာတော်၏ကားကို ဖမ်းဆီးမီးရှို့ဖျက်ဆီးခြင်း၊ ဇွန်လ (၁၉)ရက်တွင် ဗန်းမောက်မြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေးတာဝန်ခံ စိုင်းကျန်အောင်အား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဇွန်လ (၂၅)ရက်တွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီနာယကဖြစ်သူ ဦးသန်းဖေအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဇူလိုင်လ (၃၀)ရက်တွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာနေ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဆရာစိုင်းရေကျော်အား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သြဂုတ်လ (၂၁)ရက်တွင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအရေး ဦးဆောင်လုပ်ရှားနေသည့် ဗန်းမောက်မြို့နယ် ကြောင်လည်ရွာမှ ဆရာတော် ဦးသူရိယအား ဖမ်းဆီးခြင်း စသည့်အကြမ်းဖက်မှုမြောက်သည့် ကိစ္စရပ်များကို ဆက်တိုက်ကျူးလွန်ခဲ့ကြကြောင်း ကြားသိခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။
၎င်းဖမ်းဆီးသတ်ဖြတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(IHL)ကို လေးစားလိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်သည့်အပြင် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာကြေညာစာတမ်း (UNDRIP)ပါ အပိုဒ်(၃)၊ အပိုဒ်(၈)နှင့် အပိုဒ်(၁၁)ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်နက်မဲ့ အရပ်သားပြည်သူများအား ဖက်ဆစ်ဆန်ဆန် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းအပေါ် မိမိတို့သျှမ်းအရပ်ဖက်အဖွဲ့အစည်းများမှ ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကြောင့် ရှမ်းနီတိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ NUG အပါအဝင် KIA+PDF တာဝန်ခံရမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့များအနေဖြင့် ယင်းကဲ့သို့ ရှမ်းနီတိုင်းရင်းသား လူမျိုးများအပေါ် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ NUG အပါအဝင် KIA-PDF တပ်ဖွဲ့များအနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်ဟု ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 12 September 2022
လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတက်ဈေးဖြင့်ငြိမ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် 92 တစ်လီတာ ၂၃၆၅ ကျပ် ၊ 95 တစ်လီတာကို ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၇၅ ကျပ် ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလအစတွင် စက်သုံးဆီဈေးနှုန်းမှာအနည်းငယ်ကျဆင်းခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဈေးနှုန်းအတတ်အကျ မမှန်တော့ကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်းသည် နေ့စဉ်နှင့်အမျှအတက်အကျ အပြောင်းအလဲဖြစ်ပေါ်နေပြီး အမြင့်ဈေးမှာပဲရှိနေသည့်အတွက်ကြောင့် စက်သုံးဆီအသုံးပြုလုပ်ကိုင်ရသည့် လုပ်ငန်းများအနေဖြင့် ထိခိုက်မှုတွေရှိနေကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီပြတ်လပ်သည့် ဆီဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မည်ဟုလည်း အသိပေး ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန် ၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေး နေကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_news
Published_ 12 September 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)၊ လိုမာဟော်တယ်လမ်း၊ အိမ်အား ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ နိုင်းခုန်ဆတ်လတ်စနာရိုတင်း (ခ) နိုင်းကိန် (ခ) ဖုန်ဆပ်(ခ) Mr. PHON SUB နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၃၇၂ သိန်း)၊ ပစ္စတိုသေနတ် ၁ လက် (မကောင်း) နှင့် ဆက်စပ်ပစ္စည်းများ၊ ၎င်းကျည် ၁၃ တောင့်၊ ကျည်အိမ် ၃ ခုနှင့် ခြောက်လုံးပြူးသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
နိုင်းခုန်ဆတ်လတ်စနာရိုတင်း(ခ)နိုင်းကိန်(ခ)ဖုန်ဆပ်(ခ)Mr. PHON SUB (၄၂) နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 12 September 2022
မယ်ဆိုင်မြစ်သည်ရှမ်းပြည်နယ်၊ တာချီလိတ်မြို့(လွယ်တော်ခမ်းရပ်ကွက်)တွင် စိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေပြီး နောက်ထပ်ဆက်တက်လာနိုင်သဖြင့် တာချီလိတ်နေပြည်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
မယ်ဆိုင်မြစ်ရေလျှံမှုကြောင့် တာလော့ရပ်ကွက်၊ ဆန်းဆိုင်းရပ်ကွက်ရှိ လမ်းမကြီးနှင့် နေအိမ်အချို့ကို ရေများဝင်ရောက်နေသဖြင့် သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးလျက်ရှိသည်၊၊
မယ်ဆိုင်မြစ်သည် နောက်တစ်ရက်အတွင်း (၂)ပေခန့်ဆက်လက်တက်နိုင်သည့်အတွက် တာချီလိတ်ဒေသနေပြည်သူများ၊ မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေထိုင်ကြသူများ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသ
နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ (၁၂)ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
မယ်ဆိုင်မြစ်ရေသည် သြဂုတ်လအတွင်းတွင်လည်း စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိခဲ့ပြီး တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 12 September 2022
မန္တလေးမြို့၏ အစည်ကားဆုံးဈေးကြီးများထဲတွင် တစ်ဈေးဖြစ်သည့် သီရိမာလာဈေးတွင် ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟုသိရသည်။
သီရိမာလာဈေးသည်က ညဈေးဖြစ်ခဲ့ပြီး ည 9နာရီကနေ မနက်9နာရီအထိ ရောင်းဝယ်ဖောက်ကားလေ့ရှိခဲ့ပြီး အခုနေ့အချိန်တွင် ဈေးရောင်းချချိန်ပြောင်းလဲသတ်မှတ်ထားပြီး ပုံမှန်ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟုသိရသည်။
သီရိမာလာဈေးမှ တခြားသော အမြို့မြို့အနယ်နယ်သို့ ကုန်စည်များတင်ပို့ရောင်းချနေရပြီး ကုန်စည်ဈေးနှုန်းအပြောင်းအလဲများရှိပေမယ့်လည်း ဖောက်သည်မပျက်ရောင်းချနေရတယ်လို့ သိရပါတယ်။
မနက်ဈေးအဖြစ်ပြောင်းလဲဖွင့်လှစ်ထာရှိခြင်းဖြစ်ပြီး ရောင်းဝယ် ဖောက်ကားမှုလျော့နည်းသွားခြင်းမရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု သိရသည်။
မန္တလေးမြို့တွင် ဈေးရုံပေါင်း 40 ကျော်ရှိသည့်အထဲတွင် သီရိမာလာဈေးသည် လူသိများသည့် ဈေးတစ်ဈေးဖြစ်ပြီး ရေထွက်ကုန်၊ ကုန်စိမ်း၊ပန်းနှင့် ကားပစ္စည်းများ လက်လီလက်ကားရောင်းဝယ်ဖောက်ကားသော ဈေးကြီးတစ်ဈေးဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published 12 Sept 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့က စိုးရိမ်ရေမှတ် အထက်ကျော်လွန်မြင့်တက်ခဲ့ပြီးနောက် ရေများပြန်လည်ကျဆင်းသွားခဲ့ရာ ယနေ့နံနက် အစောပိုင်း ၅ နာရီအချိန်ခန့်မှစ၍ ရေများတဖြည်းဖြည်းပြန်လည် မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _11 September 2022
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၀ ကျော်အား ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၀ ရက်က ကွာလာလမ်ပူမြို့မှ တတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ ၊ Pekan Nanas ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား အမျိုးသား (၅၁)ဦး ၊ အမျိုးသမီး (၂၀)ဦး ကို သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1620 of 2079